စင်ကာပူ ဖိတ်ခေါ်ဖလား သွားရောက် ကစားခဲ့ခြင်းကြောင့် ရွှေ့ဆိုင်းထားခဲ့ရသည့် မြန်မာ နေရှင်နယ်လိဂ် ပွဲကျန်ပွဲစဉ်တွင် ကမ္ဘောဇ အသင်းက မနောမြေအား ၂-၁ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေး ဇယားထိပ်ဆုံးမှ ရတနာပုံနှင့် ရမှတ်တူ ဂိုးကွာခြားချက်အရ ဒုတိယ နေရာအထိ တက်လှမ်း နိုင်ခဲ့သည်။
|
မနောမြေ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးဝင်းမြင့်သွင်က ၎င်းတို့ အသင်းသည် စိုးရိမ်စိတ် လွန်ကဲနေ၍ ဇေယျာရွှေမြေ အသင်းကို ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့သည်။ မနောမြေ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးဝင်းမြင့်သွင်က ၎င်းတို့ အသင်းသည် ကမ္ဘောဇနှင့် ပွဲစဉ်တွင် ခံစစ်ကို လံခြုံအောင် အဓိကထား ကစားခဲ့သည်ဟု ပြောကြား သွားခဲ့သည်။ ယနေ့ ညနေက သုဝဏ္ဏ အားကစား ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွင် ကမ္ဘောဇ အသင်းက မနောမြေ အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ |
၂၀၁၂ ဘောလုံး ရာသီသစ် မစတင်မီ ကာလအတွင်း MNL ကလပ် အသင်းများ အချင်းချင်း ခြေစမ်းပွဲများ ကစားလျှက် ရှိရာ ပြီးခဲ့သည့် ဘောလုံးရာသီက အဆင့်(၁၁)သာ ရရှိခဲ့သည့် မနောမြေ အသင်းမှာ နိုင်ပွဲများ ဆက်တိုက် ရရှိလျှက် ရှိကြောင်း သိရသည်။
ဇွဲကပင် အသင်းကို ၂-၀ဖြင့် အနိုင်ရခဲ့ သော်လည်း မိမိအနေဖြင့် အသင်း ကစားပုံကို ကျေနပ်မှု မရှိကြောင်း မနောမြေ နည်းပြ ဦးဝင်းမြင့်သွင်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အနားပေးထားတဲ့ မြန်မာ နေရှင်နယ်လိဂ် ပွဲတွေကတော့ ဒီတစ်ပတ် ပြန်လည် ကစားမှာ ဖြစ်ပါတယ်။ အသင်းတွေ အနေနဲ့ နားလိုက်ပြန်စလိုက် ဖြစ်နေလို့ ခြေမမှန်တာတွေ ဖြစ်နိုင်တာ ကိုတော့ သတိထား ရမှာပါ။ ဒီနှစ် မြန်မာ နေရှင်နယ်လိဂ် ပွဲဟာ အကြိတ်အနယ်နဲ့ ကြည့်ကောင်းနေပြီး ဒီတစ်ပတ် ပွဲစဉ်(၇)မှာလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ ဥဿာနဲ့ ရန်ကုန်၊ မကွေးနဲ့ ကမ္ဘောဇ ပွဲတွေ ပါဝင်နေပြီး AFC President’s Cup ရှိတဲ့ ရတနာပုံ ပွဲကတော့ ဒီတစ်ပတ် နားထားတာကို တွေ့ရပါတယ်။
ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးမျိုးလှိုင်ဝင်းက ၎င်းတို့ အသင်းသည် မနောမြေနှင့် ပွဲတွင် နည်းပြဟောင်း ပီတာ ဘတ္တလာ၏ ကစားကွက် အတိုင်း ကစားခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။









