Thursday, 23 May 2013
Home World Others အခြား ဆောင်းပါးများ

Other Articles
လန်ဒန် အိုလံပစ်မှာ အောင်ပွဲခံမှာ ဘယ်အသင်းလဲ PDF Print E-mail
Written by ထွန်းထွန်း   
Friday, 20 July 2012 15:49

ဘောလုံး လောကမှာ လူငယ် ဘောလုံးသမားတွေ အတွက် ပထမဆုံး မျှော်လင့်ချက် ရွှေရောင် အိပ်မက်လို့ ပြောလို့ရတဲ့ အိုလံပစ် ရွှေတံဆိပ် ပေးအပ်ချီးမြှင့်မယ့် နွေရာသီ အိုလံပစ် အားကစား ပြိုင်ပွဲဟာ မကြာခင်မှာ လန်ဒန်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ထူးခြားချက် တစ်ခု အနေနဲ့ (၂)နှစ် ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနား အသင်းဟာ ခြေစစ်ပွဲ မအောင်လို့ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပထမဆုံး အိုလံပစ် ပြိုင်ပွဲရဲ့ ရွှေတံဆိပ်ဆုရှင် ဂရိတ်ဗြိတိန် အသင်းက အိမ်ရှင် အဖြစ် ပါဝင်နေတဲ့ ဒီပြိုင်ပွဲမှာ နာမည်ကြီး ဘောလုံးသမား အများအပြား ပါဝင်နေတဲ့ ဘရာဇီး အသင်းထက် ရေပန်း မစားပဲ ဗိုလ်စွဲနိုင်ခြေ အဆင့်(၃)နေရာမှာသာ ရပ်တည်နေပါတယ်။ ပြိုင်ပွဲ မကျင်းပခင် လောင်းကစား ဒိုင်များရဲ့ ခန့်မှန်း အလေးပေးမှုမှာတော့ အိုလံပစ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် နာမည်ကြီးသလောက် တစ်ကြိမ် တစ်ခါမှ ရွှေတံဆိပ် မရရှိခဲ့ဘူးတဲ့ ဘရာဇီး အသင်းဟာ ဗိုလ်စွဲနိုင်ခြေ အများဆုံးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Read more...
 
ပွဲမ၀င်ခင် အပြင်က ကျင်းပဖို့ သူတို့ ပြင်ဆင်ကြပြီ PDF Print E-mail
Written by ထွန်းထွန်း   
Friday, 13 July 2012 14:11

မရပ်မနား ပြေးလွှားနေတဲ့ ဥရောပ ဘောလုံး စက်ဝန်းကြီးဟာ တစ်ပတ်ပြည့်ခဲ့ ပြန်ပါပြီ။ ရာသီဟောင်းတုန်းက အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ အားလုံးဟာ တစ်ခန်း ရပ်ခဲ့ပါပြီ။ ဒါကြောင့် ရာသီသစ် အတွက် ကလပ် အသင်းတွေဟာ ပွဲမ၀င်ခင် အပြင်က ကျင်းပ ဆိုသလို ရာသီသစ် အတွက် ခြေစမ်းပွဲ ခရီးစဉ်များကို စတင် ရေးဆွဲခဲ့ကြပြီပဲ ဖြစ်ပါတယ်။ ဒီရာသီကြို ခြေစမ်း ပွဲတွေဟာ ကိုယ့်အသင်းရဲ့ အားနည်းချက် အားသာချက်နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်လို့ ကလပ် အသင်းတိုင်း ကလပ် အသင်းတိုင်ဟာ အသင်းကြီးတွေနဲ့ ခြေစမ်းမှုတွေ ပြုလုပ်သလို အသင်းရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ အတွက် ကလပ် အသင်းငယ်လေးတွေနဲ့လည်း ကစားဖို့ စီစဉ်ကြလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် မန်ယူအသင်း ပေါ်တူဂီကို ခြေစမ်းပွဲ သွားကစားတုန်းက လစ္စဘွန်း အသင်းရဲ့ လူငယ်ကစားသမားလေး စီရော်နယ်ဒိုကို ရရှိ ခဲ့တာကတော့ အကောင်းဆုံး သာဓကပါ။ ဒါကြောင့် ဒီခြေစမ်း ပွဲစဉ်တွေကို ကလပ် အသင်းတွေဟာ ဈေးကွက် ရှာဖွေရေး အနေနဲ့သာ မဟုတ်ဘဲ ဘောလုံးသမား ရှာပုံတော် ဖွင့်ကြခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလပ်အသင်း တစ်သင်းချင်းစီရဲ့ ရာသီကြို ခြေစမ်း ပွဲစဉ်တွေကို အခုလို တစ်သင်းချင်စီ လေ့လာသုံးသပ် လိုက်ရပါတယ်။

Read more...
 
ငွေ … ငွေ … အားလုံးကြိုက်တဲ့ငွေ PDF Print E-mail
Written by ထင်အောင်ရ   
Friday, 13 July 2012 11:36

ဘ၀မှာ ငွေဟာ အဓိက အကျဆုံး လိုအပ်ချက် မဟုတ်ဘူးလို့ ကိုးကား ပြောဆိုသူတွေ များပါတယ်။ ဒါပေမဲ့လည်း ငွေဟာ ဘ၀ရဲ့ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ခုလည်း ဖြစ်နေပြန်တယ် မဟုတ်လား။ ဒါကြောင့် လူတွေဟာ ငွေကို နည်းလမ်းမျိုးစုံနဲ့ ရှာဖွေ စုဆောင်း တတ်ကြပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံး လောကမှာလည်း ငွေကို ထူးထူးခြားခြား ရှာဖွေခဲ့သူတွေ ရှိခဲ့ဖူးတယ်လို့ Four Four Two မဂ္ဂဇင်းက ဆိုပါတယ်။ ပုံမှန် အနေအထားမှာတော့ လုပ်ခ လစာတွေ၊ ကြော်ငြာ စပွန်ဆာကြေးတွေ၊ ရုပ်သံ ထုတ်လွှင့်ခွင့် ၀င်ငွေတွေဟာ ဘောလုံးသမားတွေ၊ နည်းပြတွေ၊ အသင်းတွေရဲ့ အဓိက အကျဆုံး ငွေရှာဖွေမှု ရင်းမြစ်တွေပါ။ ဒါပေမဲ့ ခေတ်မကောင်းတဲ့ အခါ၊ ဒါမှမဟုတ် စိတ်ကူးဥာဏ် ကွန့်မြူးလာတဲ့ အခါမှာ ဘောလုံး လောကနဲ့ ဆက်နွယ် သူတွေဟာ အပြောင်းအလဲ နည်းလမ်းတွေနဲ့ ၀င်ငွေ ရှာကြဖူးပါတယ်။

Read more...
 
လားရာ မတူညီခဲ့သော အပြောင်းအလဲများ PDF Print E-mail
Written by ထင်အောင်ရ   
Thursday, 05 July 2012 11:45

ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲလည်း ပြီးဆုံး သွားခဲ့ပါပြီ။ နိုင်ငံပွဲတွေကို အပြည့်အ၀ အာရုံစိုက်နေတဲ့ ဘောလုံး ပရိသတ်တွေ အနေနဲ့ မကြာခင် ကလပ် ပြိုင်ပွဲတွေ ပြန်စတင် လာတဲ့အခါ အားပေးဖို့ စိတ်ကူးနေမှာ ဖြစ်သလို ကလပ်အသင်း အသီးသီးကလည်း ဘောလုံး ရာသီသစ် အတွက် အပြောင်းအလဲတွေ၊ မူဝါဒသစ်၊ အစီအစဉ်သစ်တွေ စတင် လုပ်ဆောင်နေကြတာ တွေ့မြင်နိုင်ပါလိမ့်မယ်။ အသင်းအသီးသီး အနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ပိုပြီးတောက်ကြွား ပီပြင်အောင် အကောင်းဆုံး တွေးတော စဉ်းစားပြီး စီမံကိန်းတွေ ရေးဆွဲနေမှာ သေချာပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်လေ မျှော်လင့်တကြီး စီစဉ်ခဲ့တဲ့ အပြောင်းအလဲတိုင်း ကောင်းလှတာတော့ မဟုတ်ပါဘူး။ အလွဲအချော်တွေ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရတာတွေ ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း သာမန်လောက် မျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဟာ အရမ်းကြီးကြီးမားမား အောင်မြင် သွားခဲ့တယ် ဆိုတဲ့ သာဓကတွေ အများကြီး လက်တွေ့မြင်နိုင်ပါတယ်။

Read more...
 
ထူးထွေဆန်းပြား လက်ဆောင်များ PDF Print E-mail
Written by Admin Team   
Friday, 11 May 2012 16:20

ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြီးမှာ အမေရိကန် ဂိုးသမားကြီး ကေစီကဲလား ဘောလုံးသမား ဘ၀ကနေ အပြီးတိုင် အနား ယူခဲ့ပါတယ်။ အဲဒီတုန်းက သူနောက်ဆုံး ကစားပေးနေတဲ့ ဆီယက်တဲလ် ဆောင်းဒါးစ် အသင်းက ကဲလားကို ထူးဆန်းတဲ့ လက်ဆောင်တစ်ခု အမှတ်တရ ပေးအပ်ခဲ့တယ်။ အသင်းအတွက် အလုပ်အကျွေး ပြုခဲ့သူ ဂိုးသမားကြီး အတွက် ဆောင်းဒါးစ်က ကျေးဇူးတင်တဲ့ အနေနဲ့ ပေးခဲ့တဲ့ လက်ဆောင်က ပန်းရောင် တောကြမ်းစီး လေးဘီးတပ် ဆိုင်ကယ်ကြီး ဖြစ်ပါတယ်။ တော်တော်တော့ လိုက်မီဖို့ခက်တဲ့ စိတ်ကူးနဲ့ ခုလက်ဆောင်ကို ပေးခဲ့ပုံပါပဲ။ အဲဒီလိုမျိုး ဘောလုံး လောကမှာ ထူးထူးဆန်းဆန်း ပေးအပ်တဲ့ လက်ဆောင်တွေအကြောင်း Four Four Two မဂ္ဂဇင်းက ခုလို ဖောက်သည် ချခဲ့ပါတယ်။

Read more...
 
ဘောလုံးဆုံးရှုံးရင် ငရဲကြီးတတ်တယ်ဆိုတဲ့ နူးကမ့်ကို ကျောခိုင်းရက်သူ PDF Print E-mail
Written by လူလူမင်း   
Thursday, 03 May 2012 16:47

အရပ် ဒေသတိုင်းမှာ ထင်ရှားတဲ့ နေရာတွေ ရှိပါတယ်။ ဂျပန်က ဆာမူရိုင်းတွေ၊ ရာကူဇာဂိုဏ်းတွေရဲ့ ဌာနချုပ်တွေလို သြဇာ ကြီးမားတဲ့ နေရာ၊ တရုတ်ပြည်မှာ ရှောင်လင်ဂိုဏ်း ဌာနချုပ်လို အရှိန်အ၀ါ ကြီးမားတဲ့ နေရာတွေပါ။ စပိန် မျက်မှောက်ခေတ်မှာ ဘာစီလိုနာရဲ့နာမည်ကျော် ဘောလုံး အကယ်ဒမီ လာမာဆီယာက ထင်ရှားပါတယ်။ ဒီကျောင်းဟာ ဘောလုံး သူရဲကောင်းများရဲ့ အောင်မြေလို့ တင်စားလို့ ရပါတယ်။ ဒါပေမဲ့ နူးကမ့်ကနေ မီတာ (၁၀၀)လောက်ဝေးတဲ့ ဒီဘောလုံး အကယ်ဒမီကို ဂွါဒီယိုလာ ဆိုတဲ့ ချာတိတ်လေးက ဖိနပ်မပါ ခြေဗလာနဲ့ ကျောင်းတက် ခဲ့ရပါတယ်။

Read more...
 
ဘောလုံးလောကသားတွေရဲ့ ယောင်္ကျားမျက်ရည် PDF Print E-mail
Written by ထင်အောင်ရ   
Wednesday, 25 April 2012 16:03

ငိုကြွေးခြင်းဟာ စိတ်လှုပ်ရှားမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်လာတတ်တဲ့ အပြုအမူ တစ်ခုပါ။ မျက်ရည်ကျတယ် ဆိုတာဟာ ယောက်ျားထုနဲ့ မအပ်စပ်ဘူးလို့ ယုံကြည် ခံယူထားသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ စိတ်ခံစားမှုကို မျက်ကွယ်ပြုလို့ မရတဲ့ လူသားတွေပီပီ ဘောလုံး သမားတွေဟာလည်း ငိုကြွေးမှုတွေ ပြုလုပ်ဖူးကြပါတယ်။ အဲဒီလိုပဲ ဘောလုံး လောကနဲ့ ဆက်နွယ် အကြောင်းပြုပြီး နာမည်ကျော် ပုဂ္ဂိုလ် တချို့လည်း ငိုကြွေး ခဲ့ကြဖူးတာတွေ ရှိပါတယ်။ ဘောလုံးနဲ့ ပတ်သက်ရင် ထူးထူးဆန်းဆန်း၊ ပေါက်ပေါက်ရှာရှာ အကြောင်းအရာမျိုးလေးတွေကို မှတ်တမ်းပြုစု ဖော်ပြလေ့ ရှိတတ်တဲ့ Four Four Two မဂ္ဂဇင်းက ဘောလုံးနဲ့ ပတ်သက်ပြီး ပြောစမှတ် တွင်တဲ့ ငိုကြွေးမှုတွေ အကြောင်းကို ခုလို စုစည်း ဖော်ပြခဲ့ပါတယ်။

Last Updated on Wednesday, 25 April 2012 16:32
Read more...
 
ဘောလုံး လောကမှ သဘာဝလွန် ဖြစ်ရပ်များ PDF Print E-mail
Written by ထင်အောင်ရ   
Thursday, 29 March 2012 15:23

သရဲ တစ္ဆေတွေ၊ နာနာဘာဝ ၀ိညာဉ်တွေ အကြောင်း ဇာတ်လမ်းတွေဟာ ပုံပြင် ဒဏ္ဍာရီ ဆန်လွန်းတယ်လို့ ဆိုရမှာပါ။ ပရလောက ဆိုတာ လက်တွေ့မှာ ထိတွေ့သိမြင်ဖို့ မလွယ်ကူပေမယ့် ကမ္ဘာ့နေရာ အရပ်ရပ်၊ လူမျိုး အသီးသီးမှာ ဒီသဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို ယုံကြည်မှု ဓလေ့ ထုံးစံတွေ တူတူညီညီ ရှိနေတာကိုတော့ မငြင်းနိုင်ပါဘူး။ လူသူ မရှိတဲ့ နေရာမှာ ညသန်းခေါင်ယံ ကြားနေရတဲ့ ခြေသံတွေ၊ ဒေါသကြီးနေတဲ့ ၀ိညာဉ်တွေ ဆိုတာဟာ Warner Brosက တာဝန်ယူ ရိုက်ကူးတဲ့ ဟောလီးဝုဒ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Supernatural (သဘာဝလွန် ဖြစ်ရပ်)မှာတော့ ကြည့်လို့ကောင်းတဲ့ ဖန်တီး တင်ဆက်မှုတွေ အဖြစ် ရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ ဘောလုံး လောကနဲ့ တကယ်ပဲ ထိတွေ့ ဆက်နွယ် နေတယ်လို့ ယုံကြည်ရပြီ ဆိုရင်တော့ ဒါဟာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ။

Last Updated on Thursday, 29 March 2012 15:41
Read more...
 
အိုဘယ့် ဒိုင်လူကြီး PDF Print E-mail
Written by ထင်အောင်ရ   
Thursday, 23 February 2012 13:47

ဘောလုံး ကွင်းထဲမှာ ချီးကျူးမှုထက် ဝေဖန်ရှုတ်ချမှုကို အခံရဆုံး လူသားတွေကို ပြပါဆိုရင် ဒိုင်လူကြီးတွေကိုပဲ လက်ညှိုး ထိုးပြရပါလိမ့်မယ်။ အနိုင်ရလဒ် တစ်ခုအတွက် လူသား (၂၂)ယောက် အသည်းအသန် ယှဉ်ပြိုင် နေရတဲ့ အချိန်မှာ ဒိုင်တွေရဲ့ အဆုံးအဖြတ် တစ်ခု အငြင်းပွားစရာ ဖြစ်လိုက်ရုံနဲ့ ကစားသမားတွေ၊ နည်းပြတွေ၊ ပရိသတ်တွေ၊ မီဒီယာတွေဆီက စကားလုံး မြားချက်ပေါင်း မြောက်မြားစွာကို ခံယူနေရကျ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကွင်းလယ်က အရှင်သခင်တွေ ဖြစ်ခဲ့တဲ့ ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး အံ့ဩစရာ၊ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ချင်စရာ၊ ငိုအားထက် ရယ်အားသန်စရာ၊ မချိသွားဖြဲချင်စရာ အဖြစ်အပျက်လေး တချို့ကို စုစည်း တင်ဆက် ပေးလိုက်ပါတယ်။

Last Updated on Thursday, 23 February 2012 17:16
Read more...
 
အင်္ဂလန် ကလပ် အသင်းတွေရဲ့ ဥရောပ စစ်မြေပြင် PDF Print E-mail
Written by လူလူမင်း   
Wednesday, 15 February 2012 13:26

ချန်ပီယံလိဂ် ဆောင်းရိုင်းညရဲ့ ရှုံးထွက် ပွဲတွေဟာ အသည်း တုန်စရာ ကောင်းလောက်တယ်။ ရာသီက ကြမ်းကြမ်း၊ ပွဲတွေကလည်း ကြမ်းကြမ်း ပရိသတ်တွေရဲ့ နှလုံးသားကို အေးစက်တဲ့ လက်ကြမ်းကြီးတွေနဲ့ ဆုပ်ကိုင် လိုက်သလို ခံစားကြ ရပါတယ်။ ဒါကြောင့်လည်း မော်ရင်ဟိုက "ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ပွဲတွေကို ကျွန်တော်ချစ်တယ်။ ဒီပွဲတွေက စိတ်ဓာတ် ခိုင်မာမှုကို ဒီဇိုင်း ပုံဖော်ပေးတယ်။ ဘာကြောင့်ဆို အချိန်တိုင်း ဖိအားတွေ များတတ်လွန်းလို့ပါ" တဲ့။

Read more...
 
«StartPrev1234NextEnd»

Page 1 of 4

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.