Saturday, 25 May 2013
Home World World Cup Previews

ဥရောပ အသင်းတွေသာ ကမ္ဘာ့ အကောင်းဆုံး ၃ သင်း ဖြစ်လာဖွယ် ရှိတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲနှင့် တတိယ နေရာလုပွဲ အကြိုခန့်မှန်း သုံးသပ်ချက်များ PDF Print E-mail
Written by ဇင်သော်နိုင်   
Saturday, 10 July 2010 14:37

ပရိသတ်တွေ ရင်ခုန် စိတ်လှုပ်ရှား စွာနဲ့ အိပ်ရေးပျက် ခံပြီး ကြည့်ရှုခဲ့ကြရတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ အခု တစ်ပတ် မှာတော့ ဇာတ်သိမ်းခန်းကို ရောက်ရှိသွား ပါပြီ။ အားလုံး သိကြတဲ့ အတိုင်း စပိန်နဲ့ ဟော်လန် အသင်းတို့ ကမ္ဘာ့ အကောင်းဆုံး အသင်း ဆိုတဲ့ နေရာကို ရဖို့အတွက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကြရမှာ ဖြစ်သလို ဂျာမနီနဲ့ ဥရုဂွေး ကတော့ ကမ္ဘာ့ တတိယ အကောင်းဆုံး ဆိုတဲ့ နေရာကို ရသေ့စိတ်ဖြေ ရယူနိုင်ဖို့ တိုက်ပွဲဝင်ရ တော့မှာပါ။ ဒါကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ကန့်လန့်ကာ အပိတ်မှာ ဘာတွေ ထူးခြားမှုတွေ၊ မထင်မှတ်တာတွေ ဖြစ်သွားဦးမလဲ ဆိုတာကို စိတ်ဝင်တစား ဆက်လက် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Last Updated on Saturday, 10 July 2010 20:02
Read more...
 
ဟော်လန် အသင်း အတွက် ဗိုလ်လုပွဲ တစ်နေရာ သေချာလုနီးပါး ဖြစ်နေတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များ အကြိုခန့်မှန်း သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Tuesday, 06 July 2010 15:43

ဒီတစ်ပတ် အင်္ဂါနဲ့ ဗုဒ္ဓဟူး ညတွေမှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစား ကြရတော့မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အချိန်မှာ အသင်း (၄)သင်းဟာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြရ တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟော်လန် အသင်းဟာ အခြေအနေ အရ သူတို့ထက် တဆင့်နိမ့်တယ်လို့ ယူဆရတဲ့ ဥရုဂွေး အသင်းနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် ဗိုလ်လုပွဲကို ရောက်လုနီးပါး အနေအထား ဖြစ်နေပါတယ်။ ဂျာမနီနဲ့ စပိန် ပွဲကတော့ အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှု ဖြစ်လာ နိုင်ပြီး ဘယ်သူတက်မယ် ဆိုတာကိုတော့ အံ့ဖွယ် ရေဘ၀ဲလေး ပေါလ်တောင်မှ ခန့်မှန်းရ ခက်ခဲ့တာ တွေ့ရပါတယ်။

Last Updated on Saturday, 10 July 2010 14:41
Read more...
 
ဗိုလ်စွဲဖို့ ၃ သင်း လောက်သာ အဓိက ပြိုင်ရတော့မယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ အကြို ခန့်မှန်း သုံးသပ်ချက် PDF Print E-mail
Written by Editor SM   
Friday, 02 July 2010 13:33

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က စတင် ယှဉ်ပြိုင်လာ ခဲ့တာ အခု ဆိုရင် ကွာတားဖိုင်နယ် အဆင့် အထိတောင် ရောက်ရှိလို့ လာပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ပါဝင်တဲ့ အသင်းတွေကို လေ့လာကြည့်တဲ့ အခါမှာ ချန်ပီယံ ခြေစွမ်းလို့ ထိုက်ထိုက် တန်တန် ပြောနိုင်တဲ့ အနေအထားနဲ့ ယှဉ်ပြိုင်လာတဲ့ အသင်း ၃ သင်း လောက်ပဲ ကျန်တော့တာကို တွေ့ရပါတယ်။ တကယ်လို့များ အစဉ်အလာ မရှိတဲ့ အသင်းငယ် တစ်သင်းကသာ ကော်ကောင် ဖြစ်မလာဘူး ဆိုရင်တော့ လက်ရှိမှာ ချန်ပီယံ လောင်း ၃ သင်း လောက်ပဲ ကျန်တော့ တယ်လို့ သုံးသပ်ချင် ပါတယ်။

Last Updated on Tuesday, 06 July 2010 15:47
Read more...
 
ကမ္ဘာ့ဖလား ရှုံးထွက် ၁၆သင်းအဆင့် ဒုတိယ ပွဲစဉ် ၄ပွဲ အကြို ခန့်မှန်း သုံးသပ်ချက် (ဇွန် ၂၈၊ ၂၉) PDF Print E-mail
Written by ဇင်သော်နိုင်   
Monday, 28 June 2010 16:06

ပြီးခဲ့တဲ့ ရှုံးထွက် ၄ ပွဲ ကစားအပြီးမှာ အမှန်တကယ် နိုင်သင့် နိုင်ထိုက်တယ်လို့ ထင်ရတဲ့ အသင်း ၄ သင်း ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် သွားခဲ့တာ တွေ့ရပါတယ်။ နာမည်ကြီး အင်္ဂလန် အနေနဲ့ သူ့ရှေ့က ပြင်သစ်၊ အီတလီတို့ လမ်းစဉ် လိုက်သွားရပြီ ဖြစ်လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရ ပေမယ့် ဘရာဇီးလ်၊ ဟော်လန်၊ စပိန်၊ ပေါ်တူဂီ အသင်းတွေ ပါဝင်နေတဲ့ အခု ပွဲစဉ်တွေ ကိုတော့ လက်လွတ်ခံကြဖို့ မရှိပါဘူး။ အထူးသဖြင့် စပိန်နဲ့ ပေါ်တူဂီ ထိပ်တိုက် တွေ့နေတာ ဖြစ်လို့ နောက်ထပ် ဘယ်အသင်းကြီး ဒီအဆင့်မှာ ကျန်ခဲ့ဦးမလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Last Updated on Friday, 02 July 2010 13:35
Read more...
 
ကမ္ဘာ့ဖလား ရှုံးထွက် ၁၆သင်းအဆင့် ပထမ ပွဲစဉ် ၄ပွဲ အကြို ခန့်မှန်း သုံးသပ်ချက် (ဇွန် ၂၆၊ ၂၇) PDF Print E-mail
Written by Admin Team   
Saturday, 26 June 2010 02:08

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကျင်းပ လာခဲ့တာ အခုဆို အုပ်စုအဆင့် ပွဲစဉ်တွေ အားလုံး ယှဉ်ပြိုင် ပြီးစီးခဲ့ပါပြီ။ ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တွေ အတော်များများ ဖြစ်ပေါ်ခဲ့တာ တွေ့ရပြီး ၂၀၀၆ ကမ္ဘာ့ဖလား ဖိုင်နယ်ရောက် ၂သင်းဖြစ်တဲ့ အီတလီနဲ့ ပြင်သစ် ၂သင်းစလုံး စောစောစီးစီး အောင်ဖြာလိပ် ခဲ့ရပါပြီ။ Soccer Myanmar အနေနဲ့ ပွဲကြို သုံးသပ်ချက်တွေ ရေးသား တင်ဆက် ခဲ့ရာမှာ ပြီးခဲ့တဲ့ အုပ်စု နောက်ဆုံး အဆင့် ပွဲစဉ်တွေ ကစားတဲ့ အချိန်မှာ မမျှော်လင့် ထားတဲ့ ပြဿနာ တချို့ကြောင့် တင်ဆက်ချိန် နောက်ကျတာ၊ ပျက်ကွက် တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာကနေပဲ ပရိသတ်တွေကို ပြန်လည် တောင်းပန် လိုက်ရပါတယ်။ ရှုံးထွက် ၁၆သင်း အဆင့် ပွဲပေါင်း ၈ပွဲ ရှိတဲ့အနက် ဇွန် ၂၆နဲ့ ၂၇တွေမှာ ကစားမယ့် ပွဲစဉ် ၄ပွဲရဲ့ သုံးသပ်ချက် တွေကို တင်ဆက် ပေးလိုက်ပါတယ်။

Read more...
 
ကမ္ဘာ့ဖလား အုပ်စု A, B, C, D တို့၏ အုပ်စုပတ်လည် နောက်ဆုံး ပွဲစဉ်များ အကြို ခန့်မှန်း သုံးသပ်ချက် (ဇွန်၂၂ မှ ဇွန်၂၄ အထိ) PDF Print E-mail
Written by ဇင်သော်နိုင်   
Thursday, 24 June 2010 00:30

အုပ်စု အဆင့် ပွဲစဉ်တွေမှာ အရေးအကြီးဆုံးနဲ့ အဆုံးအဖြတ် ပေးမယ့် ပွဲစဉ်တွေ ဖြစ်တဲ့ တတိယမြောက် နောက်ဆုံး ပွဲစဉ် တွေကို ဒီတစ်ပတ်မှာ ယှဉ်ပြိုင် ကစားကြ တော့မှာ ဖြစ်ပါတယ်။ ဒုတိယမြောက် သီတင်းပတ် အပြီးမှာ ရှုံးထွက်အဆင့်ကို တက်ဖို့ သေချာသွားတဲ့ အသင်း ၂ သင်းနဲ့ ပြိုင်ပွဲက ထွက်ခွာရဖို့ သေချာတဲ့ အသင်း ၂ သင်းသာ ထွက်ပေါ်ခဲ့ ပါတယ်။ ဒါကြောင့် ကျန်ရှိနေ သေးတဲ့ ရှုံးထွက် အဆင့် ၁၄ နေရာကို ဘယ်သူတွေ ရမလဲ။ ပြိုင်ပွဲက ထွက်ခွာရမယ့် ၁၄ သင်းက ဘယ်သူတွေ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပွဲစဉ်တွေက တစ်ချိန်တည်းမှာ ၂ ပွဲ ကစားမှာ ဖြစ်တဲ့ အတွက်လည်း ပရိသတ်တွေ ရင်ခုန်နှုန်း ပိုမြင့်မှာပါ။

Read more...
 
ကမ္ဘာ့ဖလား အုပ်စု E, F, G, Hတို့၏ အုပ်စုပတ်လည် ဒုတိယ အကျော့ ပွဲစဉ်များအကြို ခန့်မှန်း သုံးသပ်ချက် (ဇွန်၁၉ မှ ဇွန်၂၁ အထိ) PDF Print E-mail
Written by ဇင်သော်နိုင်   
Saturday, 19 June 2010 13:38

ရှေ့က အုပ်စု ၄ ခုမှာ အသင်းကြီးတွေ ရလဒ်မကောင်း ခဲ့တာကို ပရိသတ်တွေ တွေ့ခဲ့ကြရ ပါတယ်။ အခု အုပ်စု ၄ ခုမှာလည်း ထိပ်တန်း အသင်းကြီးတွေ အတော်များများ ပါနေလို့ ဘယ်လို ရလဒ်တွေ ထွက်ဦးမယ် ဆိုတာ စိတ်ဝင်စား စရာပါ။ အီတလီ - နယူးဇီလန်၊ ဘရာဇီးလ် - အိုင်ဗရီကို့စ်၊ ပေါ်တူဂီ - မြောက်ကိုရီးယား၊ စပိန် - ဟွန်ဒူးရပ်စ် ပွဲစဉ်တွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အထူးသဖြင့် ပွဲဦးထွက် နိုင်ပွဲ မရခဲ့ကြတဲ့ အီတလီ၊ ပေါ်တူဂီ၊ စပိန်တို့ အတွက် အုပ်စုအဆင့်ကို ကျော်ဖို့ အရေး အပါဆုံး ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။

Last Updated on Monday, 21 June 2010 13:46
Read more...
 
ကမ္ဘာ့ဖလား အုပ်စု A,B,C,D တို့၏ အုပ်စုပတ်လည် ဒုတိယ အကျော့ ပွဲစဉ်များအကြို ခန့်မှန်း သုံးသပ်ချက် (ဇွန်၁၇ မှ ဇွန်၁၉ အထိ) PDF Print E-mail
Written by ဇင်သော်နိုင်   
Wednesday, 16 June 2010 09:01

ပရိသတ်တွေကို ရသ အဖုံဖုံ ပေးစွမ်းနိုင်နေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ အခုဆိုရင် အုပ်စု ပတ်လည် ဒုတိယ အကျော့ ပွဲစဉ်တွေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒုတိယ အကျော့ ပွဲဆိုတာ နောက်တစ်ဆင့် ကိုတက်ဖို့ အရေးပါတဲ့ အဆုံးအဖြတ်လို့ သတ်မှတ်နိုင်တဲ့ ပွဲတွေ ဖြစ်ပါတယ်။ ပထမ အကျော့မှာ နိုင်ထားတဲ့ အသင်း တွေဟာ ဒီအကျော့မှာ နိုင်လိုက်ရင် နောက်တစ်ဆင့် တက်ဖို့ သေချာပြီ ဖြစ်သလို သရေ၊ အရှုံး ရထားတဲ့ အသင်း တွေဟာလည်း ရလဒ်ကောင်းအောင် ရုန်းကန် ကြရ တော့မှာမို့ အရှိန်ပိုမြင့် လာပါတယ်။ ဒီအကျော့မှာ အာဂျင်တီးနား - တောင်ကိုရီးယား၊ ပြင်သစ် - မက္ကဆီကို၊ ဂျာမနီ - ဆားဘီးယား၊ ဟော်လန် - ဂျပန် စတဲ့ပွဲကောင်းတွေ ပါဝင်နေလို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Last Updated on Saturday, 19 June 2010 13:42
Read more...
 
ကမ္ဘာ့ဖလား အုပ်စု E,F,G,H တို့၏ အုပ်စု ပတ်လည် ပထမ အကျော့ ပွဲစဉ်များ အကြို ခန့်မှန်း သုံးသပ်ချက် (ဇွန် ၁၄ မှ ဇွန် ၁၆ အထိ) PDF Print E-mail
Written by ဇင်သော်နိုင်   
Monday, 14 June 2010 09:32

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ၇က်နေ့ ကနေ စတင်ခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ အခုဆိုရင် အုပ်စု A,B,C,D တို့ရဲ့ ပွဲစဉ်တွေ ပြီးဆုံးသွား ခဲ့ပါပြီ။ ဒီပွဲစဉ် တွေမှာ ပရိသတ် မှန်းထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ ပွဲတွေ ရှိခဲ့သလို မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ ဘောလုံးရဲ့ ရသပါပဲ။ ပွဲတိုင်းက မှန်းထားသလိုသာ ဖြစ်နေမယ် ဆိုရင်တော့ ဘောလုံးပွဲ ဆိုတာကို လူတွေ အခုလောက် စိတ်ဝင်စား ကြမှာ မဟုတ်ပါဘူး။ အခု ဖော်ပြမယ့် အုပ်စု E,F,G,H တို့မှာလည်း ဒီလို ဖြစ်သွားနိုင်တဲ့ ပွဲစဉ် အများအပြား ရှိနေပါတယ်။ အထူးသဖြင့် ဟော်လန်၊ အီတလီ၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ စပိန် စတဲ့ အသင်းကြီး တွေရဲ့ ပွဲစဉ်တွေ ပါဝင်နေတာကြောင့် ပရိသတ် စိတ်ဝင်စားမှု ပိုမြင့် လိမ့်မယ်လို့ ထင်ပါတယ်။

Read more...
 
ကမ္ဘာ့ဖလား အုပ်စု A,B,C,D တို့၏ အုပ်စု ပတ်လည် ပထမ အကျော့ ပွဲစဉ်များ အကြို ခန့်မှန်း သုံးသပ်ချက် (ဇွန် ၁၁ မှ ဇွန် ၁၃ အထိ) PDF Print E-mail
Written by ဇင်သော်နိုင်   
Friday, 11 June 2010 10:17

အားလုံး မျှော်လင့် စောင့်စား နေကြတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ ဇွန်လ ၁၁ ရက်နေ့မှာ စတင် ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ Soccer Myanmar အယ်ဒီတာ အဖွဲ့ အနေနဲ့ ဒီပြိုင်ပွဲကြီးရဲ့ ပွဲကြို သုံးသပ်ချက် တွေကို အုပ်စု အဆင့် ပွဲစဉ်တွေမှာ တစ်ကြိမ်လျှင် ၈ ပွဲစီနဲ့ တစ်ကျော့ကို နှစ်ကြိမ် ရေးသား တင်ဆက် ပေးပါမယ်။

Last Updated on Friday, 11 June 2010 21:53
Read more...
 


logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.