Wednesday, 22 May 2013
Home MNL Match Previews

Match Previews - Myanmar National League
အသင်းကြီး အားလုံး စနေနေ့မှာ ရင်ခုန်ရမယ့် မြန်မာ နေရှင်နယ်လိဂ် ဘူတာ(၈) ပွဲစဉ် သုံးသပ်ချက်များ PDF Print E-mail
Written by ယောနသံ   
Saturday, 21 May 2011 00:25

မြန်မာ နေရှင်နယ်လိဂ် ပွဲတွေကတော့ နားလိုက်၊ ကစားလိုက်နဲ့ တုံ့ဆိုင်းတုံ့ဆိုင်း သွားနေတဲ့ ရထားကြီး တစ်စီးလိုပါပဲ။ အခုတော့ အဲဒီ ရထားကြီးဟာ ဘူတာ(၈)ကို ဆိုက်ကပ်လို့ လာပါပြီ။ ဘူတာ(၈)ရဲ့ စနေနေ့ အချိန်ဇယားကို မုံရွာ၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန် လေးနေရာခွဲ ကစားမှာဖြစ်ပြီး ပထမနေ့မှာပဲ အသင်းကြီးတွေ အားလုံး ယှဉ်ပြိုင် ကစားမှာကို ရင်ခုန်ရမှာပါ။ စနေနေ့ ကစားပြီး ရင်ခုန်သံတွေ လျော့ကျသွား နိုင်တာကြောင့် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲရာမှာ ပါးနပ်မှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့် သေချာတာ တစ်ခုကတော့ စနေ ပွဲစဉ်တွေဟာ ပွဲကြည့်သူတွေကို ရင်ခုန် စိတ်လှုပ်ရှားစေမှာ အမှန်ပါပဲ။ ဒီတော့ စနေမှာ အထူး ရင်ခုန်ရမယ့်  မြန်မာ နေရှင်နယ်လိဂ် ဘူတာ(၈) မှာ ခဏခိုနားရင်း ...

Read more...
 
ဥဿာနဲ့ ရန်ကုန်တို့ ထိပ်တိုက်ရင်ဆိုင် တွေ့မယ့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၇) သုံးသပ်ချက် PDF Print E-mail
Written by ယောနသံ   
Friday, 06 May 2011 23:10

အနားပေးထားတဲ့ မြန်မာ နေရှင်နယ်လိဂ် ပွဲတွေကတော့ ဒီတစ်ပတ် ပြန်လည် ကစားမှာ ဖြစ်ပါတယ်။ အသင်းတွေ အနေနဲ့ နားလိုက်ပြန်စလိုက် ဖြစ်နေလို့ ခြေမမှန်တာတွေ ဖြစ်နိုင်တာ ကိုတော့ သတိထား ရမှာပါ။ ဒီနှစ် မြန်မာ နေရှင်နယ်လိဂ် ပွဲဟာ အကြိတ်အနယ်နဲ့ ကြည့်ကောင်းနေပြီး ဒီတစ်ပတ် ပွဲစဉ်(၇)မှာလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ ဥဿာနဲ့ ရန်ကုန်၊ မကွေးနဲ့ ကမ္ဘောဇ ပွဲတွေ ပါဝင်နေပြီး AFC President’s Cup ရှိတဲ့ ရတနာပုံ ပွဲကတော့ ဒီတစ်ပတ် နားထားတာကို တွေ့ရပါတယ်။

Read more...
 
အားလပ်ရက် မတိုင်မီ နောက်ဆုံး ပွဲစဉ်များ~ မြန်မာ နေရှင်နယ်လိဂ် သီတင်းပတ် (၄) သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Saturday, 05 February 2011 00:51

မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဟာ လာမယ့် သီတင်းပတ် အပြီးမှာ လက်ရွေးစင် အသင်း ပွဲတွေကြောင့် ဧပြီ ၂ ရက်နေ့ အထိ အနားရ တော့မှာ ဖြစ်ပြီး ဒီပွဲစဉ်တွေဟာ နောက်ဆုံး ပွဲစဉ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် အနားရ ထားတဲ့ အချိန်တွေမှာ အဆင့် ကောင်းကောင်း ရထားဖို့ ဒါဟာ နောက်ဆုံး အခွင့်အရေးပါ။ ဒီသီတင်းပတ်မှာ ရတနာပုံ - မကွေး၊ ဇေယျာရွှေမြေ - ကမ္ဘောဇ ပွဲစဉ်တွေ အကြိတ်အနယ် ရှိနိုင်ပြီး ရန်ကုန် - ရက္ခပူရ ပွဲစဉ်ကလည်း စိတ်ဝင်စားဖို့ ကောင်းနိုင်ပါတယ်။

Last Updated on Saturday, 05 February 2011 08:34
Read more...
 
ခြေစွမ်း အထက်ဆုံး ၂ သင်း ထိပ်တိုက်တွေ့တဲ့ မြန်မာ နေရှင်နယ်လိဂ် သီတင်းပတ် (၃) PDF Print E-mail
Written by ဇင်သော်နိုင်   
Friday, 28 January 2011 18:35

ဒီတစ်ပတ် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွေမှာ ထူးခြားတဲ့ ပွဲတစ်ပွဲ ကတော့ ရန်ကုန် ယူနိုက်တက်နဲ့ ဇေယျာရွှေမြေတို့ ထိပ်တိုက်တွေ့တဲ့ ပွဲပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အခုနှစ် MNL ဘောလုံး ရာသီမှာ အကောင်းဆုံး ၂ သင်းလို့ သတ်မှတ် ခံထားရတဲ့ အသင်းတွေ ဖြစ်ပြီး နှစ်သင်း စလုံးကလည်း ခြေစွမ်း အထက်မြက်ဆုံး အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပွဲဟာ ရတနာပုံ လက်ထဲက ချန်ပီယံဆုကို လုယူနိုင်ဖို့ ဘယ်သူ အဖြစ်နိုင် ဆုံးလဲ ဆိုတာ ပြသမယ့် ပွဲဆိုရင် မမှားပါဘူး။ ဒါ့အပြင် လက်ရှိ ချန်ပီယံ ရတနာပုံ အသင်း ကမ္ဘောဇ အိမ်ကွင်းမှာ သွားကစား ရမယ့် ပွဲကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Last Updated on Saturday, 29 January 2011 13:57
Read more...
 
ရတနာပုံ - ရန်ကုန် ထိပ်တိုက် တွေ့မှုနဲ့ မြန်မာ နေရှင်နယ်လိဂ် သီတင်းပတ် (၂) ခန့်မှန်း သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Thursday, 20 January 2011 20:36

ဒီနှစ် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ထူးခြားမှု တစ်ခုကတော့ ရန်ကုန် ယူနိုက်တက်နဲ့ ရတနာပုံ တို့ရဲ့ ပွဲစဉ် စောစောစီးစီး ကျရောက် လာတာပဲ ဖြစ်ပါတယ်။ ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံးလို့ သတ်မှတ်ရမယ့် ဒီထိပ်တိုက် တွေ့ဆုံမှုဟာ မြန်မာ နေရှင်နယ်လိဂ် ပရိသတ်တွေ နှစ်စဉ် စောင့်မျှော် ကြည့်ရှုခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ရတနာပုံကို သရေ ကစားထားတဲ့ ရက္ခပူရနဲ့ ဇေယျာရွှေမြေတို့ ထိပ်တိုက် တွေ့ဆုံမှု ကလည်း စောင့်ကြည့်ရမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။

Read more...
 
ပွဲဦးထွက် ရလဒ်ကောင်းဖို့ ကြိုးစားရမယ့် မြန်မာ နေရှင်နယ်လိဂ် သီတင်းပတ် (၁) ပွဲစဉ်များ သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Friday, 14 January 2011 18:19

မြန်မာ နေရှင်နယ်လိဂ် ၂၀၁၁ ပြိုင်ပွဲကြီးကို လာမယ့် ဇန်န၀ါရီ ၁၅ ရက်နေ့မှာ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ အသင်းပေါင်း ၁၂ သင်း ရှိတာမို့ တစ်ပတ်ကို ၆ ပွဲနှုန်း ကစားရ တော့မှာ ဖြစ်ပြီး ကွင်းအနေနဲ့လည်း အောင်ဆန်းကွင်း တစ်ကွင်း တိုးလာလို့ ရန်ကုန်မှာတင် တစ်နေ့ ၂ ပွဲ ကျင်းပနိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။ ပထမဆုံး သီတင်းပတ်မှာ အသင်းကြီး အချင်းချင်း ထိပ်တိုက် မတွေ့ဘဲ အသင်းငယ် တွေနဲ့သာ အသီးသီး ရင်ဆိုင်ရ မှာကို တွေ့ရပါတယ်။ ဒါ့အပြင် ပထမဆုံး သီတင်းပတ် ပွဲစဉ် ၆ ပွဲ စလုံးဟာ အိမ်ကွင်း - အဝေးကွင်း ခွဲဝေ သတ်မှတ်ချက် အရ သုဝဏ္ဏနဲ့ အောင်ဆန်းကို ယူထားတဲ့ အသင်းတွေရဲ့ အိမ်ကွင်း ပွဲတွေချည်း ဖြစ်နေလို့ ရန်ကုန်မြို့ မှာပဲ အားလုံး ကစားရမှာ ဖြစ်ပါတယ်။

Last Updated on Friday, 14 January 2011 18:24
Read more...
 
ချန်ပီယံဆု အတွက် အကြိတ်အနယ် ရှိနေဆဲ မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး သီတင်းပတ် ခန့်မှန်း သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Monday, 08 November 2010 14:17

ဒီနှစ် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဟာ နောက်ဆုံး သီတင်းပတ် အထိ ချန်ပီယံ ဘယ်သူမှန်း မသိနိုင်သေးတဲ့ အနေအထားမို့ တော်တော်လေး စိတ်ဝင်စား ဖွယ်ရာ ကောင်းနေပါတယ်။ အထူးသဖြင့် ချန်ပီယံ ဖြစ်နိုင်ချေ ရှိတဲ့ အသင်း ၂ သင်း ဖြစ်တဲ့ ဇေယျာရွှေမြေနဲ့ ရတနာပုံ တို့ဟာ နောက်ဆုံး ပွဲစဉ်မှာ ထိပ်တိုက် တွေ့နေ ကြတဲ့ အနေအထား ကလည်း တမင် ရည်ရွယ် ကြံစည် သလားတောင် ထင်ရတဲ့ အနေအထား မျိုးပါ။ ဒါကြောင့် ဒီတစ်ပတ် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွေဟာ နောက်ဆုံးနဲ့ အထွဋ်အထိတ် အကောင်းဆုံး အနေအထား ဖြစ်လာမှာ အသေအချာပါပဲ။

Read more...
 
ဆောက်သမ်းနဲ့ ဥဿာ ထိပ်တိုက်တွေ့တဲ့ MFF Max Cement Cup 2010 ဗိုလ်လုပွဲ အကြို ခန့်မှန်း သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Tuesday, 02 November 2010 19:44

အပတ်စဉ် ဗုဒ္ဓဟူး နေ့တွေမှာ ကျင်းပလာခဲ့တဲ့ MFF Max Cement Cup ရှုံးထွက်ဖလား ပြိုင်ပွဲကြီးဟာ အခုဆိုရင် ဗိုလ်လုပွဲ အဆင့်ကို ရောက်လာပြီး ဖြစ်ပါတယ်။ ပရိုလိဂ်က အသင်း ၁၁ သင်းနဲ့ အပျော်တမ်း လိဂ်က ထိပ်ဆုံး ၅ သင်း၊ စုစုပေါင်း ၁၆ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ ဗိုလ်လုပွဲကို တက်လာတဲ့ အသင်း ၂ သင်းက ဘယ်လိုမှ ထင်မှတ် မထားခဲ့တဲ့ ဥဿာ ယူနိုက်တက်နဲ့ ဆောက်သမ်း မြန်မာ အသင်းတို့ ဖြစ်နေတာဟာ ထူးခြားမှု တစ်ခုလို့ ဆိုရပါမယ်။

Last Updated on Tuesday, 02 November 2010 19:49
Read more...
 
ခြေရည်တူ အသင်းတွေချည်း ထိပ်တိုက်တွေ့တဲ့ ထူးထူးခြားခြား မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၂၁) အကြို ခန့်မှန်း သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Thursday, 28 October 2010 20:39

ဒီတစ်ပတ် ကစားမယ့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွေဟာ ကြံစည်ပြီးတော့ ရေးဆွဲထား သလား ထင်ရအောင် ခြေအညီဆုံး အသင်းတွေချည်း တွေ့ဆုံနေတဲ့ ပွဲတွေ ဖြစ်နေပါတယ်။ ချန်ပီယံလောင်း အသင်းတွေ ဖြစ်တဲ့ ရန်ကုန်၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ ရတနာပုံတို့ အချင်းချင်း ထိပ်တိုက်တွေ့ နေကြသလို ရှုံးထွက် ဖလား ဗိုလ်လုပွဲ ကစားရမယ့် ဥဿာနဲ့ ဆောက်သမ်း၊ ခြေကျနေတဲ့ အသင်း ၂ သင်း ဖြစ်တဲ့ ဒယ်လ်တာနဲ့ မကွေး စတာတွေလည်း ထိပ်တိုက် တွေ့နေကြ ပါတယ်။ နောက်ဆုံး ပွဲစဉ်မှာတောင် အောက်ဆုံး အသင်းသစ် ၂ သင်း ဖြစ်တဲ့ ဇွဲကပင်နဲ့ နေပြည်တော် ထိပ်တိုက်တွေ့နေ ပြန်တာကြောင့် ပွဲစဉ်တိုင်း အကြိတ်အနယ် ရှိမှာကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။

Read more...
 
MFF Max Cement Cup 2010 ဆီမီးဖိုင်နယ် ပွဲစဉ်များ အကြို ခန့်မှန် သုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Tuesday, 26 October 2010 21:02

ဒီတစ်ပတ် ဗုဒ္ဓဟူး နေ့မှာ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့ MFF Cup ရှုံးထွက် ဖလား ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားကြ တော့မှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် အဆင့်ကို တက်လာတဲ့ အသင်းတွေ ကတော့ ချန်ပီယံဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင် နေရတဲ့ ဇေယျာရွှေမြေ၊ ကမ္ဘောဇတို့ အပြင် ပထမနှစ်က အသင်းငယ် စာရင်း ၀င်ခဲ့တဲ့ ဆောက်သမ်းနဲ့ ဥဿာ အသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ချန်ပီယံ ဆုအတွက် အာရုံများ နေတဲ့ အသင်းကြီး တွေကို အသင်းငယ် တွေက မထင်မှတ်တဲ့ ရလဒ်တွေ ဖြစ်အောင် လုပ်ပြ နိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီနှစ်ပွဲ စလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ ကွင်း ၂ ကွင်း ခွဲပြီး ကစားမှာ ဖြစ်ပါတယ်။

Last Updated on Wednesday, 27 October 2010 09:01
Read more...
 
«StartPrev12345678NextEnd»

Page 1 of 8

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.