စက်တင်ဘာ ၈ရက်နေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းက ဧရာဝတီ ယူနိုက်တက် အသင်းအား ကြည်လင်း၏ ဟတ်ထရစ် သွင်းဂိုးနှင့် အတူ (၄)ဂိုးပြတ် အနိုင်ရကာ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံ ဆုဖလားအား ဒုတိယ အကြိမ်မြောက် ကိုင်မြှောက်ခွင့် ရခဲ့သည်။
|
|
၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၌ ချန်ပီယံ ဖြစ်ရန် အတွက် စက်တင်ဘာ ၈ရက်နေ့ ရန်ကုန် - ဧရာဝတီ ပွဲစဉ် ရလဒ်အား စောင့်ကြည့် ရဦးမည် ဖြစ်သော်လည်း မိမိတို့ အနေဖြင့် အဆိုပါ ပွဲစဉ်အား တစ်စုံတစ်ရာ ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ ယနေ့အတွက်မူ ကမ္ဘောဇသာ ချန်ပီယံ ဖြစ်ကြောင်း နည်းပြချုပ် ဆီဗာဂျီက ဖွင့်ဟ ပြောကြားခဲ့သည်။
ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည့် မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်အတွက် ပြည်ပမှ ဒိုင်လူကြီးအား ငှားရမ်း သုံးစွဲခြင်းနှင့် ပတ်သက်၍ ကုန်ကျစရိတ်အား ရန်ကုန် ယူနိုက်တက် အသင်းဘက်မှ ကျခံ သုံးစွဲခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာ အသင်း တာဝန်ရှိသူ တစ်ဦးက ပြန်လည် ရှင်းလင်းခဲ့သည်။
မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ရက်သတ္တပတ် ပွဲစဉ်အဖြစ် ချန်ပီယံ ဖြစ်ရန် မျှော်လင့်နေသည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပွဲစဉ်တွင် ရလဒ်ကောင်း ရရှိရန် အတွက် အကောင်းဆုံး ကြိုးစားမည် ဖြစ်ကြောင်း ဧရာဝတီ ယူနိုက်တက် ကစားသမားများက ဖွင့်ဟ ပြောကြားခဲ့ကြသည်။
ယမန်နေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့ကြသည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ဧရာဝတီ၊ မကွေးတို့နှင့် အတူ နိုင်ပွဲ တစ်ပွဲမျှ ရဖူးခြင်း မရှိသေးသည့် ချင်းယူနိုက်တက်တို့ နိုင်ပွဲများ ကိုယ်စီ ရရှိခဲ့ကြသည်။
မကွေးအား နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ရလဒ်ဆိုးများ ကြားမှ ရုန်းမထွက် နိုင်ခဲ့သည့် ဧရာဝတီ ယူနိုက်တက် နည်းပြချုပ် ဂျိုးဇက်ဟာရယ်က ၎င်းတို့ အသင်း အနေဖြင့် အလယ်အလတ် အဆင့် တစ်နေရာအတွက် တိုက်ပွဲ ၀င်ရမလို ဖြစ်နေပြီဟု ညည်းတွား သွားခဲ့သည်။
ဧရာဝတီ ယူနိုက်တက် အသင်းအား သုဝဏ္ဏကွင်းတွင် (၃)ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ ပြီးနောက် အရီမာ နည်းပြချုပ် အန်တိုနစ် ဒီဂျန်က ၎င်း၏ နည်းဗျူဟာနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားခဲ့သည်။









