Saturday, 25 May 2013
Home Myanmar Suzuki Cup Latest News

အရှုံးအနိုင် ရလဒ်များ မပြတ်သားခဲ့သည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များ PDF Print E-mail
Written by Admin Team   
Monday, 10 December 2012 17:51

ကျင်းပလျှက် ရှိသည့် ဆူဇူကီးဖလား ပွဲစဉ်များ၏ ဆီမီးဖိုင်နယ် ပွဲများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၈)ရက်နှင့် (၉)ရက်များတွင် ကျင်းပခဲ့ရာ နှစ်ပွဲစလုံး အရှုံးအနိုင် အဖြေမပေါ်ခဲ့ဘဲ သရေရလဒ်များသာ ထွက်ပေါ်ခဲ့သည်။

 
အင်ဒိုကို ဂိုးပြတ် အနိုင်ယူကာ ချန်ပီယံ ကာကွယ်ခွင့် ပိုမို နီးစပ်လာခဲ့သည့် မလေးရှား~ဆီမီးဖိုင်နယ်တွင် ထိုင်းနှင့် မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့ တွေ့ဆုံနေ PDF Print E-mail
Written by Admin Team   
Sunday, 02 December 2012 07:41

ဆူဇူကီးပြိုင်ပွဲ၏ အုပ်စု(ခ)ပွဲစဉ်များကို ယနေ့ညနေက မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ရှိ ဘူကစ်ဂျာလီ အားကစား ကွင်းကြီးနှင့် ရှာအလမ် ကွင်းများတွင် တစ်ပြိုင်နက် ကျင်းပခဲ့သည်။ ရှာအလမ် ကွင်းတွင် ကျင်းပခဲ့သည့် လာအိုအသင်းနှင့် စင်ကာပူတို့၏ ပွဲစဉ်တွင် စင်ကာပူက (၃-၄)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဘူကစ်ဂျာလီ ကွင်းမှ အိမ်ရှင် မလေးရှားနှင့် အင်ဒိုနီးရှား တို့၏ ပွဲစဉ်တွင်မူ အင်ဒိုနီးရှားက (၂-၀)ဂိုးဖြင့် ရှုံးနိမ်ခဲ့သည်။

 
အသင်း၏ ခြေစွမ်းကို အလွန်ပင် လေးစားမိကြောင်း ထိုင်းနည်းပြချုပ် ရှက်ဖာ ဖွင့်ဟ PDF Print E-mail
Written by Admin Team   
Sunday, 02 December 2012 05:28

ရာနှုန်းပြည့် နိုင်ပွဲ ရရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ထိုင်းအသင်း၏ နည်းပြချုပ် ရှက်ဖာက အုပ်စုပွဲစဉ်များအတွင်း ပြသခဲ့သည့် စွမ်းဆောင်ရည် များအတွက် အလွန်ပင် လေးစားမိကြောင်း ဖွင့်ဟပြောကြား ခဲ့သည်။

 
ဖိလစ်ပိုင်သည် ကြံ့ခိုင်မှု အလွန်ကောင်းသည့် အသင်းဟု ဦးတင်မြင့်အောင် ချီးကျူး~ဆီမီးသို့ တက်နိုင်ခဲ့၍ အလွန်အမင်း ပျော်ရွှင်ကြောင်း ဖိလစ်ပိုင် နည်းပြချုပ် ဖွင့်ဟ PDF Print E-mail
Written by Admin Team   
Sunday, 02 December 2012 05:15

ပွဲချိန် နောက်ဆုံး မိနစ်တွင် ပေးလိုက်ရသည့် ဂိုးတစ်ဂိုး အပါအ၀င် ဖိလစ်ပိုင်ကို (၂)ဂိုးပြတ် ရှုံးနိမ့်ကာ ဆူဇူကီး ဖလား ပြိုင်ပွဲကို အုပ်စုအဆင့်မှပင် အစဉ်အလာမပျက် နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည့် မြန်မာအသင်း၏ မန်နေဂျာ ဦးတင်မြင့်အောင်က  မြန်မာအသင်း၏ တိုက်စစ်ဆင်မှုများကို ပွဲချိန်ပြည့်နီးပါး အကောင်းဆုံး ခုခံ ကစားနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်တွင် ဒုတိယမြောက် အနိုင်ဂိုးကိုပါ ထပ်မံသွင်းယူသွား ခဲ့သည့် ဖိလစ်ပိုင် အသင်း၏ ကြံ့ခိုင်မှုကို ချီးကျူးမှု ပြုခဲ့သည်။




"ဖိလစ်ပိုင်က ကြံ့ခိုင်မှုမှာတော့ တစ်ကယ်ကို ကောင်းပါတယ်"ဟု ဦးတင်မြင့်အောင်က ချီးကျူးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖိလစ်ပိုင် ကစားသမား များ၏ ကြံ့ခိုင်မှု အခြေအနေကို ချီးကျူးခဲ့သော်လည်း မြန်မာ အသင်းနှင့် ပတ်သက်၍မူ မိမိတို့ ကစားသမားများသည် လိဂ်ပြိုင်ပွဲ ပြီးပြီချင်းတွင် လာရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်သောကြောင့်  ပင်ပန်းနေကြကြောင်း ဖွင့်ဟခဲ့သည်။ ဆက်လက်၍ ဦးတင်မြင့်အောင်က ဖိလစ်ပိုင်နှင့် ပွဲတွင် မိမိတို့ ကစားသမားများ အနေဖြင့် အစွမ်းကုန် ကြိုးစားခဲ့ကြ သော်လည်း ရလဒ် မကောင်းခဲ့သည့် အတွက် ၀မ်းနည်းရကြောင်းလည်း ဖွင့်ဟခဲ့သည်။

"ကျွန်တော်တို့ စွမ်းနိုင်သလောက် အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ အခွင့်အရေး တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ တစ်ကယ်ဆိုရင် ကျွန်တော်တို့ နိုင်ခဲ့သင့်တာပါ"ဟု ဦးတင်မြင့်အောင်က ဆိုခဲ့သည်။ မြန်မာသည် ဖိလစ်ပိုင်ကို နောက်ဆုံးပွဲတွင် အနိုင်ရပါက ဆီမီးသို့ တက်ရောက်နိုင်မည် ဖြစ်သော်လည်း အခွင့်အရေးကို အသုံးမချ နိုင်ခဲ့ပေ။ ပွဲချိန် တစ်လျှောက်တွင်လည်း ဖိလစ်ပိုင် အပေါ် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ကစားနိုင်ခဲ့သည်။ သို့သော် သိပ်သည်းသည့် ဖိလစ်ပိုင်၏ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ဖိလစ်ပိုင်သည် မြန်မာကို အနိုင်ရခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ နှစ်ကြိမ်ဆက် တက်ရောက် နိုင်ခဲ့သည်။

 

 

ဆီမီးဖိုင်နယ်သို့ နှစ်ကြိမ်ဆက် တက်ရောက် နိုင်ခဲ့သည့် အတွက် အလွန် ၀မ်းမြောက်မိကြောင်း ဖိလစ်ပိုင် နည်းပြ မိုက်ကယ်ဝီးဇ်က ဖွင့်ဟခဲ့သည်။ ဖိလစ်ပိုင်သည် အဖွင့်ပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ကျန်နှစ်ပွဲတွင် ဗီယက်နမ်နှင့် မြန်မာအသင်းတို့ကို အနိုင်ရခဲ့သည်။ ၀ီးဇ်က "ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော့် ကစားသမားတွေရဲ့ စည်းကမ်း ကောင်းမွန်မှုနဲ့ မြင့်မားတဲ့ နားလည်မှုတွေ အတွက်လည်း ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်"ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက မိမိ၏ အသင်းသည် ကောင်းမွန်သည့် ဖိလစ်ပိုင် လူမျိုးတို့၏ စိတ်ဓါတ်ကို ပြသနိုင်ခဲ့ကြောင်း၊ ပြိုင်ဆိုင်မှု ပြင်းထန်မည့် ဆီမီးဖိုင်နယ် ပွဲစဉ်များအတွက် စိတ်လှုပ်ရှားမိကြောင်း ဆိုခဲ့သည်။ ဖိလစ်ပိုင်၏ ဆီမီးဖိုင်နယ် တက်ရောက်နိုင်မှုသည် ယခုတစ်ကြိမ် အပါအ၀င် ဆူဇူကီး ဖလားပြိုင်ပွဲတွင် ဒုတိယအကြိမ် ဖြစ်ပြီး နှစ်ကြိမ်ဆက် တက်ရောက် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဖိလစ်ပိုင်သည် ပြီးခဲ့သည့် ၂၀၁၀ ဆူဇူကီးဖလား ပြိုင်ပွဲတွင်လည်း မြန်မာ၊ ဗီယက်နမ် တို့နှင့် တစ်အုပ်စုတည်း ကျရောက် ခဲ့ပြီး မြန်မာအသင်းနှင့် သရေကျကာ အုပ်စု ဒုတိယဖြင့် ဆီမီးသို့ တက်ရောက်နိုင် ခဲ့ခြင်း ဖြစ်သည်။

 

 
ဖိလစ်ပိုင်ကို ရှုံးပြီး ဆူဇူကီး ပြိုင်ပွဲ အုပ်စုအဆင့်မှ မြန်မာထွက်ခွာခဲ့ရ~ဗီယက်နမ်လည်း ထိုင်းကို ရှုံးနိမ့်ခဲ့ PDF Print E-mail
Written by Admin Team   
Saturday, 01 December 2012 06:37

မြန်မာအသင်းသည် အုပ်စုမှ လွတ်မြောက်ရေး အတွက် အရေးပါသည့် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ဖိလစ်ပိုင် အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ ဖိလစ်ပိုင် အသင်းမှာမူ မြန်မာကို အနိုင်ရခဲ့သောကြောင့် နောက်ဆုံး (၂)ကြိမ်ဆက် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်သည့် စံချိန်ကို ရရှိသွားခဲ့သည်။ အနိုင်ရသည့် အသင်းသည် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မည် ဖြစ်သောကြောင့် အနိုင်ရလဒ်အတွက် နှစ်သင်းစလုံး အားထည့် ကစားခဲ့ကြပြီး ဖိလစ်ပိုင် အသင်းက တိုက်စစ်မှူး နှစ်ဦးဖြစ်သည့် ဖီးလ်ယန်းဟက်စဘန်းနှင့် ဂီရာဒိုတို့ သွင်းယူခဲ့သည့် ဂိုးများဖြင့် အနိုင်ရကာ ဆီမီးသို့ တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။

 
စင်ကာပူ ရှုံးပွဲကြုံပြီး ပထမနေရာမှ ဆင်းပေးခဲ့ရ~လာအိုကို အနိုင်ယူပြီး လက်ရှိ ချန်ပီယံ မလေးရှား နိုင်ပွဲစတင် ရရှိ PDF Print E-mail
Written by Admin Team   
Thursday, 29 November 2012 18:08

ကျင်းပလျက် ရှိသည့် ဆူဇူကီးဖလား အုပ်စု(ခ)၏ ဒုတိယမြောက် ပွဲစဉ်များကို ယမန်နေ့ညနေက ကျင်းပခဲ့ရာ အဖွင့်ပွဲတွင် လက်ရှိ ချန်ပီယံ မလေးရှားကို ခြေစွမ်းပြ ဂိုးပြတ် အနိုင်ယူခဲ့သည့် စင်ကာပူ အသင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပြီး မလေးရှားမှာမူ လာအိုကို ဂိုးပြတ်အနိုင်ယူကာ နိုင်ပွဲစတင် ရယူနိုင်ခဲ့သည်။

 
နိုင်ငံ၏ မျှော်လင့်ချက်ကို လက်လျော့မည် မဟုတ်ဟု ဦးတင်မြင့်အောင် ဖွင့်ဟ PDF Print E-mail
Written by Admin Team   
Thursday, 29 November 2012 04:52

မြန်မာအသင်း အနေဖြင့် အုပ်စုအဆင့်မှ လွတ်မြောက်နိုင်ရန် အတွက် နောက်ဆုံး ပွဲစဉ်ဖြစ်သည့် ဖိလစ်ပိုင်နှင့် ပွဲကို အနိုင်ကစားရန် လိုအပ်လျှက် ရှိရာ မြန်မာအသင်း၏ မန်နေဂျာ ဦးတင်မြင့်အောင်က မြန်မာ ကစားသမားများ အနေဖြင့် နောက်ဆုံးပွဲတွင် နိုင်ငံ၏ မျှော်လင့်ချက် ဖြစ်သည့် ဆူဇူကီး ဖလားပြိုင်ပွဲတွင် အောင်မြင်မှု ရရေးကို လက်လျော့မည် မဟုတ်ဟု ဖွင့်ဟခဲ့သည်။

 
ကံကြမ္မာကို ဆုံးဖြတ်ခွင့် ရနေခြင်းအပေါ် ဖိလစ်ပိုင် နည်းပြချုပ် ကျေနပ်~မြန်မာကို အနိုင်ကစားမည်ဟု ပြောကြား PDF Print E-mail
Written by Admin Team   
Thursday, 29 November 2012 04:50

ဖိလစ်ပိုင် အသင်း၏ နည်းပြချုပ် မိုက်ကယ်ဝီးဇ်က ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ခွင့် ရနေခြင်း အပေါ် ကျေနပ်မိကြောင်း ဆိုခဲ့သည်။ ဖိလစ်ပိုင်သည် လက်ရှိအချိန်တွင် ရမှတ် (၃)မှတ်ဖြင့် အုပ်စု(ခ)၏ ဒုတိယ နေရာတွင် ရှိနေပြီး နောက်ဆုံးပွဲတွင် ယှဉ်ပြိုင်ရမည့် မြန်မာနှင့်ပွဲ ရလဒ်မှာ ၎င်းတို့အသင်း ဆီမီးတက်ခွင့် ရမရအပေါ် လုံးဝမူတည်လျှက် ရှိသည်။

 
မြန်မာအသင်း၏ အုပ်စုနောက်ဆုံး ပွဲစဉ်ကို မြောင်တောင် ကွင်းအစား ဆူပါချလာဆိုင်း ကွင်းသို့ပြောင်းရွှေ့ ကျင်းပမည် PDF Print E-mail
Written by Admin Team   
Thursday, 29 November 2012 04:42

ဆူဇူကီး ဖလား အုပ်စုပွဲစဉ်များ၏ နောက်ဆုံးပွဲများကို တစ်ပြိုင်ထဲ ကျင်းပရန် စီစဉ်ထားရာ မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို ယခင်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့သည့် ရာဇမင်္ဂလာ ကွင်းတွင် ယှဉ်ပြိုင်ရမည် မဟုတ်ဘဲ ကွင်းပြောင်း၍ ကစားရမည် ဖြစ်သည်။

 
အင်ဒိုနှင့်ပွဲကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို စင်ကာပူ နည်းပြချုပ် ဝေဖန် PDF Print E-mail
Written by Admin Team   
Thursday, 29 November 2012 03:02

အင်ဒိုနီးရှားအား ပွဲပြီးကာနီးတွင် ပေးလိုက်ရသည့် ဂိုးတစ်ဂိုးတည်းဖြင့် ရှုံးနိမ့်ကာ အုပ်စုဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည့် စင်ကာပူ အသင်း၏ နည်းပြချုပ် အေဗရာမိုဗစ်က ထိုပွဲကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဖြစ်သူ၏ ဆုံးဖြတ်ချက်များကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း goal.com မှ ဖော်ပြခဲ့သည်။

 
«StartPrev12345678910NextEnd»

Page 1 of 12

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.