|
Written by Admin Team
|
|
Friday, 12 April 2013 23:42 |
|
FAဖလားရဲ့ အကြိုဗိုလ်လုပွဲအဖြစ် အင်္ဂလန်ရဲ့ အကောင်းဆုံး စာရင်းဝင် အသင်းနှစ်ခု တွေ့ဆုံမှုပါ။ တစ်ဖက် အကြိုဗိုလ်လုပွဲမှာ တက်လာတဲ့ အသင်းတွေက လက်ရှိ အင်အားအရ ဒီနှစ်သင်းကို အဘက်ဘက်က မယှဉ်ပြိုင်နိုင်တဲ့ အတွက်ကြောင့် စည်းမျဉ်းအရသာ အကြိုဗိုလ်လုပွဲ ဖြစ်ပေမယ့် တကယ့် ဗိုလ်လုပွဲ စစ်စစ်လို့တောင် တင်စားနိုင်ပါတယ်။ နှစ်သင်းလုံး လက်ရှိခြေစွမ်း တည်ငြိမ်နေပြီး စိတ်ဓာတ်ပိုင်း အရလည်း အကောင်းဆုံး ဖြစ်နေပါတယ်။ ပြီးတော့ FAဖလားဆိုတာ ဒီနှစ်သင်းလုံးရဲ့ ခုရာသီ ဦးစားပေး ပစ်မှတ်အဖြစ် အသီးသီး ပါဝင်နေတာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်တစ်ချက်က ဒီနှစ်သင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာ FAဖလားရဲ့ ချန်ပီယံဆုရှင်တွေ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။
|
|
Last Updated on Saturday, 13 April 2013 00:01 |
|
Read more...
|