Sunday, 26 May 2013
Home Myanmar Suzuki Cup Articles

အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုမှာ ကတ်တွေသာ များရင်များမယ် ဂိုးတော့ မများလောက်ဘူး PDF Print E-mail
Written by Admin Team   
Tuesday, 27 November 2012 17:14

ဆူဇူကီး ဖလား ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းဟာ ဒီနေ့ညနေမှာ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပြိုင်ဘက်အသင်း ဖြစ်တဲ့ ထိုင်းအသင်းနဲ့ ရင်ဆိုင်ရပါတော့မယ်။ အုပ်စုတွင်း တွေ့ဆုံမှု ဖြစ်ပေမယ့် နောက်တစ်ဆင့် တက်ဖို့ (၂)သင်းစလုံး အတွက် အရေးပါတဲ့ အနေအထား ဖြစ်နေတာကြောင့် ပွဲရဲ့ အရေးပါမှုဟာ မြင့်မားပါတယ်။ ဒါ့အပြင် ထိုင်းနဲ့ မြန်မာဆိုတဲ့ အသင်းနှစ်သင်း ကြားမှာရှိတဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြောင့်လည်း ပွဲရဲ့ အနေအထားက စိတ်ဝင်စားဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့်မို့ ညနေတွေ့ကြမယ့် ပွဲမှာ မြန်မာကပဲ အနိုင်ရမလား၊ ထိုင်းကပဲ အသာရသွားမလား ဆိုတာကို ယခင် တွေ့ဆုံမှုတွေကနေ ပြန်လည် လေ့လာကြည့်မိ ပါတယ်။

 
မျှော်လင့်ချက်သို့ တောင်းဆိုခြင်း PDF Print E-mail
Written by ရဲမင်းဝင်း   
Monday, 26 November 2012 09:02

ညီရေ.........
ဟိုနေ့ညက ညီတို့ မြန်မာအသင်း ဗီယက်နမ်ကို သရေ ကစားနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်ကွာ။ ဗီယက်နမ်လို ကမ္ဘာ့အဆင့် ရပ်တည်မှုမှာလည်း ကိုယ့်ထက်မြင့်တဲ့၊ အာဆီယံ ဒေသတွင်းမှာ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်တဲ့ အပြင် ဆူဇူကီး သမိုင်းတစ်လျှောက် မှာလည်း တွေ့ခဲ့တဲ့ (၃)ကြိမ်စလုံး ရှုံးထားခဲ့တဲ့ အသင်းကို ခြေရည်တူ ကစားနိုင်ယုံမက အနိုင် ရနိုင်တဲ့ အနေအထား အထိပါ ရောက်ခဲ့ပြီး သရေကစား နိုင်ခဲ့တာကို အစ်ကို အပါအ၀င် မြန်မာ ပရိသတ်တွေ ပျော်မဆုံး ပါဘူးကွာ။ ပွဲချိန် အတွင်းမှာ အစ်ကိုတို့ တွေ့ခဲ့ရတဲ့ မဆုတ်မနစ် ကြိုးစားမှုတွေ၊ စိတ်ဓါတ်ပြင်းပြမှုတွေ ကိုလည်း အသိအမှတ် ပြုပါတယ်။ တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ် မှုကြောင့် ဒီလိုရလဒ် ရခဲ့တာလို့ ပြောနိုင်ပေမယ့် မင်းရဲ့ စွမ်းဆောင်ရည်ကို လျစ်လျူရှုလို့ မရနိုင်တာကိုတော့ ဂုဏ်ယူစွာနဲ့ ပြောပါရစေ။

Last Updated on Monday, 26 November 2012 17:34
 
ဆီမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ရာ PDF Print E-mail
Written by ရဲမင်းဝင်း   
Saturday, 24 November 2012 23:24

မြန်မာ့ လက်ရွေးစင် အသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲတွင် အုပ်စု(က)၌ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်တို့နှင့် အတူ ကျရောက်နေခဲ့သည်။ ဆူဇူကီး ဖလား သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းဖြစ်သည့် ချန်ပီယံ (၃)ကြိမ်ရ ထိုင်း၊ ချန်ပီယံ တစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် ဗီယက်နမ်၊ ပြီးခဲ့သည့် ၂၀၁၀ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ခဲ့သည့် ဖိလစ်ပိုင်နှင့် နောက်ဆုံး (၂)နှစ်အတွင်း ဆီးဂိမ်းစ်တွင် တတိယ၊ ယူ-၂၂ အာရှခြေစစ်ပွဲ အောင်မြင်ကာ လူငယ် အသင်းများဖြင့် အများစောင့်ကြည့်ဖွယ် ဖြစ်လာသည့် မြန်မာ အသင်းတို့ ပါဝင်နေသည့် အုပ်စု(က)ကို မရဏအုပ်စုဟု သတ်မှတ်ခဲ့ကြရာ မြန်မာအသင်း အနေဖြင့် အုပ်စု အဆင့်ကို ကျော်ဖြတ်၍ ဆီမီး ဖိုင်နယ်သို့ ဒုတိယအကြိမ် တက်ရောက်နိုင်ရေးမှာ စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်လာခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်း၏ ကမ္ဘာ့အဆင့် ရပ်တည်မှုသည် ပြီးခဲ့သည့် အောက်တိုဘာ လတွင် အဆင့်(၁၈၄)အထိ ကျဆင်း သွားခဲ့သည်။ အဆိုပါ ကျဆင်းမှုသည် မြန်မာအသင်း၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အနေအထား ဖြစ်ခဲ့သည်။ ဆူဇူကီး ခြေစစ်ပွဲများ ကစားခဲ့ပြီးနောက်တွင်မူ မြန်မာ အသင်း၏ ကမ္ဘာ့အဆင့် ရပ်တည်မှုသည် (၂၈)ဆင့် ပြန်လည် ခုန်တက် လာခဲ့ပြီး ဒေသတွင်း အသင်းများတွင် အဆင့်(၄)သို့ ရောက်ရှိလာခဲ့သည်။ မြန်မာအသင်း၏ အထက်တွင် ရှိနေသည့် ဒေသတွင်း အသင်း(၃)သင်းမှာ မြန်မာ အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ဖြစ်နေသည်ကလည်း အုပ်စု(က)၏ အုပ်စုတွင်း ထိပ်တိုက်တွေ့ဆုံမှုများကို ပိုမို အသက်ဝင်စေမည်မှာ အမှန်ပင် ဖြစ်သည်။

Last Updated on Monday, 26 November 2012 18:01
 
သူသည် လူငယ်တစ်ယောက်ဖြစ်သည် ၊ သူသည် ကျွန်တော်တို့၏ နှလုံးသားဖြစ်သည် PDF Print E-mail
Written by သူရဿဝါ   
Friday, 23 November 2012 19:47

ထို ကစားသမားကို သူအခုလို နာမည် မကြီးလာခင်၊ ရန်ကုန် ယူနိုက်တက် အသင်းတွင် ပုံမှန် နေရာ မရသေးခင် ကာလ ကတည်းက (သူလူစားဝင် ကစားသော အချိန် များတွင်) သူ၏ ကစားပုံကို ကြည့်ပြီး သဘောကျ ခဲ့သည်။ ဘောလုံးပွဲ ကြည့်ဖော် သူငယ်ချင်း များကိုလည်း “သူ့ကို ကြည့်ရတာ တစ်ချိန် ကျရင် အောင်မြင် လာဦးမှာ၊ ကစားတာ ကောင်းတယ်” ဟု ကျွန်တော် ဟောကိန်းထုတ် ပြောဆိုခဲ့ ဖူးသည်။ ကြည်လင်း အတွက် ကျွန်တော် ခန့်မှန်းသည့် “တစ်ချိန်ကျရင်” ဆိုသည်က မြန်မြန် ဆန်ဆန် ရောက်လာသည်။ အချိန် တစ်နှစ် ကျော်ကျော် အတွင်းမှာ ရန်ကုန် ယူနိုက်တက် အသင်းမှ မထင်မရှား လူငယ် ကစား သမား လေး ကြည်လင်းသည် ပရိသတ် အချစ်တော် ကြည်လင်း ပြည်တွင်း ပြည်ပ ပြိုင်ဖက်များမှ ဂရုတစိုက် စောင့်ကြည့်ရသည့် ကြည်လင်း ဖြစ်လာသည်။ အဲဒါကို သူ အလကား ရခဲ့တာ မဟုတ်၊ အချောင် ရခဲ့တာ မဟုတ်။ ဘောလုံးကွင်းထဲမှာ ရင်ဘတ်ကလေး ကော့ကော့ပြီး သူပြေးလွှား နေခဲ့ရသည့် ခွန်အား စိုက်ထုတ်မှုတွေ၊ ပွဲပြီးလျှင် ချွေးစက်လက် ကြားထဲမှ ဘယ်လောက် ပင်ပန်းသည် ဖြစ်စေ ပရိသတ်ဖက်ကို အနည်းဆုံးတော့ လက်ကလေးတစ်ဖက် ဝှေ့ယမ်းပြခဲ့သည့် လေးစားမှုတွေ၊ အဲဒါတွေကို ထည့်သွင်းပေါင်းစပ်နိုင်ခဲ့သဖြင့် ပရိသတ်က ချစ်သော၊ အားကိုးသော ကြည်လင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

Tags:
 
ပြိုင်ပွဲနီးရင် မျှော်လင့်မိတယ် PDF Print E-mail
Written by အလင်းဖြူ   
Friday, 23 November 2012 19:28

အတွေး(၁)
ပြိုင်ပွဲနီးရင် မျှော်လင့်မိတယ်။ ဒီလို အချိန်၊ ဒီလိုရနံ့ ရူလိုက်မိတဲ့ ခဏ မော်မဆုံးဘဲ အတော်ဆုံးနွှဲမယ့် ဘောလုံးပွဲဆီ စိတ်ရောက်သွားတယ်။
ငါဟာ မြန်မာလူမျိုး...
ငါဟာ မြန်မာတစ်ယောက်...

 
ကျွန်တော့် သက်ပြင်းညနေ PDF Print E-mail
Written by ရဲမင်းဝင်း   
Friday, 09 November 2012 02:05

 

"အောင်သိုက် မပါနိုင်ဘူး၊ နောက် ရန်အောင်ဝင်းလည်း မပါနိုင်တော့ဘူး။ ကျော်ကိုကိုကလည်း လွဲဖို့များနေတယ်။ ရန်ပိုင်က ကောင်းကောင်း မကစားနိုင်သေးဘူး။ စိုးမင်းဦးက ဒဏ်ရာရသွားလို့ လူစားထိုး လိုက်ရတယ်။ ကျော်ဇေယျာဝင်းကတော့ ပြန်ပါလာနိုင်ခြေ ရှိတယ်။ ဒါပေမယ့် ဒဏ်ရာက သိပ်တော့ အကင်းမသေသေးဘူး"

 
ကျွန်တော်တို့လည်း တာဝနှ်ရှိပါသည် PDF Print E-mail
Written by ရဲမင်းဝင်း   
Monday, 15 October 2012 20:57

မြန်မာ့ဘောလုံး ပရိသတ်များ ခင်ဗျား…..
မနက်ဖြန် ဆိုရင်ပဲ ကျွန်တော်တို့ ခင်ဗျားတို့ မျှော်လင့်နေတဲ့ ဆူဇူကီးဖလား ခြေစစ်ပွဲတွေကို စတင် ကျင်းပတော့ မယ်နော်။ မြန်မာ့ လက်ရွေးစင် အသင်းက အရှေ့တီမော၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက် နေတာကိုတော့ ခင်ဗျားတို့ သိပြီး ဖြစ်မှာပါ။ ဒီပြိုင်ပွဲဟာ လက်ရွေးစင် အသင်းကြီးတွေသာ ပါဝင်ယှဉ်ပြိုင် ကြရတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်တာကြောင့် အာဆီယံ ဒေသတွင်းမှာတော့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာအသင်း ကတော့ ဒီပြိုင်ပွဲမှာ အောင်မြင်မှု တစ်ကြိမ် တစ်ခါမှတောင် မရဖူးသေး ပါဘူး။

Tags:
Last Updated on Monday, 26 November 2012 09:23
 
မြန်မာ့ဘောလုံး ပြန်လည် ဦးမော့နိုင်မှာလား PDF Print E-mail
Written by မိုးဝေ   
Monday, 20 August 2012 15:09

ဇင်သော်နိုင်ရေ... မှတ်မိဦးမယ် ထင်ပါတယ်။ အရင်တုန်းက မြန်မာဘောလုံးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဘောလုံးကွင်းထဲ ကိုယ်တိုင်ကိုယ်ကျ မရောက်ဖြစ်ဘဲ ရမ်းမှန်းရေးရင် မကောင်းဘူးဆိုပြီး မရေးဘဲ နေဖူးတယ်လေ။ ဒီတစ်ပတ်တော့ ဘောလုံးကွင်းထဲ ကိုယ်တိုင် မရောက်ဖြစ်ဘဲ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ဇင်သော်လည်း သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့က ကျွန်တော် အူအတက်ရောင် တာကြောင့် ဆေးရုံတက် ခွဲစိတ်ကုသခြင်း ခံခဲ့ရပါတယ်။ ဆရာဝန်ကတော့ အူအတက်က အတော်လေး ရောင်နေပြီး မပေါက်သွားတာ ကံကောင်းတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ နေရစဉ် တစ်လျှောက် မီဒီယာ မိတ်ဆွေတွေနဲ့ ဘောလုံး အသိုင်းအ၀ိုင်းက မိတ်ဆွေတွေ သတင်းလာမေး ကြတာကြောင့် အတော်လေး အားရှိခဲ့ပါတယ်။

Tags:
 
မြောင်းထဲ ရောက်နေသည့် မြန်မာ့ဘောလုံးကို သူတို့ ဆွဲတင် ပေးနိုင်မှာလား PDF Print E-mail
Written by မိုးဝေ   
Saturday, 11 August 2012 07:39

ခေါင်းစဉ်နှင့် ပတ်သက်၍ ဦးစွာ ရှင်းလင်း လိုပါသည်။ ယခုခေါင်းစဉ်သည် ကြမ်းကောင်းကြမ်းမည်၊ ရိုင်းကောင်းလည်း ရိုင်းနေပေမည်။ သို့သော် မှန်သင့်သလောက်လည်း မှန်ပေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစွမ်းနှင့် အဆင့်အတန်း၊ ရလဒ်များနှင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များက သက်သေတည် ပေလိ့မ်မည်။ ယခုခေါင်းစဉ်သည် မြန်မာ့ဘောလုံး ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အားကြိုးမာန်တက် ကြိုးပမ်း အားထုတ်နေသူ တစ်ဦး တစ်ယောက်ကိုမျှ စော်ကား ပုတ်ခတ်လို၍ မဟုတ်၊ နိမ့်ကျနေသည့် မြန်မာ့ဘောလုံး အဆင့်အတန်းအား ပြန်လည် ဆွဲတင်ပေးနိုင်မည့် အခွင့်အရေး တစ်ခု ရှိနေသည့် အချိန်တွင် အမှန်တကယ် ဆွဲတင် ပေးနိုင်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်၊ ဆွဲတင် ပေးကြစေလိုသည့် ဆန္ဒ၊ ဆွဲတင် ပေးနိုင်ကြပါစေ ဆိုသည့် ဆုတောင်း အစရှိသည်တို့အား အခြေခံ၍ ဖြစ်ပေါ်လာသည့် ခေါင်းစဉ် တစ်ခုမျှသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။။

Tags:
Last Updated on Saturday, 11 August 2012 07:52
 
ရန်ပိုင်ကို ရွေးမှာလား ချန်ထားမှာလား PDF Print E-mail
Written by မိုးဝေ   
Sunday, 29 July 2012 11:47

"ရန်ပိုင်" ဆိုတာ မြန်မာ့ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှာ အမြဲလိုလို နေရာရလေ့ ရှိတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ ကလပ်အသင်း ရတနာပုံ အတွက် အလွန် အရေးပါတဲ့ ကစားသမား တစ်ယောက်ပါပဲ။ ရတနာပုံ အသင်းရဲ့ သမိုင်းတွင်ခဲ့တဲ့ အောင်မြင်မှု တွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ရန်ပိုင်ဟာ ကလပ်အသင်း အတွက် အရေးပါတဲ့ ဂိုးတွေကို အမြဲလို သွင်းယူပေး တတ်ပြီး အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ဖော် ပြသနိုင်လေ့ ရှိပေမယ့် လက်ရွေးစင် အသင်းအတွက် ကစားရတဲ့ ပွဲတွေမှာတော့ ဖိအားတွေနဲ့ ရင်ဆိုင်ရလေ့ ရှိသူ တစ်ယောက်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ဒီတစ်ကြိမ် ဆူဇူကီး ဖလား ခြေစစ်ပွဲဝင်မယ့် မြန်မာ့ လက်ရွေးစင် အသင်းမှာ ရန်ပိုင်ကို ရွေးချယ်ရေး မရွေးချယ်ရေးက ပရိသတ်များ အကြားမှာ ၀ိဝါဒ မကွဲပြားရုံမျှ မကဘဲ ဘောလုံး အသိုင်းအ၀ိုင်း၊ တာဝန်ရှိသူတွေ၊ နည်းပြတွေ အတွက်ပါ သို့လောသို့လော စဉ်းစားစရာ ဖြစ်လို့ နေခဲ့ပါတယ်။

Tags:
 
«StartPrev12NextEnd»

Page 1 of 2

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.