|
Written by Admin Team
|
|
Wednesday, 07 July 2010 22:31 |
|
လူမှုရေး ၀က်ဆိုက်ဒ် တစ်ခုဖြစ်သည့် Beautiful People.comမှ ၂၀၁၀ ကမ္ဘာ့ဖလား၏ အချောဆုံး ကစားသမားနှင့် အကျည်းတန်းဆုံး ကစားသမား မဲဆန္ဒ ကောက်ယူ ရွေးချယ် ပေးခဲ့ရာ အချောဆုံး ကစားသမား အဖြစ် အီတလီ အသင်းခေါင်းဆောင် ကန်နဗားရိုးအား ရွေးချယ်ပေးခဲ့ပြီး အကျည်းတန်ဆုံး ကစားသမား အဖြစ် ရွန်နီအား ရွေးချယ်သတ်မှတ် ပေးခဲ့ကြသည်။
အဆိုပါ Beautiful People မဲဆန္ဒ ကောက်ယူချက် အရ အင်္ဂလန် ဂိုးသမား ဒေဗစ် ဂျိမ်းစ်မှလွဲ၍ အခြား အင်္ဂလန် ကစားသမား တစ်ဦးမျှ ၂၀၁၀ ကမ္ဘာ့ဖလား၏ အချောဆုံး ကစားသမား ၁၁ဦးစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထိုအပြင် စစ်တမ်းများအရ ၂၀၁၀ ကမ္ဘာ့ဖလား၏ အကျည်းတန်ဆုံး အသင်းအဖြစ် အယ်လ်ဂျီးရီးယား အသင်းက ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။
၂၀၁၀ ကမ္ဘာ့ဖလား၏ အချောဆုံး ကစားသမား အဖြစ် ကန်နဗားရိုးက ဦးဆောင်ခဲ့ပြီး ၎င်းနောက်တွင် စပိန် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်က ဒုတိယ၊ ဒေဗစ်ဗီလာက တတိယဖြင့် ရပ်တည်ခဲ့သည်။ အကျည်းတန်ဆုံး ကစားသမားများ အဖြစ် ရွန်နီ၏ နောက်တွင် ပြင်သစ်မှ ရစ်ဘာရီက ဒုတိယ၊ အာဂျင်တီးနားမှ တီဗက်ဇ်က တတိယ အသီးသီး ရပ်တည်ခဲ့သည်။
၂၀၁၀ ကမ္ဘာ့ဖလား၏ အချောဆုံး ကစားသမား ၁၁ဦးစာရင်း ၁။ ဖေဘီယို ကန်နဗားရိုး (အီတလီ) ၂။ ဖာနန်ဒို တောရက်စ် (စပိန်) ၃။ ဒေးဗစ် ဗီလာ (စပိန်) ၄။ လန်ဒန် ဒိုနိုဗန် (အမေရိကန်) ၅။ သီယာရီ အွန်နရီ (ပြင်သစ်) ၆။ အက်ဒီဆင် ကာဗာနီ (ဥရုဂွေး) ၇။ ကာကာ (ဘရာဇီး) ၈။ ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ) ၉။ ဒီဒီယာ ဒရော့ဘာ (အိုင်ဗရီကို့စ်) ၁၀။ ခဲ့အိစုခဲ့ ဟွန်ဒါ (ဂျပန်) ၁၁။ဒေဗစ်ဂျိမ်း (အင်္ဂလန်)
၂၀၁၀ကမ္ဘာ့ဖလား၏ အကျည်းတန်ဆုံးကစားသမား ၁၁ဦးစာရင်း ၁။ ၀ိန်းရွန်နီ (အင်္ဂလန်) ၂၊ ဖရန့် ရစ်ဘာရီ (ပြင်သစ်) ၃။ ကာလို့တီဗက်ဇ် (အာဂျင်တီးနား) ၄။ ဗယ်လ်ဒီမာ စတိုဂ်ျကိုဗစ် (ဆာဗီးယား) ၅။ ဘန်ဂျာမင် ဟွန့်ဂျယ်လ် (ဆွိစ်ဇာလန်) ၆။ ဇဒန်ကို စတက်ဘာ (စလိုဗက်ကီးယား) ၇။ ရာဖစ် ဆာရာဖီ (အယ်လ်ဂျီးရီးယား) ၈။ စကော့ ကလစ်ပါဖီးလ် (သြစတြေးလျှ) ၉။ ဂျွန် တယ်ရီ (အင်္ဂလန်) ၁၀။ ရိုင်ယန် နယ်ဆင် (နယူးဇီလန်) ၁၁။ ဒန်နီရယ် အက်ဂါ (ဒိန်းမတ်)
|