Monday, 20 May 2013
Home World World Cup Lastest News ဥရောပ ချန်ပီယံ ဟောင်းကို အနိုင်ယူပြီး ယခုနှစ် ကမ္ဘာ့ဖလား၏ ပထမဆုံး နိုင်ပွဲ ရခဲ့တဲ့ တောင်ကိုရီးယား ~ တောင်ကိုးရီးယား ၂-၀ ဂရိ

ဥရောပ ချန်ပီယံ ဟောင်းကို အနိုင်ယူပြီး ယခုနှစ် ကမ္ဘာ့ဖလား၏ ပထမဆုံး နိုင်ပွဲ ရခဲ့တဲ့ တောင်ကိုရီးယား ~ တောင်ကိုးရီးယား ၂-၀ ဂရိ PDF Print E-mail
Written by Admin Team   
Saturday, 12 June 2010 19:47
Share |

ယနေ့ ညနေက တောင် အာဖရိက နိုင်ငံ၊ ပို့တ် အဲလိဇဘက်မြို့၊ နယ်လ်ဆင် မန်ဒဲလား အားကစား ကွင်းတွင် ကစားခဲ့သော ကမ္ဘာ့ဖလား အုပ်စု (B)ပွဲစဉ်၌ တောင်ကိုရီးယား အသင်းက ဂရိ အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။



အဆိုပါ ပွဲစဉ်တွင် ပွဲအစ ၃ မိနစ် ကတည်းက ဂရိတို့ ဂိုးသွင်းခွင့် စတင် ရရှိခဲ့ပြီး တိုရိုဆီဒစ် ကန်ချက် လွဲချော်ခဲ့သည်။ သို့သော် ဦးဆောင်ဂိုးကို အမှန်တကယ် စတင် ရရှိသွားသူမှာ တောင်ကိုရီးယားတို့ ဖြစ်ပြီး ပွဲချိန် ၇ မိနစ်တွင် ရရှိသော ပြစ်ဒဏ်ဘောမှ တဆင့် လီဂျွန်ဆူးက ပိတ်သွင်းကာ ရရှိခဲ့ခြင်း ဖြစ်သည်။ ကိုရီးယား အသင်းသည် ဂိုးရပြီး သော်လည်း ဆက်တိုက် ဖိထားပြီး ၁၄ မိနစ်တွင် ပတ်ချူယောင်း၏ ဖန်တီးမှုမှ တဆင့် ယွန်ကီဟန် ခေါင်းတိုက်သွင်း သော်လည်း လွဲချော်ခဲ့ရသည်။

ပွဲချိန် ၂၃ မိနစ်တွင် ပတ်ချူယောင်း ကန်ချက် လွဲချော်ခဲ့ သလို ၂၈ မိနစ်၌ ပတ်ချူယောင်းပင် နောက်တစ်ကြိမ် အခွင့်အရေး ရခဲ့ပြန် သော်လည်း ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ ၄၂ မိနစ်၌ ပတ်ချူယောင်း ကန်ခွင့်ရခဲ့ပြန်ပြီး အပေါ်ထောင် သွားခဲ့ပြန် သဖြင့် ပထမပိုင်း အပြီး (၁-၀)ဂိုး ဖြင့်သာ တောင်ကိုရီးယား ဦးဆောင် နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဂရိ အသင်းမှ ကာရာဂူးနစ်ကို ထုတ်၍ ပတ်စာဇိုဂလူးကို ထည့်သွင်းခဲ့သည်။ ထို့နောက် ကင်ဂျွန်ဝူးနှင့် လီချောင်ယောင် တို့၏ ကန်ချက်များကို ဂရိ နောက်တန်းများ ကာကွယ်ခဲ့ရသည်။ ပွဲချိန် ၅၂ မိနစ်တွင်မူ ဂရိ ကစားသမား ဗိုင်ထရာ၏ အမှားမှ တဆင့် အသင်း ခေါင်းဆောင် ပတ်ဂျီဆန် တစ်ကိုယ်တော် ဆွဲပြေးပြီး တောင် ကိုရီးယား အတွက် ဒုတိယဂိုးကို သွင်းယူ ခဲ့ပြန်သည်။ ဂရိ အသင်းသည် ခြေမပေါ်သော အဓိက ကစားသမားများ ဖြစ်ကြသည့် ဆာမာရက်စ်၊ ခရစ္စတေ့ တို့ကို လူစားလဲပစ် ခဲ့ပြန်ကြောင်း တွေ့ရသည်။

၆၄ မိနစ်တွင် ချာဒူးရီ၏ ဖြတ်တင်ဘော မှတဆင့် ပတ်ချူယောင်း အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ထိချက်လွဲ သွားခဲ့သဖြင့် နစ်နာ ခဲ့ရသည်။ နှစ်ဂိုး ရသွားသော တောင်ကိုရီးယားသည် တိုက်စစ်ကို လျှော့ချခဲ့သဖြင့် ဂရိအသင်း အခွင့်အရေးများ ပြန်ရ ခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် ၇၀ မိနစ်တွင် ဆယ်လ်ပင်ဂီဒစ်၏ ခေါင်းတိုက်ချက် ဂိုးသမား ကာကွယ်နိုင် ခဲ့သလို ကာပီတာနို့စ်၏ ကြိုးပမ်းမှု မှာလည်း လွဲချော်ခဲ့ ရသည်။

၇၄ မိနစ်တွင် ကင်ဆောင်ယောင်၏ နေရာ၌ ၀ါရင့် ကစားသမား ကင်နမ်အီ ၀င်လာသည်ကို တွေ့ရပြီး ပတ်ဂျီဆန် ဂိုးသွင်းခွင့် တစ်ကြိမ် ရခဲ့သော်လည်း ထိချက် လွဲပြီး လမ်းကြောင်းပြောင်း သွားခဲ့သည်။ ဂီးကပ်၏ ကြိုးပမ်းမှုကို တောင်ကိုရီးယား ဂိုးသမား ကာကွယ်နိုင် ခဲ့သလို ပတ်ချူယောင်း၏ အဝေးမှ ကန်ချက်ကိုလည်း ဂရိ ဂိုးသမား ပုတ်ထုတ် နိုင်ခဲ့သည်။ ၈၆ မိစ်တွင် ချာဒူးရီ၏ ကြိုးပမ်းမှုကို ဂရိ နောက်တန်းများ ကာကွယ် ခဲ့သော်လည်း ပတ်ချူယောင်း ရသွားပြီး ထပ်မံ ကန်သွင်းခဲ့ရာ ဂရိ ဂိုးသမား ကာကွယ် ခဲ့ရပြန်သည်။

ထို့နောက်တွင် ကင်ဂျွန်ဝူး အခွင့်အရေး တစ်ကြိမ် ထပ်ရခဲ့ သေးသော်လည်း ဂိုးအဖြစ် အသွင်မပြောင်း နိုင်ခဲ့သဖြင့် တောင်ကိုရီးယားတို့ (၂-၀)ဖြင့်သာ ကျေနပ် ခဲ့ရသည်။ ယင်းပွဲ အနိုင်ကြောင့် တောင်ကိုရီးယား အသင်း အုပ်စု(B)ကို ဦးဆောင်ခွင့် ရပြီ ဖြစ်ကာ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပထမဆုံး နိုင်ပွဲ ရသည့် အသင်း အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။ ယမန်နေ့က ကစားခဲ့သော အဖွင့်ပွဲစဉ် ၂ ပွဲ စလုံးသည် သရေဖြင့်သာ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

 

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.