|
Written by Mania (SMC)
|
|
Friday, 10 May 2013 22:55 |
|
သေချာတာတော့ အိုးထရက်ဖို့ဒ် ကောင်းကင်က ကြယ်တစ်ပွင့်ကြွေတာ မဟုတ်ဘူး။ လမင်းတစ်စင်း ကြွေသွားတာ....။ Credit: ဆောင်းနမ်းနွေ(ရမည်းသင်း) ===============
|
|
Read more...
|
|
Written by ကောင်းမြတ်သူ
|
|
Saturday, 27 April 2013 21:02 |
|
ကျွန်တော် ပြီးခဲ့တဲ့နှစ်က ကြည်လင်းအကြောင်း ဆောင်းပါး တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ သူရဲကောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ MNLအဖွင့် ပွဲစဉ်မှာ ကျွန်တော်သူ့ရဲ့  ခြေစွမ်းကို စပီး တွေ့မြင်ခံစား ခဲ့ရတာပါ။ အဲ့ဒီ အချိန်ကတည်းက သူ့ကိုကျွန်တော် လက်ရွေးစင် ကစားသမားတစ်ဦး အဖြစ် နိုင်ငံ့ဂုဏ် ဆောင်နိုင်မယ်လို့  စိတ်ကူး မျှော်လင့်ခဲ့ပါတယ်။ ၃နှစ်လောက် ကြာမြင့်ခဲ့တဲ့ အချိန်မှာတော့ သူဟာ မြန်မာအသင်း အတွက် မရှိမဖြစ် ကစားသမား တစ်ဦး အဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပါတယ်။
|
|
Read more...
|
|
Written by ပန်သုမောင်
|
|
Thursday, 07 March 2013 17:32 |
|
မနေ့ညက တကမ္ဘာလုံးစောင့်ကြည့်နေကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲမက်ဒရစ် တို့ရဲ့ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ပြိုင်ပွဲ ပြီးဆုံး သွားပါပြီ..။ အားလုံးသိတဲ့ အတိုင်း မန်ယူရှုံးပြီး မက်ဒရစ် နိုင်သွား ခဲ့ပါတယ်..။ အင်တာနက်စာမျက်နှာပေါ်မှာလဲ နာနီရဲ့ အနီကတ်၊ မန်ယူရဲ့အရှုံးနဲ့ ပါတ်သက်ပြီးအမျိုးမျိုးသော ကွဲလွဲတဲ့ သဘော ထားတွေကို တွေ့နေရပါတယ်..။ နှစ်သင်းပြိုင် တစ်သင်း ထွက်ရမဲ့ပွဲမှာ ရှုံးတဲ့အသင်းထွက်ရတာ မဆန်းပါဘူး..။
|
|
Last Updated on Thursday, 07 March 2013 22:58 |
|
Read more...
|
|
Written by လင်းရောင်
|
|
Tuesday, 27 November 2012 01:04 |
|
မနေ့ကပေါ့..။ ကျွန်တော်နေတဲ့ အိမ်ယာက မလေး လူမျိုးတွေ မနက်ကတည်းက လှုပ်လှုပ်ရွရွဖြစ်နေကြတယ်။ ဘောလုံး ပွဲကြည့်ဖို့ပေါ့။ သူတို့နိုင်ငံ အသင်းက သူတို့မြေ သူတို့ရေမှာ စင်ကာပူအသင်းကို ရင်ဆိုင်ရမယ်။ အင်နဲ့ အားနဲ့ သွားအားပေးဖို့ မနက်ကတည်းက အလံတွေပြင်.. ဂျာစီတွေ ၀တ်နဲ့ ဆိုပါတော့။ လမ်းမပေါ်မှာလည်း မလေးရှား အလံတွေ တလူလူ လွှင့်နေတဲ့ ကိုယ်ပိုင် ကားတွေက မြင်မဆုံးဘူး။ မလေးရှား လူမျိုးတွေက သူတို့အသင်းကို တကယ် အားပေးတာပါ။ ဘယ်လောက်တောင်လဲ ဆိုတော့ မန်ယူပွဲနဲ့ သူတို့နိုင်ငံက ပြည်တွင်း ကလပ်ပွဲတွေနဲ့ တိုက်ဆိုင်ရင်တောင် မန်ယူပွဲ မကြည့်ဘဲ သူတို့ပြည်တွင်း ကလပ်တွေကို အားပေးကြတာ မျက်မြင်ပါပဲ။ နိုင်ငံ ကိုယ်စားပြုအသင်း ဆိုရင်တော့ တွေးသာကြည့်ပါတော့။ ကြီးကြီးကျယ်ကျယ် .. ပျိုပျိုအိုအို . ကလေးလူကြီးပါ မကျန် သည်းသည်းလှုပ် အားပေးကြပါတယ်။ (မလေးတရုတ်တွေတော့ သိပ်မပါဘူး)
|
|
Last Updated on Tuesday, 27 November 2012 01:17 |
|
Read more...
|
|
Written by လင်းရောင်
|
|
Monday, 26 November 2012 18:39 |
|
အဲဒီ အချိန်တုန်းက အိမ်တိုင်း လိုလိုမှာ တီဗွီ ရှိပါတယ်။ ဒါပေမယ့် အိမ်တိုင်းလိုလိုမှာတော့ မီးစက်မရှိသေးဘူး။ အဲဒီတော့ အချိန်တိုင်းလိုလို မီးပြတ်နေတတ်တဲ့ ကျွန်တော်တို့ ရပ်ကွက်ကလေးမှာ တီဗွီက လာတဲ့ ဘောလုံးပွဲကို ကြည့်ဖို့ဆိုရင် ကျွန်တော်တို့ အိမ်လို မီးစက်ရှိတဲ့ အိမ်တွေကို အားကိုးကြရတယ်။ ဒါတောင် မီးစက်ရှိတိုင်း ကြည့်ရတာ မဟုတ်ပါဘူး။ မြန်မာ့အသံက လွှင့်တဲ့ပွဲ မဟုတ်ရင် ၈ ပေစလောင်း ရှိမှ ကြည့်လို့ရတာ မဟုတ်လား။ ဘောလုံးပွဲတစ်ပွဲ ကြည့်ရဖို့ လိုအပ်ချက်တွေ တော်တော်များများ ရှိပါတယ်။ မြန်မာပွဲ ရှိတဲ့နေ့ ဆိုရင် နီးစပ်ရာ ၈ ပေစလောင်းရှိ၊ မီးစက်ရှိတဲ့ အိမ်တွေမှာ သွားကြည့်ကြရတယ်။ ကျွန်တော်တို့ ရပ်ကွက်က ဘောလုံး ခရေဇ ရပ်ကွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာအသင်း ခရေဇီတွေပါ။ မြန်မာပွဲ ရှိတယ်ဆိုရင် တစ်မြို့လုံးနီးပါး တီဗွီရှေ့ကို ရောက်နေကြတာ ထုံးစံပဲ။ အဲဒီနေ့က မြန်မာပွဲ ရှိတယ်။ ကျွန်တော်တို့ အိမ်မှာ လူစုံတယ်။
|
|
Read more...
|
|
Written by Francis sawbywehtoo
|
|
Wednesday, 24 October 2012 19:29 |
|
မနီလာ( အောက်တိုဘာလ ၂၂၊ ၂၀၁၂)။ ။ မြန်မာ ၁၉ နှစ်အောက် လက်ရွေးစင် အမျိုးသမီး အသင်းသည် ၁၉ နှစ်အောက် အာရှခြေစစ်ပွဲ ပထမ အဆင့် ယှဉ်ပြိုင်ဖို့ ရန် မနီလာမြို့ ကို အောက်တိုဘာလ ၁၆ရက်နေ့ တွင် ရောက်ရှိခဲ့ပါတယ်။ မြန်မာ အမျိုးသမီး ၁၉ နှစ်အောက် လက်ရွေးစင် အသင်းသည် Group C အဖွဲ့ ဝင်များ ဖြစ်ကြသည့် တရုတ်တိုင်ပေ အသင်း၊ ဖိလစ်ပိုင် အသင်း၊ တရုတ်ဟောင်ကောင် အသင်းတို့ နှင့် အောက်တိုဘာလ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဖိလိပိုင်နိုင်ငံရှိ ရီဇား မယ်မောရီယာ အားကစားကွင်းတွင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ရာ ၃ ဂိုး ၁ ဂိုး၊ ၄ ဂိုး ဂိုးမရှိ၊ ၈ ဂိုး ဂိုးမရှိ နှင့် အသီးသီး အနိုင် ရရှိခဲ့ပါတယ်။
|
|
Read more...
|
|
Written by လင်းပိုးအိမ်
|
|
Wednesday, 12 September 2012 11:42 |
|
2012 မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကတော့ တစ်နှစ်တာ အနေဖြင့် ခေတ္တ ပြီးခဲ့ပြန်ချေပြီ။ ဒီနှစ်မှာတော့ ရန်ကုန် ယူနိုက်တက် အသင်းကြီးမှ ဒုတိယ အကြိမ်အဖြစ် မြန်မာ နေရှင်နယ်လိဂ် ဖလားကြီးအား သိမ်းပိုက်နိုင်ခဲ့သဖြင့် ရန်ကုန် ပရိတ်သတ် တစ်ဦးဖြစ်သော ကျွန်တော့ အလွန်ပင် ၀မ်းမြောက် ဂုဏ်ယူ မိပါသည်။ နောက်ဆုံးပွဲစဉ် အထိ မာန်ဟုန်ပြင်းသည့် ခြေင်္သေ့မာန် အသွင် အင်ပြည့် အားပြည့်ဖြင့် ကစားပေးခဲ့သော ရန်ကုန် ကစားသမားများကိုလည်း အထူးပင် ကျေးဇူး တင်မိပါသည်။ တကယ်ဆို ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဖလားကြီးကို ရရှိရန် ကြိုးပမ်းပေးခဲ့သော ရန်ကုန် ယူနိုက်တက် အသင်းသည် ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ်များ အတွက် ချန်ပီယံဟူသော ဂုဏ်ထက်ပိုပြီး ပြည့်စုံသော အဓိပ္ပာယ်ပါ ရရှိရန် စွမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ထင်ပါသည်။
|
|
Last Updated on Wednesday, 12 September 2012 12:03 |
|
Read more...
|
|
Written by လင်းဝေဦး
|
|
Wednesday, 04 July 2012 01:38 |
|

ဟိုးအဝေး ကျန်ခဲ့တဲ့ ကောင်းကင်ကြီးထဲမှာ ငါတို့ရဲ့ တောက်ပခဲ့တဲ့ အတိတ်တွေ ရှိခဲ့ဖူးတယ်...
|
|
Read more...
|
|
Written by မောင်(K.L)
|
|
Monday, 02 July 2012 10:41 |
|
ပြီးခဲ့တဲ့(၂၆)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲမှာ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း တတိယ နေရာ ရရှိခဲ့တယ်။ ဗီယက်နမ် အသင်းကို ဂိုးပြတ် အနိုင်ယူပြီး တတိယ နေရာကို ရရှိခဲ့တာဟာ ဒီဘက်ခေတ် မြန်မာ့ လက်ရွေးစင် အသင်း အတွက် အောင်မြင်မှု တစ်ခုလို့ ယူဆရမှာ ဖြစ်ပေမယ့် အတိုင်းအတာ တစ်ခု အထိသာ ကျေနပ်စေတဲ့ အောင်မြင်မှု သေးသေးလေး တစ်ခုဖြစ်သလို ဘောလုံးပီတိ ပေးစွမ်းနိုင်မှုမှာလည်း သိပ်ပြီး မပီပြင် လှသေးပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ တစ်ချိန်တစ်ခါက အာရှအဆင့်ဘောလုံး တောသုံးတောင်မှာ မင်းမူခဲ့တဲ့ ကေသရာဇာ ခြင်္သေ့ ဖြစ်ခဲ့လို့ပါပဲ။ ခြင်္သေ့ဆိုတာသိင်္ဂီရွှေခွက်နဲ့သာ ထိုက်တန်တာမျိုးပါ။ ကြေးတို့၊ငွေတို့နဲ့ အစားထိုး ဖြေသိမ့်စရာ အကြောင်း မရှိပါဘူး။
|
|
Read more...
|
|
Written by သူရဿဝါ
|
|
Friday, 29 June 2012 11:04 |
|
လေးနှစ် တစ်ကြိမ် ကြည့်ရခဲသော ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲတွေ ကန်နေတာ အခုဆိုလျှင် ဆီမီး ဖိုင်နယ် အထိပင် ရောက်နေပြီ။ ဆီမီး ဖိုင်နယ် ရောက်လာသော စပိန်၊ အီတလီ၊ ပေါ်တူဂီ၊ ဂျာမနီ လေးသင်းလုံး မောင်ဝါဝါ ကြိုက်သည့် အသင်းတွေချည်း။ ဒီတော့ မောင်ဝါဝါမှာ မနက် ရုံးတက်ဖို့ ရှိတာတောင် ည (၁)နာရီ ကျော်မှ ကန်သော ဘောလုံးပွဲ တွေကို အိပ်ရေးပျက် ခံ၍ အားပေး ရသည်။ ယနေ့ ညတွင် အကြို ဗိုလ်လုပွဲ ပထမပွဲ အဖြစ် စပိန်နှင့် ပေါ်တူဂီ ကန်မည်။ နောက်တစ်ပွဲက ဂျာမနီနှင့် အီတလီပေါ့။ မောင်ဝါဝါ ကတော့ စပိန်နှင့် ဂျာမနီကို ဗိုလ်လုပွဲမှာ တွေ့စေ ချင်သည်။ နှစ်သင်းလုံး ကစားကွက် ညက်ညော လှပ၍ ရေကုန် ရေခမ်း တိုက်ပွဲဝင် တတ်သည့် အသင်းတွေ ဆိုတော့ ဒီနှစ်သင်း ဗိုလ်လုပွဲ တွေ့လျှင် အလွန် ကြည့်ကောင်းမှာ သေချာသည်။ အကြို ဗိုလ်လုပွဲ အဆင့် စပိန် - ပေါ်တူဂီ၊ ဂျာမနီ - အီတလီ ပွဲတွေကို ဘယ်သူ နိုင်မလဲ ခန့်မှန်း ကြည့်ချင်သည်။ သို့သော် မောင်ဝါဝါမှာ ဘောလုံးပွဲသာ ကြည့်တတ်ပြီး နည်းစနစ် ကျကျ ဘယ်အသင်း ဘယ်ကစားကွက်ဖြင့် ကစားမည်၊ ဘယ်သူ သာမည် ဆိုတာတွေ မခန့်မှန်းတတ်။ ဒါနဲ့ မောင်ဝါဝါ အားကစား ဂျာနယ် တစ်စောင် (တကယ်တော့ ဘောလုံး ဂျာနယ် လို့သာ ခေါ်ရမည်၊ ဘာလို့ ဆိုတော့ အားကစား ဂျာနယ် နာမည်သာ တပ်ထားတာ၊ တစ်စောင်လုံး နီးပါး ဘောလုံး အကြောင်း ချည်းပဲကိုး) ဝယ်ဖတ်ဖို့ ဆုံးဖြတ် လိုက်သည်။
|
|
Read more...
|
|
|
|
Page 1 of 9 |