| Photo Special : မြန်မာ အသင်း၏ လေ့ကျင့်ရေး ဒုတိယနေ့ မြင်ကွင်း ဓာတ်ပုံ မှတ်တမ်း |
|
|
|
| Written by ဇင်သော်နိုင် |
| Monday, 29 November 2010 21:46 |
မြန်မာ့ လက်ရွေးစင် အသင်းဟာ နိုဝင်ဘာ ၂၉ ရက်နေ့ (ယနေ့) ညနေပိုင်းမှာ ဒုတိယ လေ့ကျင့်ရေး အစီအစဉ်ကို ပြုလုပ်ခဲ့ ပါတယ်။ ဒီနေ့မှာလည်း အလားတူပဲ ဗီယက်နမ် မီဒီယာတွေ လာရောက်ခဲ့ပြီး VTV တို့လို နာမည်ကြီး ရုပ်သံ မီဒီယာ တွေကပါ မြန်မာအသင်း တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ အဲဒီ လေ့ကျင့်ရေး အစီအစဉ် အပြီးမှာ မြန်မာ အသင်းဟာ စည်ကားလှတဲ့ ဟနွိုင်း မြို့လယ်က ဗင်ကွမ်း စီးတီး တာဝါမှာ ဘောကန် ဖိနပ် အပါအ၀င် အားကစား ပစ္စည်းတွေ Shopping ထွက်ဖြစ်ခဲ့ကြ ပါသေးတယ်။
မကြာခင် လေ့ကျင့်ရေး စတော့မယ့် မြန်မာ အသင်းသားများ
အသင်း အုပ်ချုပ်သူတွေက လိုအပ်တာတွေ သတိပေး မှာကြားခဲ့ ပါတယ်
မိုင်ဒင်း ကွင်းပေါ်က ရိုက်ယူထားတဲ့ မြန်မာ အသင်းရဲ့ လေ့ကျင့်ရေး မြင်ကွင်းတစ်ခု
အားကြိုး မာန်တက် လှုပ်ရှားနေ ကြတဲ့ မြန်မာ့ လက်ရွေးစင်တွေ
မြန်မာ့ လက်ရွေးစင် အသင်းနဲ့ အခု တစ်ကြိမ်မှ ပထမဆုံး လိုက်ပါဖူးတဲ့ ကျော်ဇေယျာဝင်း
ဗီယက်နမ် မီဒီယာတွေ အထူး စိတ်ဝင်စားတာကို ခံနေရတဲ့ ထွန်းထွန်းဝင်း
ပိုင်စိုးရဲ့ တကိုယ်တော် စွမ်းရည် ပြကွက် တစ်ခု
မြန်မာ့ လက်ရွေးစင် အသင်းမှာ အတွဲညီနေတဲ့ ဦးတင်မြင့်အောင်နဲ့ ဦးဆန်းဝင်း
ဦးခင်မောင်ကြိုင်ကို VTV ရုပ်သံ အတွက် သတင်း အေဂျင်စီ တစ်ခုက မေးမြန်း နေခိုက်
အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူ ရမယ့် ဇော်လင်းထွန်းရဲ့ ကစားဟန်
ဦးအောင်ကျော်ကျော်နဲ့ ဂိုးသမား တစ်သိုက် ပျော်ပျော်ပါးပါး
ဗီယက်နမ် သတင်း အေဂျင်စီရဲ့ မေးခွန်းတွေကို အားမာန် အပြည့်နဲ့ စိတ်ပါ လက်ပါ ဖြေကြားနေတဲ့ ဦးတင်မြင့်အောင်
ဝါရင့် တိုက်စစ်မှူး ရန်ပိုင်ကိုလည်း ဗီယက်နမ် မီဒီယာတွေ စိတ်ဝင်စား ခဲ့ကြပါတယ်
ဟနွိုင်း မြို့လယ်ကို ရောက်နေတဲ့ မြန်မာ့ လက်ရွေးစင် အသင်း
ဗင်ကွမ်း စီးတီး တာဝါကြီး ကနေ ဈေးဝယ်ထွက်ပြီး အပြန် Tags: |