|
Written by Admin Team
|
|
Monday, 04 March 2013 17:21 |
|
စနေနေ့ညက ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် နာမည်ကျော် အသင်းများဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့ အသီးသီး နိုင်ပွဲ ရခဲ့ကြသည်။
|
|
Last Updated on Monday, 04 March 2013 18:02 |
|
Read more...
|
|
Written by Admin Team
|
|
Saturday, 02 February 2013 05:51 |
|
ကြားရက်မှာ ကစားထားရတဲ့အတွက် ပွဲပန်းမှုတွေကတော့ အသင်းတိုင်းမှာ ရှိနေမှာပါ။ ဒီအချိန်မှာ ကစားသမားတွေကို ပါးပါးနပ်နပ် လှည့်ပတ် အသုံးပြုတတ်တဲ့ အသင်းတွေက ပိုပြီး အခွင့်အရေး ကောင်းကောင်းနဲ့ ဖြတ်သန်းလေ့ ရှိပါတယ်။ ကြားရက်ပွဲတွေ ကစားထားရတာက တစ်ကြောင်း၊ အသင်းကြီးတွေ တော်တော်များများက ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရတာက တစ်ကြောင်းတို့ကြောင့် ပွဲစဉ်(၂၅)ဟာ ကြားရက် ပွဲစဉ်တွေလိုပဲ အသင်းကြီး အများစု သရေရလဒ်နဲ့ ကျေနပ်ရဖို့ အလားအလာ များနေတဲ့ သီတင်းပတ်လို့ ဆိုချင်ပါတယ်။
|
|
Read more...
|
|
Written by ထင်အောင်ရ
|
|
Wednesday, 22 August 2012 13:03 |
|
ပရီးမီးယား လိဂ်မှာ ဗိုလ်စွဲနိုင်ခြေ ရှိတဲ့ အသင်းတွေ အနက်က မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေကို ပြီးခဲ့တဲ့ အပတ်တွေမှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှာတော့ ဝီလျံဟေးလ်ရဲ့ အလေးပေးမှု စာရင်းမှာ ဗိုလ်စွဲဖို့ တတိယ ရေပန်း အစားဆုံး အဖြစ် ရပ်တည်နေတဲ့ ချယ်လ်ဆီး အကြောင်း ဆက်သွားချင်ပါတယ်။ ချယ်လ်ဆီး အနေနဲ့ ဗိုလ်စွဲနိုင်ခြေ (၉)လေး၊ (၂)လေးအဖြစ် ဟေးလ်က ကြေးဖွင့် ထားတာပါ။
|
|
Read more...
|
|
Written by ထင်အောင်ရ
|
|
Wednesday, 15 August 2012 16:50 |
|
ပြီးခဲ့တဲ့ တစ်ပတ်က ပရီးမီးယားလိဂ် ချန်ပီယံလောင်း အသင်းတွေထဲက မန်ချက်စတာ စီးတီးနဲ့ ပတ်သက်လို့ သုံးသပ်ချက်တွေကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ရာသီ အမှတ်ပေး ဇယား ဒုတိယ နေရာမှာ ရပ်တည် နိုင်ခဲ့သလို လာမယ့်ရာသီအတွက် William Hillရဲ့ အလေးပေးမှု အရ (၅း၂)နဲ့ ဒုတိယ နေရာက ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အကြောင်း သုံးသပ်ကြည့်ချင်ပါတယ်။ တကယ်တော့ ပရီးမီးယားလိဂ် ဆိုတာ ဥရောပရဲ့ အကြိတ်အနယ် အရှိဆုံး ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲအဖြစ် သတ်မှတ်ခြင်း ခံထားရတာပါ။ အဲဒီလို ခြေညီတဲ့ ပြိုင်ပွဲမျိုးမှာတောင် နှစ်ပေါင်း(၂၀)အတွင်း ယူနိုက်တက်ဟာ (၁၂)ကြိမ် ဗိုလ်စွဲပြီး တတိယနေရာအောက် တစ်ခါမှ မဆင်းဖူးဘဲ ရပ်တည်ခဲ့တာကြောင့် သူတို့ဟာ ချန်ပီယံလောင်း စာရင်းက ဘယ်တော့မှ ချန်လှပ်လို့ မရသူတွေ အနေနဲ့ အမြဲတမ်း အသိအမှတ်ပြု ခံခဲ့ရတာ ဖြစ်ပါတယ်။
|
|
Read more...
|
|
Written by ထင်အောင်ရ
|
|
Friday, 10 August 2012 15:44 |
|
ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အတွက် အစဉ်အလာ ဆိုတာ အရေးတကြီး မလိုအပ်ကြောင်း မန်ချက်စတာ စီးတီး အသင်းက ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ သက်သေ ပြခဲ့ပြီးပါပြီ။ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဂိုးကွာခြားချက် အသာစီးနဲ့သာ ဗိုလ်စွဲနိုင်ခဲ့တယ် ဆိုပေမယ့် စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်္ဂလန်မှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့တယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။ လာမယ့်ရာသီမှာ စီးတီးဟာ ချန်ပီယံ ဘွဲ့ကို ကာကွယ်ဖို့ အင်အားပိုတောင့်တင်းလာတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စီးတီးရဲ့ ခြေစွမ်းကိုတော့ လာမယ့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ လောလောလတ်လတ် မြင်ခွင့်ရတော့မှာပါ။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုဟာ ဆွတ်ခူးရယူဖို့ထက် ကာကွယ်ဖို့က ပိုပြီး ခက်ခဲလေ့ ရှိတဲ့ အစဉ်အလာဆိုးကို စီးတီးတို့ ကျော်ဖြတ်ဖို့ အသင့်ဖြစ်နေပြီလား ဆိုတာကို အဲဒီပွဲစဉ်မှာ တစ်စေ့တစ်စောင်း အကဲခတ်ခွင့် ရလာနိုင်ပါတယ်။ စီးတီးအနေနဲ့ လာမယ့်ရာသီ ချန်ပီယံဆုကို မျှော်လင့်နိုင်ဖို့ ဘယ်လို အားသာချက်၊ အားနည်းချက်တွေ ရှိနေသလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
|
|
Read more...
|
|
Written by လူလူမင်း
|
|
Wednesday, 18 July 2012 14:12 |
|
အန်တန် ဖာဒီနန် အပေါ် လူမျိုးရေး ပုတ်ခတ် စော်ကားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၀က်စ် မင်စကာ တရားရုံး ရင်ဆိုင်ရတဲ့ တယ်ရီဟာ တရားရုံးက ကွင်းလုံးကျွတ် လွှတ်လိုက်ပြီး အပြစ် မရှိဘူးလို့ စီရင်ချက် ချခဲ့ပြီး နောက်မှာ အင်္ဂလန်ရဲ့ အီတလီနဲ့ ခြေစမ်းမယ့် ပွဲမှာတောင် ပါဝင်ခွင့် ရတော့မယ်။ ဒါတင် မကသေးပါဘူး။ နည်းပြကြီး ရွိုင်းဟော့ဆန်က တယ်ရီ၊ ဂျရတ်နဲ့ အက်ရှ်လေကိုးတို့လို သမ္ဘာရင့်ကစားသမား တွေကို အသင်းမှာ “ထည့်မောင်း”ချင်တယ် ဆိုတဲ့ ဆန္ဒကြောင့် (၂၀၁၄)ဘရာဇီး ကမ္ဘာ့ဖလားပွဲ မှာလည်း ပါဝင်ခွင့် ရဖို့ ကြိုတင်ဘွတ်ကင် လုပ်ပြီးသား ဖြစ်သွားပါသေးတယ်။
|
|
Read more...
|
|
Written by လူလူမင်း
|
|
Wednesday, 11 July 2012 16:33 |
|
အာဆင်နယ်ရဲ့ ရာသီကြို ပုံရိပ်က ထိတ်ထိတ်ပျာပျာ နိုင်လွန်းတဲ့ အားထားရတဲ့ ကစားသမားတွေ ထပ်မံ ထွက်ခွာဦးမယ့် အရိပ်အငွေ့တွေ သမ်းနေတယ်။ အသင်းမှာ ကံဆိုးမိုးမှောင် ကျတဲ့ ကာလတွေက "The Sign Of Love" ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်း "အခုထိ မဆုံးနိုင်သေးဘူး xxx လွမ်းရတဲ့ ရက်တွေ xxx မဆုံးသေးဘူး" ဆိုတဲ့ တေးစာသားလို ဖြစ်နေတယ်။ အာဆင်နယ် ဖလားလက်မဲ့ နွံ့မှာ နစ်နေတာ(၇)နှစ် ကြာပြီ။ ပတ္တမြားမှန်ရင် နွှံမှာ နစ်ပေမယ့် အရောင် မညစ်ဘူးဆိုတဲ့ စကား မှန်ကန်ကြောင်း သက်သေပြရပါလိမ့်မယ်။ ကိုယ်တိုင် ကျင်းပတဲ့ အမ်းမရိတ်စ် ဖလားတောင် မရတာကတော့ ရိုင်းလွန်းပါတယ်။ တစ်ချိန်က တစ်ရာသီလုံး ရှုံးပွဲမရှိ မှတ်တမ်းနဲ့ ဖြတ်သန်းပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းမှ ဟုတ်ပါရဲ့လားလို့ သံသယ ပွားစရာ ဖြစ်ရပါတယ်။
|
|
Last Updated on Wednesday, 11 July 2012 17:03 |
|
Read more...
|
|
Written by ဖောင်းဖောင်း
|
|
Friday, 06 July 2012 13:30 |
|
အခု ဆိုရင်တော့ နိုင်ငံတကာ ပြိုင်ပွဲဖြစ်တဲ့ ဥရောပ ဖလား ပြိုင်ပွဲကြီး ကျင်းပပြီးစီး သွားချိန်မှာ ပရီးမီးယားလိဂ်က ကလပ် အသင်းတွေဟာလည်း ရာသီသစ် အတွက် ပြင်ဆင်မှုတွေကို စတင် ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ရာသီသစ်မှာ အသင်းအတွက် အောင်ပွဲတွေကို ဆွတ်ခူးပေးနိုင်မယ့် ကစားသမားမျိုးကို ဈေးဝယ်ထွက်ဖို့ ပြိုင်ပွဲကြီး တစ်ပွဲ ပြီးဆုံးချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေရော၊ အစဉ်တစိုက် စောင့်ကြည့်ထားတဲ့ ကစားသမားတွေပါ ခေါ်ယူနိုင်ဖို့ အတွက် ပရီးမီးယားလိဂ်က နည်းပြတွေနဲ့ ဘောလုံး ကင်းထောက်တွေ ခေါင်းချင်း ရိုက်နေကြပါပြီ။
|
|
Last Updated on Friday, 06 July 2012 17:09 |
|
Read more...
|
|
Written by Admin Team
|
|
Wednesday, 23 May 2012 15:05 |
|
ချယ်လ်ဆီးကို ရုရှားသူဌေး အေဘရာမို ဗစ်ခ်ျက (၂၀၀၄)ခုနှစ်မှာ လွှဲပြောင်း ရယူပြီးနောက် ဥရောပရဲ့ အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်ဖို့ တည်ဆောက်ခဲ့တယ်။အကောင်းဆုံး မန်နေဂျာတွေကို ခေါ်ယူ တာဝန် ပေးခဲ့တယ်။ ရာနီယာရီ၊ မော်ရင်ဟို၊ အေဘရမ် ဂရန့်၊ စကိုလာရီ၊ ဂုစ်ဟစ်ဒင့်၊ အန်ဆယ်လော့တီနဲ့ ဘိုအာ့စ်ဆိုတဲ့ နာမည်ကြီး မန်နေဂျာတွေဟာ အသင်းပိုင်ရှင် မိုဗစ်ခ်ျရဲ့ အာသာ ဆန္ဒပြင်းပြ နေတဲ့ ချန်ပီယံလိဂ် ဆုဖလားကို ချယ်လ်ဆီး အသင်းနဲ့ အတူ ရယူပေးဖို့ ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ကြပါဘူး။ ခုတော့ မန်နေဂျာ အဆက်ဆက် ပျက်ကွက်ခဲ့တဲ့ တာဝန်ကို ယာယီနည်းပြ ရောဘတ်တို ဒီမက်တီယိုက အောင်မြင်စွာ ဖြည့်စွမ်း ပေးနိုင်ခဲ့တယ်။
|
|
Last Updated on Thursday, 24 May 2012 11:06 |
|
Read more...
|
|
Written by လူလူမင်း
|
|
Thursday, 17 May 2012 15:56 |
|
ပရီးမီးယား လိဂ်ဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံး၊ စိတ်လှုပ်ရှားစရာ အကောင်းဆုံး၊ ခန့်မှန်းရ အခက်ဆုံးနဲ့ အံ့သြစရာ အဖန်တီးနိုင်ဆုံး ဘောလုံးလိဂ်လို့ အမြဲ ပြောခဲ့ကြတယ်။ အဓိကအားဖြင့် အင်္ဂလပ် ဘောလုံးပွဲရဲ့ တင်ဆက်သူတွေနဲ့ ပွဲစီစဉ် သူတွေရဲ့ ကျွမ်းကျင်မှုကြောင့်လို့ အဆိုရှိတယ်။ ဒါပေမဲ့ တနင်္ဂနွေ ညက ဖြစ်ရပ်မှာတော့ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ စွမ်းရည်ကြောင့် နာမည်ကြီး တယ်ဆိုတာ လက်မခံ နိုင်စရာ ဖြစ်ခဲ့ရတယ်။
|
|
Last Updated on Thursday, 17 May 2012 16:25 |
|
Read more...
|
|
|
|
Page 1 of 6 |