Wednesday, 22 May 2013
Home World English Premier League ပွဲကြိုသုံးသပ်ချက်များ ချယ်လ်ဆီး - မန်ယူ ထိပ်တိုက် တွေ့ဆုံမှုနဲ့ ရင်ခုန်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) ခန့်မှန်း သုံးသပ်ချက်
ချယ်လ်ဆီး - မန်ယူ ထိပ်တိုက် တွေ့ဆုံမှုနဲ့ ရင်ခုန်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) ခန့်မှန်း သုံးသပ်ချက် PDF Print E-mail
Written by နိုင်စေ   
Friday, 17 December 2010 15:00
Share |

ပရီးမီးယားလိဂ်ရဲ့ ရာသီ တစ်ဝက်ကျိုး ခါနီး အချိန်မှာ အကောင်းဆုံး ပွဲစဉ်တစ်ချို့ ပရိသတ်တွေဆီ အရှိန်အဟုန်နဲ့ စီးမျှောလာပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ် တစ်ခုက လက်ရှိ ချန်ပီယံ ချယ်လ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ် အအောင်မြင်ဆုံး အသင်း မန်ယူတို့ ထိပ်တိုက်တွေ့ ကြတာ ဖြစ်ပါတယ်။ တောက်လျှောက် ခြေပျက် နေတဲ့ ချယ်လ်ဆီးဟာ ဒီလို အရေးပါတဲ့ ပွဲမှာ ခြေစွမ်းအမှန် ပြန်ရနိုင် မလား စိတ်ဝင်စား စရာပါ။ အာဆင်နယ် - စတုတ်၊ ဘလက်ပူးလ် - စပါး၊ မန်စီးတီး - အဲဗာတန်ပွဲတွေကလည်း စောင့်ကြည့်ချင် စရာ ပွဲကောင်းတွေ ဖြစ်ပါတယ်။

ဆန်းဒါးလန်း - ဘော်လ်တန်


ကစားမည့် နေ့ရက် - ၁၈-၁၂-၂၀၁၀ (စနေ)
ကစားမည့် အချိန် - ၁၉း၁၅ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်

ဆန်းဒါးလန်း - W D L W D
ဘော်လ်တန် - W W D L W

ဒဏ်ရာရရှိနေသူများ
ဆန်းဒါးလန်း - ဘရမ်းဘဲ၊ ကမ်းဘဲ၊ ဖာဒီနန်၊ တာနာ
ဘော်လ်တန် - ဒါးဗီးစ် (ပွဲပယ်)၊ ဒေးဗစ်၊ ဂါ့ဒ်နာ၊ အိုဘရိုင်ယန်၊ ဆင်မြူရယ်

ခန့်မှန်းရလဒ်
ဆန်းဒါးလန်း ၁-၁ ဘော်လ်တန်

ပွဲသုံးသပ်ချက်
အဆင့် ၆ နဲ့ ၇ မှာ ရပ်တည်နေပြီး လတ်တလော ခြေစွမ်းထက် နေတဲ့ အသင်းလတ် နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပွဲဖြစ်တာကြောင့် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တိုက်ဆိုင်တာက ၂ သင်းစလုံး ဒဏ်ရာ ပြဿနာ များနေတာ ဖြစ်ပြီး ဆန်းဒါးလန်း အိမ်ကွင်း ဖြစ်ပေမယ့် သရေ တစ်မှတ်စီသာ ခွဲယူကြရ လိမ့်မယ် ထင်ပါတယ်။

အာဆင်နယ် - စတုတ်

ကစားမည့် နေ့ရက် - ၁၈-၁၂-၂၀၁၀ (စနေ)
ကစားမည့် အချိန် - ၂၁း၃၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်
အာဆင်နယ် - W W W W L
စတုတ် - W W D D L

ဒဏ်ရာရရှိနေသူများ

အာဆင်နယ် - အယ်မူနီယာ၊ ဖရင်ပွန်း၊ ဂစ်ဘ်၊ ဗာမေလန်
စတုတ် - ဆီဒီဘီ

ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၁ စတုတ်

ပွဲသုံးသပ်ချက်
အာဆင်နယ် အသင်းဟာ အရှိန်အဟုန်နဲ့ ချီတက်နေတဲ့ အသင်း ဖြစ်ပြီး နောက်ဆုံးပွဲမှာ မန်ယူကို ရှုံးခဲ့တာက လွဲလို့ ပွဲတိုင်းမှာ ကစားပုံက ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ ဗန်ပါစီ၊ ဖာဘရီဂတ်စ်၊ နာဆရီ စတဲ့ ကစားသမားတွေ လူစုံ ဒဏ်ရာ ကင်းစင်နေ ပေမယ့် ဂိုးသမား နေရာမှာ အသက် ၂၀ သာရှိသေးတဲ့ တတိယ ဂိုးသမားလေးကို သုံးနေရတာ ကတော့ စွန့်စားလွန်းရာ ကျပါတယ်။ ပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက် တွေ့နေချိန်မှာ အမှတ်ပြည့် ရယူထား နိုင်ဖို့ အာဆင်နယ် အသင်း လိုအပ်ပါတယ်။ စတုတ် ကတော့ လတ်တလော အနေအထားမှာ ခြေစွမ်း အကျပိုင်းကို ရောက်နေတယ် ဆိုနိုင်ပါတယ်။ နောက်ဆုံး ၃ ပွဲ နိုင်ပွဲ ပျောက်ခဲ့သလို နောက်ဆုံးပွဲမှာ ဘလက်ပူးလ်ကို ကိုယ့်အိမ်ကွင်း မှာတောင် ရှုံးနိမ့်ခဲ့တယ်။ ခြေစွမ်း အရရော၊ လူအင်အား အရပါ ကွာခြားလို့ အိမ်ကွင်းမှာ အာဆင်နယ် အသင်း ၃ မှတ်အပြည့် ရနိုင်ပါတယ်။

ဘာမင်ဂမ် - နယူးကာဆယ်

ကစားမည့် နေ့ရက် - ၁၈-၁၂-၂၀၁၀ (စနေ)
ကစားမည့် အချိန် - ၂၁း၃၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်
ဘာမင်ဂမ် - W D W D L
နယူးကာဆယ် - D L D L W

ဒဏ်ရာရရှိနေသူများ
ဘာမင်ဂမ် - လှပ်ဘ်၊ မက်ဖက်ဒန်
နယူးကာဆယ် - ဘန်အာဖာ၊ ဂေါ့စလင်း၊ တေလာ

ခန့်မှန်းရလဒ်

ဘာမင်ဂမ် ၁-၁ နယူးကာဆယ်

ပွဲသုံးသပ်ချက်
ဘာမင်ဂမ် အနေနဲ့ အိမ်ကွင်းမှာ ဖြစ်ပေမယ့် နည်းပြသစ်နဲ့ တက်ကြွနေတဲ့ နယူးကာဆယ်ကို လွယ်လွယ်ကူကူ အနိုင်မရ နိုင်ပါဘူး။ အကြိတ်အနယ် ကစားပြီး သရေ တစ်မှတ်စီ ခွဲယူသွားရ နိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

ဘလက်ဘန်း - ၀က်စ်ဟမ်း

ကစားမည့် နေ့ရက် - ၁၈-၁၂-၂၀၁၀ (စနေ)
ကစားမည့် အချိန် - ၂၁း၃၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်
ဘလက်ဘန်း - L W L W L
ဝက်စ်ဟမ်း - L W W L L

ဒဏ်ရာရရှိနေသူများ
ဘလက်ဘန်း - အန်ဒရူး၊ ဂရေလာ၊ ဇွန်ဇီ
ဝက်စ်ဟမ်း - ကော်လီဆင်၊ ဒါကော်စတာ၊ ဟစ်ဇ်ပါဂါ၊ နိုဘယ်

ခန့်မှန်းရလဒ်
ဘလက်ဘန်း ၁-၀ ၀က်စ်ဟမ်း

ပွဲသုံးသပ်ချက်
နည်းပြ လစ်လပ် နေတယ် ဆိုပေမယ့် ဘာမင်ဂမ်ရဲ့ လက်ရှိ လူအင်အားနဲ့ ကစားပုံ အနေအထား ကတော့ သိပ်မဆိုးလှ ပါဘူး။ ယာယီနည်းပြ အနေနဲ့ အရမ်းကို ရုပ်ပျက် ဆင်းပျက် မဖြစ်ခဲ့ဘူး ဆိုရင် အမှတ်ပေး ဇယား အောက်ဆုံး အသင်း ၀က်စ်ဟမ်း ဆီက ၃ မှတ် အပြည့် ရနိုင်ပါတယ်။

ဝီဂန် - ဗီလာ

ကစားမည့် နေ့ရက် - ၁၈-၁၂-၂၀၁၀ (စနေ)
ကစားမည့် အချိန် - ၂၁း၃၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်

ဝီဂန် - L L L D D
ဗီလာ - L L L L W

ဒဏ်ရာရရှိနေသူများ
ဝီဂန် - ဖီဂွယ်ရိုအာ (ပွဲပယ်)၊ သောမတ် (ပွဲပယ်)၊ ဒီဆန်းတို့စ်၊ မက္ကာသီ၊ မော့ဆက်
ဗီလာ - ဒဲလ်ဖ်၊ ပီထရော့ဗ်၊ ဆစ်ဒ်ဝဲလ်

ခန့်မှန်းရလဒ်

ဝီဂန် ၀-၀ ဗီလာ

ပွဲသုံးသပ်ချက်
နှစ်သင်းစလုံး ခြေစွမ်းကျဆင်း နေတဲ့ အသင်းတွေချည်း ဖြစ်ပါတယ်။ တစ်ခု အားသာ တာက ဗီလာဟာ နောက်ဆုံးပွဲမှာ ၀က်စ်ဘရွန်းကို အနိုင်ကစား နိုင်ခဲ့တာပါပဲ။ ဒါပေမယ့် အဝေးကွင်း ပွဲစဉ် တစ်ခု ဖြစ်နေလို့ သရေနဲ့ပဲ ပြီးဆုံးသွားမယ် ထင်ပါတယ်။

လီဗာပူးလ် - ဖူလ်ဟမ်

ကစားမည့် နေ့ရက် - ၁၉-၁၂-၂၀၁၀ (တနင်္ဂနွေ)
ကစားမည့် အချိန် - ၀၀း၀၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်
လီဗာပူးလ် - L D W L D
ဖူလ်ဟမ် - D L D L D

ဒဏ်ရာရရှိနေသူများ
လီဗာပူးလ် - အဂ္ဂါ၊ ကာရေဂါ၊ စပယ်ယာရင်
ဖူလ်ဟမ် - ဆန်းဒရို့သ်၊ ဇာမိုရာ

ခန့်မှန်းရလဒ်

လီဗာပူးလ် ၂-၁ ဖူလ်ဟမ်

ပွဲသုံးသပ်ချက်
လီဗာပူးလ် အသင်းဟာ ရလဒ်တွေ အတက်ပြ ပြီးမှ အခု နောက်ပိုင်း တောက်လျှောက် ကျရိပ်ပြနေ ပြန်ပါတယ်။ ယုံစားရ ခက်တဲ့ လီဗာပူးလ် ခြေစွမ်းဟာ လတ်တလော အနေအထားမှာ ထူးထူးခြားခြား ထိုးတက်လာဖို့ မလွယ်သေးဘဲ လှုပ်လီ လှုပ်လဲ့နဲ့ပဲ ဇယား အလယ် လောက်မှာ ရပ်တည်နေဖို့ မြင်ပါတယ်။ ဒါပေမယ့် အခု ရင်ဆိုင်ရမယ့် ဖူလ်ဟမ် အသင်းဟာ ရွိုင်းဟော့ဒ်ဆန်ရဲ့ အသင်းဟောင်း ဖြစ်နေတာကြောင့် အထာသိ နေတဲ့ အသင်း တစ်သင်း ဖြစ်နေပါတယ်။ ဖူလ်ဟမ်ရဲ့ လက်ရှိနည်းပြ မာ့ခ်ဟုရှ်ကလည်း အသင်းကိုလည်း ထူးထူးခြားခြား ရလဒ်တွေ ရအောင် မလုပ်နိုင် တာမို့ လီဗာပူးလ် အမှတ်ပြည့် ရနိုင်တဲ့ ပွဲပါ။


ဝက်စ်ဘရွန်း - ၀ုလ်ဗ်

ကစားမည့် နေ့ရက် - ၁၉-၁၂-၂၀၁၀ (တနင်္ဂနွေ)
ကစားမည့် အချိန် - ၁၈း၃၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်

ဝက်စ်ဘရွန်း - L W L W L
ဝုလ်ဗ် -L L W L W

ဒဏ်ရာရရှိနေသူများ
ဝက်စ်ဘရွန်း - အော်လ်ဆင်
ဝုလ်ဗ် -ကရက်ဒေါက်၊ ဂွာဒီအူရာ၊ အွန်နရီ၊ နိုက်တလေ

ခန့်မှန်းရလဒ်

ဝက်စ်ဘရွန်း ၂-၁ ၀ုလ်ဗ်

ပွဲသုံးသပ်ချက်
နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲစီ နိုင်ထားတာခြင်း တူညီနေတဲ့ နှစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန်က ၀ုလ်ဗ်ထက် စာရင် နည်းနည်း လုပ်တတ် ကိုင်တတ်ရှိတဲ့ ၀က်စ်ဘရွန်းကို ပိုပြီး အကြိုက်တွေ့ မိတယ်။

ဘလက်ပူးလ် - စပါး

ကစားမည့် နေ့ရက် - ၁၉-၁၂-၂၀၁၀ (တနင်္ဂနွေ)
ကစားမည့် အချိန် - ၂၀း၀၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်
ဘလက်ပူးလ် - L D W D W
စပါး - W W D D D

ဒဏ်ရာရရှိနေသူများ
ဘလက်ပူးလ် - အဒမ် (ပွဲပယ်)၊ ကလပ်ခ်၊ ဂစ်လ်ခ်၊ ဘက်စ်ဟမ်း၊ ဟဲဝုဒ်
စပါး - ဟက်ဒယ်စတုန်း၊ ဂျီးနပ်၊ ကင်း၊ ခရန်ဂျာ၊ အိုဟားရား၊ ၀ုဒ်ဂိတ်၊ ဗန်ဒါဗတ်

ခန့်မှန်းရလဒ်
ဘလက်ပူးလ် ၁-၃ စပါး

ပွဲသုံးသပ်ချက်
ဘလက်ပူးလ်တို့ ခြေတက်နေတယ် ဆိုပေမယ့် အသင်း ခေါင်းဆောင် အဒမ် ပွဲပယ်ခံထား ရပြီး အဓိက ကစားသမား တစ်ချို့ ဒဏ်ရာ ရရှိထား ပါတယ်။ နောက်ဆုံး ၃ ပွဲဆက် သရေကျ ထားတဲ့ စပါးကလည်း ချန်ပီယံလိဂ် တစ်နေရာစာ အတွက် နိုင်ပွဲလိုအပ် နေတာကြောင့် ဧည့်သည်အသင်း ၃ မှတ်ရသွား နိုင်တဲ့ပွဲ ဖြစ်ပါတယ်။

ချယ်လ်ဆီး - မန်ယူ

ကစားမည့် နေ့ရက် - ၁၉-၁၂-၂၀၁၀ (တနင်္ဂနွေ)
ကစားမည့် အချိန် - ၂၂း၃၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်
ချယ်လ်ဆီး - W D D L D
မန်ယူ - W W L D W

ဒဏ်ရာရရှိနေသူများ
ချယ်လ်ဆီး - အဲလက်စ်၊ ဘီနာယောင်
မန်ယူ - ဟားဂရေ့ဗ်၊ အိုဝင်၊ ဗလင်စီယာ

ခန့်မှန်းရလဒ်

ချယ်လ်ဆီး ၁-၁ မန်ယူ

ပွဲသုံးသပ်ချက်
နှစ်သင်းစလုံး အတွက် သေရေးရှင်ရေး တမျှ အရေးပါတဲ့ပွဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ တစ်လခွဲလောက် ခြေပျက်နေ ရာကနေ နောက်ဆုံး စပါးနဲ့ပွဲ မှာတော့ အသင်းကြီး တစ်သင်းရဲ့ အရှိန်အ၀ါကို ပြန်ပြ နိုင်ခဲ့ပါတယ်။ ဒရော့ဘာ ခြေပြန်ပေါ် လာပြီး လမ်းပတ်၊ တယ်ရီ တို့လည်း ဒဏ်ရာကနေ ပြန်ကောင်းလာပြီ ဖြစ်တာကြောင့် လူစုံ တက်စုံနဲ့ ချယ်လ်ဆီးကို မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။ တစ်ဘက် မှာလည်း မန်ယူ အသင်းဟာ လောလောလတ်လတ် အာဆင်နယ်ကို အနိုင်ရထားပြီး စိတ်ဓာတ်တက်ကြွ နေပါတယ်။ မန်ယူ အသင်းရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်မှာ ရပ်တန့်ဖို့ ခက်တဲ့ အနေအထား ဖြစ်နေသလို ကစားသမား တိုင်းမှာလည်း Winning Mentality လို့ ခေါ်တဲ့ အနိုင်ရ လိုစိတ်တွေ ပြင်းထန်နေကြ ပါတယ်။ ဒီပွဲဟာ ချယ်လ်ဆီး အိမ်ကွင်း ဆိုပေမယ့် နလန်ထူ ကာစ ချယ်လ်ဆီးတို့ စိတ်ထင်တိုင်း ကျဲနိုင်ဖို့ မလွယ်သေး ပါဘူး။ သရေဆိုတာ နှစ်သင်းစလုံး အတွက် မျှတစေမယ့် အဖြေပါ။

မန်စီးတီး - အဲဗာတန်

ကစားမည့် နေ့ရက် - ၂၁-၁၂-၂၀၁၀ (အင်္ဂါ)
ကစားမည့် အချိန် - ၀၂း၃၀ (မြန်မာ စံတော်ချိန်)

နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ်

မန်စီးတီး - W D W W W
အဲဗာတန် - L D L D D

ဒဏ်ရာရရှိနေသူများ
မန်စီးတီး - ဒီဂျောင်း (ပွဲပယ်)၊ ဂျွန်ဆင်
အဲဗာတန် - အာတီတာ (ပွဲပယ်)

ခန့်မှန်းရလဒ်
မန်စီးတီး ၁-၀ အဲဗာတန်

ပွဲသုံးသပ်ချက်
အမှတ်ပေး ဇယားမှာ ချယ်လ်ဆီးကိုတောင် ကျော်တက်နိုင် ခဲ့ပြီ ဖြစ်တဲ့ မန်စီးတီးရဲ့ အနေအထားဟာ အထက်မြက်ဆုံး အနေအထား တစ်ရပ်ကို ရောက်ရှိနေ ပါပြီ။ ဒီအချိန်မှာ သူတို့နဲ့ ရင်ဆိုင်ရမယ့် အဲဗာတန် ကတော့ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက် နေတဲ့ အသင်း ဖြစ်ပါတယ်။ အိမ်ကွင်းမှာလည်း ဖြစ်နေလို့ မန်စီးတီးပဲ အနိုင်ရသွား ပါလိမ့်မယ်။

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.