Tuesday, 21 May 2013
Home World UEFA Champions League ဆောင်းပါးများ
ဘောလုံးကဝေ တစ်ယောက်ရဲ့ အိမ်အပြန်ည PDF Print E-mail
Written by ထင်အောင်ရ   
Tuesday, 05 March 2013 20:05

အိမ်ကို သူပြန်ရောက်လာသည်။ ဒါပေမဲ့ ဝမ်းသာ ကြည်နူးစွာ ဆီးကြိုနေတဲ့ တစ်ချိန်က အိမ်သားဟောင်းတွေ၊ မိသားစုတွေကို ခဏတာ ပွေ့ဖက် နှုတ်ဆက်ရုံထက် ရင်းနှီးခွင့် သူ့မှာ မရှိ။ သူ့ကို ချစ်မြတ်နိုးစိတ်နဲ့ လာနှုတ်ဆက်ကြတဲ့ မိတ်ဟောင်း ဆွေဟောင်းတွေကို ရင်နာစေဖို့၊ ကြေကွဲစေဖို့ တာဝန်တစ်ရပ် သူ့ပခုံးပေါ်မှာ ထမ်းတင်လာသည်။ သူ့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့ သူ့အိမ်ကို ဖျက်ဆီးဖို့ သူပြန်ကြိုးစားရမည်။ သူအားထုတ်ရမည်။ သူရည်စူးရမည်။ ဒါဟာ ကျေးဇူးကန်းခြင်း မဟုတ်။ ဒါဟာ လူမဆန်ခြင်း မဟုတ်။ ဒါကို "ပရော်ဖက်ရှင်နယ် ပီသမှု"လို့ ခေါင်းစဉ်တပ်ရမည်သာ။

Last Updated on Tuesday, 05 March 2013 20:59
Read more...
 
တစ်ကမ္ဘာလုံး စောင့်ကြည့်မယ့်ပွဲ (သို့မဟုတ်) ရီးယဲလ်မက်ဒရစ် - မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် သုံးသပ်ချက် PDF Print E-mail
Written by Admin Team   
Thursday, 14 February 2013 00:43

"ချန်ပီယံလိဂ် (၁၆)သင်း အဆင့်မှာ (၈)ပွဲ ကစားရမယ် ဆိုပေမယ့် တစ်ကမ္ဘာလုံး စောင့်ကြည့်မယ့်ပွဲက တစ်ပွဲတည်း ပါတယ်။ အဲဒါ ကျွန်တော်တို့နဲ့ ယူနိုက်တက် ကစားတဲ့ ပွဲပဲ။
ဟိုဆေးမော်ရင်ဟို (ရီးယဲလ်မက်ဒရစ် နည်းပြ)

Last Updated on Thursday, 14 February 2013 01:11
Read more...
 
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲရလဒ်နှင့် မြူးနစ်မြို့သို့ သွားရာလမ်း PDF Print E-mail
Written by အောင်မင်းသန့်   
Thursday, 22 March 2012 14:43

၂၀၁၁-၂၀၁၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့် မဲခွဲပွဲ အခမ်းအနားကို မတ်လ (၁၆)ရက်နေ့ မြန်မာ စံတော်ချိန် ညနေ(၅:၁၅)နာရီက ဥရောပ ဘောလုံး အဖွဲ့ချုပ်(UEFA) ရုံးချုပ် တည်ရှိရာ ဆွဇ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ မဲခွဲပွဲ အခမ်းအနားကို UEFA ရဲ့ အထွေထွေ အတွင်းရေးမှူး ဂီယန်နီအင်ဖန်တီနိုနဲ့ ဘေယန်မြူးနစ် အသင်းရဲ့ ကွင်းမှာ ကျင်းပမယ့် ဗိုလ်လုပွဲရဲ့ သံတမန် ဖြစ်သူ ပေါလ်ဘရစ်တနာတို့က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ ကွာတားဖိုင်နယ် အဆင့်မှာ ယခင် အဆင့်တွေလို နိုင်ငံတူ အသင်းတွေ ရှောင်လွှဲရမယ့် ကန့်သတ်ချက်တွေ မရှိဘဲ အလွတ်သဘော ရေးဆွဲခဲ့တာ ဖြစ်ပေမယ့် ထွက်ပေါ်လာတဲ့ ပွဲစဉ်တွေ အရ နိုင်ငံတူ အချင်းချင်း ဆုံတွေ့မှု မရှိခဲ့ပါဘူး။

Read more...
 
ပရိသတ်များ လက်လွတ်မခံ သင့်သည့် အကောင်းဆုံး ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၁၀)ပွဲ PDF Print E-mail
Written by ဇင်သော်နိုင်   
Monday, 30 August 2010 05:53

ပြီးခဲ့တဲ့ ကြာသပတေး နေ့က ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တွေကို မိုနာကို မြို့မှာ မဲခွဲရေးဆွဲ ခဲ့ပါတယ်။ ဒီအခါမှာ ဥရောရဲ့ အကောင်းဆုံး အသင်း ၃၂ သင်းဟာ သက်ဆိုင်ရာ အုပ်စု အသီးသီးမှာ ကျရောက်ခဲ့ပြီး လာမယ့် ၂၀၁၁ မေလမှာ ၀င်ဘလေ ကွင်းမှာ ကျင်းပမယ့် ဗိုလ်လုပွဲကို တက်ရောက် နိုင်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရ ပါတော့မယ်။ အသင်း ၄ သင်းစီ ပါဝင်တဲ့ အုပ်စု ၈ စု ရှိပြီး အိမ်ကွင်း အဝေးကွင်း စနစ်နဲ့ စုစုပေါင်း ၉၆ ပွဲ တိတိ ယှဉ်ပြိုင်ရ မှာမို့ ပရိသတ်တွေ အနေနဲ့ ပွဲတိုင်းကို ကြည့်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်ပွဲတွေကို ပရိသတ်တွေ လက်လွတ် မခံဘဲ စောင့်ကြည့်ရမယ် ဆိုတာ သိနိုင်အောင် အကောင်းဆုံး ပွဲစဉ် (၁၀)ပွဲကို Goal.com က ရွေးချယ် တင်ပြခဲ့ ပါတယ်။

Read more...
 
ချန်ပီယံလိဂ် နောက်ဆုံး (၄)သင်းထဲမှာ ဘယ်သူ ဗိုလ်စွဲသွားမလဲ PDF Print E-mail
Written by Editor SM   
Thursday, 08 April 2010 19:57
ကမ္ဘာ တ၀ှမ်းလုံးက ဘောလုံး ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော် ကြည့်ရှု အားပေးနေ ကြတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကြီးဟာ အခုဆိုရင် ဆီမီးဖိုင်နယ် အဆင့်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ထူးခြားချက် အနေနဲ့ ဘာစီလိုနာ၊  ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်နဲ့ လိုင်ယွန်တို့ (၄)သင်းဟာ မတူညီတဲ့ နိုင်ငံ တွေကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ကြတဲ့ အသင်းတွေ ဖြစ်နေပါတယ်။ ပြီးတော့ အခုနောက်ပိုင်း နှစ်တွေမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို စိုးမိုးထားလေ့ ရှိတဲ့ အင်္ဂလန် ကလပ် အသင်းတွေ တစ်သင်းမှ ဆီမီးဖိုင်နယ် အဆင့်ကို တက်မလာတာ ပါပဲ။ ဒီအသင်း (၄)သင်းထဲကမှ ဘယ်သူက ချန်ပီယံ တို့ရဲ့ ချန်ပီယံ အနေနဲ့ ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက် နိုင်မလဲ ဆိုတာ လေ့လာကြည့် တဲ့အခါ . . .
Last Updated on Thursday, 08 April 2010 20:05
Read more...
 
ရောမအိပ်မက် အတွက် တိုက်ပွဲဝင်နေဆဲ အသင်းရှစ်သင်း PDF Print E-mail
Written by ဇင်သော်နိုင်   
Monday, 23 March 2009 19:31
ကမ္ဘာတစ်ဝှမ်းက ဘောလုံး ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့် နေကြတဲ့ UEFA ချန်ပီယံလိဂ် ပြိုင်ပွဲကြီးဟာ အခုဆိုရင် ကွာတား ဖိုင်နယ် အဆင့်အထိ ရောက်ရှိနေပါပြီ။ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ထူးခြားချက် တစ်ခုကတော့ ဗိုလ်လုပွဲကို အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပမှာ ဖြစ်ပေမယ့် အီတလီ အသင်း တစ်သင်းမှ ကွာတား ဖိုင်နယ်ကို တက် မလာတာပဲ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် အဆင့်ကို နိုင်ငံပေါင်း (၄) နိုင်ငံက ကလပ်အသင်း (၈)သင်း တက်ရောက် လာတာကို တွေ့ရပါတယ်။ အင်္ဂလန်က ၄ သင်း၊ စပိန်က ၂ သင်း၊ ပေါ်တူဂီက ၁ သင်း၊ ဂျာမနီက ၁ သင်း တက်ရောက် လာတာပါ။ ကွာတား ဖိုင်နယ် ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ် တွေကတော့ အင်္ဂလန် နှစ်သင်း (လီဗာပူးလ်နဲ့ချယ်လ်ဆီး) ဆုံတွေ့ ခဲ့ကြတဲ့ ပွဲစဉ်၊ ဂျာမနီနဲ့ စပိန်က ဘီလူးကြီး နှစ်ကောင် (ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်) ထိပ်တိုက် တွေ့တဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။
Last Updated on Monday, 23 March 2009 20:43
Read more...
 
3 VS 3 (သို့) အင်္ဂလိပ် သုံးသင်း အီတလီ သုံးသင်းတို့ ထိပ်တိုက်တွေ့ဆုံ ကြရာဝယ် PDF Print E-mail
Written by မိုးဝေ   
Friday, 20 February 2009 15:36
၂၀၀၈-၀၉ ရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ၁၆သင်း အဆင့် ပွဲစဉ်များအား မဲခွဲအပြီး ထွက်ပေါ်လာသည့် ပွဲစဉ်များအရ စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်နေသည်မှာ အင်္ဂလန်မှ ကလပ် အသင်းကြီး ၃သင်းနှင့် အီတလီမှ ကလပ် အသင်းကြီး ၃သင်းတို့ တိုက်တိုက်ဆိုင်ဆိုင်ပင် အသီးသီး ထိပ်တိုက် တွေ့ဆုံ နေကြခြင်း ဖြစ်သည်။
Read more...
 
ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်များအကြောင်း တစေ့တစောင်း PDF Print E-mail
Written by Admin Team   
Saturday, 20 December 2008 15:28
ဒီဇင်ဘာလ ၁၉ရက်နေ့က ကျင်းပခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲပွဲစဉ်အပြီးတွင် အသင်းကြီး အချင်းချင်း တွေ့ဆုံမှုများ ရှိခဲ့ပြီးနောက် တုန့်ပြန်ပြောဆိုသံများ၊ ဝေဖန်သံများ၊ ခန့်မှန်းချက်များမှာ အနှေးနှင့် အမြန်ဆိုသလိုပင် ထွက်ပေါ်လာခဲ့ပေသည်။
Last Updated on Saturday, 20 December 2008 15:41
Read more...
 


logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.