|
Written by မိုးဝေ
|
|
Saturday, 19 November 2011 18:05 |
|
အိုကိုချာရေ... မြန်မာ ယူ-၂၃ အသင်းတော့ မလေးရှားကို ရှုံးလို့ ဖိုင်နယ်နဲ့ လွဲခဲ့ရပြီနော်။ ကျွန်တော်တို့ မြန်မာ တစ်မျိုးသားလုံးရဲ့ ရင်ဘတ်ထဲက နာကျင်မှုက ပြေးမကြည့်လည်း သိနေတယ်ဗျာ။ တကယ့်ကို စိတ်မကောင်းစရာ ရလဒ် တစ်ခုပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ် ကျွန်တော်တို့ မြန်မာ ဘောလုံးအသင်း အနေနဲ့ စိတ်ဓာတ် ကောင်းကောင်း၊ စည်းကမ်းရှိရှိ ယှဉ်ပြိုင် ပြီးကာမှ ရှုံးခဲ့ရတာမို့ ကျွန်တော်တော့ ကျေနပ်ပါတယ်လို့ ပြောချင်တယ်ဗျာ။
|
|
Read more...
|
|
Written by အိုကိုချာ
|
|
Friday, 18 November 2011 13:07 |
|
ကိုမိုးဝေရေ ၂၀၁၁ ဆီးဂိမ်းစ် ပြိုင်ပွဲ ကျင်းပနေတာ ဘောလုံးပွဲစဉ်တွေ စတဲ့ရက်က ရေတွက်ရင် ဘာလိုလိုနဲ့ (၁၆)ရက်တောင်ရှိ သွားပြီပဲ။ ဒီအချိန်မှာ မြန်မာ အားကစားအဖွဲ့ရဲ့ ဆုတံဆိပ် ရပ်တည်မှု ကတော့ အားရစရာ မရှိသေးဘူးနော်။ ခုဆောင်းပါး ရေးချိန်အထိ မြန်မာက ရွှေ(၃)၊ ငွေ(၁၃)၊ ကြေး(၂၁)နဲ့ ပြိုင်ပွဲဝင် နိုင်ငံပေါင်း (၁၁)နိုင်ငံမှာ အဆင့်(၈)ကို ရောက်နေတယ်ဗျ။ ကိုယ့်နိုင်ငံက သေချာပေါက် ရကိန်းရှိတဲ့ အားကစားနည်း တစ်ချို့မှာလည်း အိမ်ရှင်တွေရဲ့ လုယူမှုခံ နေရတယ်နော်။ အင်းလေ..အိမ်ရှင် ဆိုတော့လည်း လုပေမပေါ့။ အင်ဒိုနီးရှား အစိုးရ အနေနဲ့ ဒီနှစ်ဆီးဂိမ်း ရွှေတံဆိပ် အားလုံးထဲက တစ်ဝက်တိတိ ယူပြီး ပထမနေရာ သိမ်းပိုက်ဖို့ ပစ်မှတ်ထား နေပါသတဲ့။
|
|
Read more...
|
|
Written by မိုးဝေ
|
|
Thursday, 17 November 2011 13:30 |
|
အိုကိုချာရေ... ဘာလိုလိုနဲ့ မြန်မာယူ-၂၃ အသင်းအတွက် အုပ်စုပွဲစဉ် (၅)ပွဲစလုံး ကုန်ဆုံးသွားပြီနော်။ ကျွန်တော်တို့ မျှော်လင့်ခဲ့တာထက် ပိုတဲ့ ခြေစွမ်းမျိုးနဲ့ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေကို ကျော်ဖြတ်ပြ နိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ အဖွင့်ပွဲ (၂)ပွဲမှာ အနီကတ် (၂)ကတ် ထိခဲ့တဲ့ကြားက ရသင့်ရထိုက်တဲ့ ရလဒ်တွေရခဲ့တယ်။ အုပ်စု လက်ကျန် ပွဲတွေမှာလည်း အမှားအယွင်းမရှိ ချီတက်ပြခဲ့တယ်။ ရှုံးပွဲမရှိဘဲ နိုင်သင့် နိုင်ထိုက်တဲ့ ပွဲအားလုံး အနိုင်ယူခဲ့တဲ့ မြန်မာအသင်းကိုတော့ ချီးကျူးမိတာ အမှန်ပါပဲ။
|
|
Read more...
|
|
Written by အိုကိုချာ
|
|
Wednesday, 09 November 2011 11:36 |
|
ကိုမိုးဝေရေ... (၂၆) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် သတင်းရယူဖို့ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့ကို ရောက်နေတာ ဒီနေ့နဲ့ဆိုရင် (၆)ရက် မြောက်ပါပြီ။ ဒီအတော အတွင်းမှာ ၀မ်းမြောက်စရာ သတင်းတွေလည်း မြင်ရကြားရတော့ ပြည်ပလိုက်ပြီး သတင်းယူတဲ့ အကြိမ်တွေမှာ ဒီတစ်ကြိမ်ဟာ ကျွန်တော့်အတွက် စိတ်ချမ်းသာစရာ ကောင်းဆုံးပဲ ဖြစ်မယ် ထင်ပါတယ်။
|
|
Last Updated on Wednesday, 09 November 2011 13:07 |
|
Read more...
|
|
Written by မိုးဝေ
|
|
Sunday, 06 November 2011 23:28 |
|
အိုကိုချာရေ... ကျွန်တော်တော့ မနေနိုင် မထိုင်နိုင် ဆောင်းပါးတစ်ပုဒ် ရေးချင်စိတ် ပြင်းပြလာတာကြောင့် ဆရာသမားကိုပဲ ဦးတည်ပြီး ရေးချလိုက်မိပြီဗျာ။ မနေ့က ဗီယက်နမ်နဲ့ ပွဲမတိုင်မီက ဟန်မှ ဟန်ပါ့မလား စိုးရိမ်စိတ် ၀င်ခဲ့မိပေမယ့် ကျွန်တော်တို့ ညီငယ်လေးတွေ ပွဲကြောင်နေတာ၊ ပြိုင်ဘက်ကို ရှိန်နေတာမျိုး လုံးလုံး မတွေ့ရဘဲ ပွဲစကတည်းက ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်ခြေစွမ်း ကိုယ်ထုတ်ပြီး အသင်းစိတ်ဓာတ် အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့တာ တွေ့ရတော့ တကယ့်ကို အားရ ကျေနပ်မိတယ်ဗျာ။
|
|
Last Updated on Monday, 07 November 2011 01:13 |
|
Read more...
|
|
Written by မိုးဝေ
|
|
Thursday, 03 November 2011 09:38 |
|
ဆရာ တာကာဟာရှိ ခင်ဗျာ... သန်ဘက်ခါ ဆိုရင်ပဲ မြန်မာယူ-၂၃ လက်ရွေးစင် ဘောလုံးအသင်း ပါဝင်တဲ့ (၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲတွေ စတင်ကစား ပါတော့မယ်။ ဒီတစ်ကြိမ် မြန်မာအသင်း ကံကောင်းတယ်လို့ပဲ ဆိုရမလား။ အုပ်စု အနေအထားကတော့ တော်တော်လေး ချောင်ချောင်လည်လည် ဖြစ်နေပါတယ်။ ဗီယက်နမ်ကို ခဏ ဘေးဖယ်ထားဦး၊ လာအို၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အရှေ့တီမော စတဲ့ အသင်းတွေထဲက ဘရူနိုင်းနဲ့ အရှေ့တီမော ဆိုတဲ့ နိုင်ငံတွေကတော့ ဘယ်အချိန် ထကန်ထကန် အနိုင်သေချာပြီးသား အသင်းတွေလို့ ဆိုရင် ရနိုင်ပါတယ်။ အရင်ကဆို လာအိုနဲ့ ဖိလစ်ပိုင်တို့လည်း မြန်မာအသင်းတွေ အတွက် ခက်ခဲတဲ့ ပြိုင်ဘက်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း နှစ်တွေမှာတော့ ဒီနိုင်ငံ (၂)နိုင်ငံဟာ သက်တမ်းအလိုက် အသင်းတွေမှာ သိသိသာသာ ခြေစွမ်း တက်လာတာတော့ ကျွန်တော်တို့ အားလုံး အသိပါပဲ။ ကျွန်တော်တို့ မြန်မာအသင်းတွေ ခြေစွမ်းကျဆင်းပြီး ရလဒ်တွေ ဆိုးရွားနေချိန်မှာ သူတို့တတွေရဲ့ ခြေစွမ်းက အတက်ပြ နေတာကြောင့် အခုဆိုရင် ဖိလစ်ပိုင်ဟာ ကမ္ဘာ့အဆင့်(၁၇၀) မြန်မာအသင်းထက် အဆင့် (၁၂)ဆင့် အသာရနေပြီး အဆင့် (၁၅၈)အထိ တက်လှမ်း နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီတစ်ကြိမ် ဆီးဂိမ်းစ်မှာ အုပ်စုချောင်ပေမဲ့ မြန်မာ့ ဘောလုံးအပေါ် စိတ်ဝင်စားကြသူ အားလုံးက ရတက်မအေး ဖြစ်နေရပြီး ကျွန်တော်တို့ရဲ့ မြန်မာယူ-၂၃အသင်း ဖိလစ်ပိုင်နဲ့ လာအိုကို နိုင်အောင်မှ ကန်နိုင်ပါ့မလား၊ ဆီမီးမှ တက်နိုင်ပါ့မလား စိုးရိမ်နေ ကြရပါတယ်။
|
|
Last Updated on Thursday, 03 November 2011 10:26 |
|
Read more...
|
|
Written by ဇင်သော်နိုင်
|
|
Saturday, 09 January 2010 16:11 |
 ကိုမိုးဝေရေ... ကျွန်တော်လည်း ဒီရက်ပိုင်း မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွေနဲ့ မအားမလပ် ဖြစ်နေတာကြောင့် ဒီဆောင်းပါးလေး ဆက်မရေးဖြစ် ခဲ့တာ တော်တော် ကြာသွား ပါပေါ့လား။ အခုတောင် လွတ်လပ်ရေးနေ့ အားလပ်ရက်လေး ရတုန်းမှာ ရုံးက Laptop လေး အိမ်ယူပြီး Homework အနေနဲ့ ရေးဖြစ်ခဲ့တာပါ။ ကျွန်တော့် အနေနဲ့ ပရိသတ်ကို တစ်ခုခု အကြွေးတင် နေတယ်လို့ ခံစား နေရတာကြောင့် အားလပ်ချိန်လေးကို အနားမယူဘဲ ဆောင်းပါးလေး တစ်ပုဒ် အပြီးသတ်အောင် မနည်း ဖြစ်ညှစ် ရေးခဲ့ရတာပဲ ကိုမိုးဝေရေ ...
|
|
Last Updated on Saturday, 09 January 2010 16:23 |
|
Read more...
|
|
Written by ဇင်သော်နိုင်
|
|
Tuesday, 22 December 2009 10:24 |
 ကိုမိုးဝေရေ... ကျွန်တော်တော့ ပြီးခဲ့တဲ့ တစ်ပတ်က ဆောင်းပါး အပိုင်း(၁)ကို ရေးသား ခဲ့ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် အပိုင်း(၂)ကို တော်တော်နဲ့ မရေး ဖြစ်ခဲ့ပါဘူး။ အခု မြန်မာပြည်ကို ပြန်ရောက်မှ ဒီဆောင်းပါးကို ဆက်ရေး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခက်အခဲ တချို့ ရှိနေတာကြောင့် ဒီရက်ပိုင်း အတွင်း Soccer Myanmar မှာ ပျက်ကွက်မှုတွေ ရှိနေတဲ့ အတွက်လည်း ဒီနေရာ ကပဲ ပရိသတ်ကို တစ်ပါတည်း တောင်းပန်လိုက် ပါတယ်။
|
|
Last Updated on Tuesday, 22 December 2009 11:05 |
|
Read more...
|
|
Written by ဇင်သော်နိုင်
|
|
Friday, 11 December 2009 17:26 |
 ကိုမိုးဝေရေ... ကျွန်တော်တော့ လောလောဆယ် ဗီယန်ကျင်းမြို့ရဲ့ ဗဟို အားကစား ကွင်းကြီးထဲက Media Room ထဲမှာ သက်တောင့် သက်သာနဲ့ ဒီဆောင်းပါးကို ရေးနေတာ ဖြစ်ပါတယ်။
|
|
Last Updated on Friday, 11 December 2009 17:59 |
|
Read more...
|
|
Written by Editor SM
|
|
Tuesday, 08 December 2009 11:57 |
ကျင်းပလျှက် ရှိတဲ့ ဆီးဂိမ်း ပြိုင်ပွဲမှာ မြန်မာ အသင်းဟာ ဒီဇင်ဘာ ၇ ရက်နေ့ စင်ကာပူ အသင်းကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။ ဒီပွဲဟာ မြန်မာ အသင်းအတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်လို့ ဒီပွဲ အရှုံးဟာ မြန်မာ အသင်းရဲ့ ဆီမီး တက်ရေး အိမ်မက်ကို ထိခုက်သွား စေခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲ ရှုံးနိမ့် ရခြင်းနဲ့ ပတ်သတ်ပြီး အားကစား ကလောင်ရှင် များရဲ့ အမြင်ကို မေးမြန်းကြည့်တဲ့အခါ ...
|
|
Read more...
|
|
|
|
Page 1 of 2 |