|

|
|
|
| အမည်ပြောင် |
: |
ယန်းကီး |
| ကိုယ်စားပြုဇုန် |
: |
ကွန်ကာကပ်ဖ် |
နည်းပြချုပ်
|
: |
ဘော့ ဘရက်ဒလေ |
| အသင်းခေါင်းဆောင် |
: |
ကားလို့စ် ဘိုကာနီဂရာ (ရန်းနက်စ်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၁၄ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၈ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
တတိယ (၁၉၃၀) |
ဘတ်စကတ် ဘောနဲ့ အမေရိကန် ဘောလုံးကို ပိုမို ဦးစားပေးလေ့ ရှိတဲ့ အမေရိကန် နိုင်ငံရဲ့ အနေအထား ကြောင့် အမေရိကန် လက်ရွေးစင် အသင်းဟာ ကမ္ဘာပေါ်မှာ အင်အားကြီး အသင်းတစ်သင်း အဖြစ် မရပ်တည် နိုင်ခဲ့ပါဘူး။ ၂၀၀၆ ဧပြီမှာ ကမ္ဘာ့အဆင့် ၄ အထိ ခုန်တက် ဖူးခဲ့ပေမယ့် ခဏပဲ ခံခဲ့ပြီး တကယ်တမ်းမှာ ထိပ်ဆုံး ၁၀ သင်းရဲ့ အပြင်ဘက် မှာပဲ ကျင်လည်နေလေ့ ရှိပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၃၀ ကတည်းက စတင် ပါဝင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပြီး အဲဒီနှစ်က တတိယ ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ သူတို့ အသင်းအတွက် ပထမဆုံးနဲ့ နောက်ဆုံး အောင်မြင်မှုပဲ ဖြစ်ပြီး အဲဒီ နောက်ပိုင်းမှာ တစ်ကြိမ်မျှ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လောက်လောက် လားလား မဖြစ်ခဲ့ဖူး ပါဘူး။ ဒါပေမယ့် ခြေစွမ်း ထက်မြက်တဲ့ အသင်း နည်းပါးတဲ့ ဒေသတွင်း ကွန်ကာကပ်ဖ် ပြိုင်ပွဲ မှာတော့ ချန်ပီယံ ၄ ကြိမ်နဲ့ ဒုတိယ ၄ ကြိမ် ရဖူးတဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒိုနိုဗန် (LA ဂလက်ဆီ)၊ ဒမ့်ဆေး (ဖူလ်ဟမ်)၊ တင်ဟောင်ဝပ် (အဲဗာတန်) စတဲ့ ကစားသမား တွေကတော့ ဥရောပ အဆင့်မှာ လူသိများ သူတွေ ဖြစ်ကြပါတယ်။
အမေရိကန် အသင်းဟာ ကွန်ကာကပ်ဖ်ဇုန် ခြေစစ်ပွဲ တွေမှာ ဒုတိယ အဆင့်က စတင် ၀င်ရောက်ခွင့် ရရှိပါတယ်။ ဒီအဆင့်မှာ အမေရိကန် ဘာဘေးဒိုး အသင်းကို အိမ်ကွင်း၊ အဝေးကွင်း ၂ ကျော့ပေါင်း ၉ ဂိုး သွင်းယူပြီး နောက်တစ်ဆင့် တက်နိုင် ခဲ့ပါတယ်။ တတိယ အဆင့်မှာ အမေရိကန်ဟာ ထရီနီဒက် - တိုဘာဂို၊ ဂွာတီမာလာ၊ ကျူးဘား အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး စုစုပေါင်း ၆ ပွဲ ကစားရာမှာ ၅ ပွဲနိုင်ခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့် ခဲ့ပါတယ်။ ဒါကြောင့် အုပ်စု ပထမ ရရှိပြီး စတုတ္တ အဆင့်ကို ထပ်မံ တက်လှမ်းခွင့် ရခဲ့ပြန် ပါတယ်။ ဒီအဆင့် မှာတော့ မက္ကဆီကို၊ ဟွန်ဒူးရပ်စ်၊ ကော်စတာ ရီကာ၊ အယ်ဆာဗေးဒိုး၊ ထရီနီဒက်-တိုဘာဂို အသင်းတွေနဲ့ ပတ်လည် ကစားရပြီး အမေရိကန်ဟာ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ်နဲ့ အုပ်စု ပထမ ရခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အသင်းရဲ့ နည်းပြ ဘော့ ဘရတ်ဒလေဟာ တကယ်တော့ ပြည်တွင်း ကလပ်တွေ မှာသာ ကိုင်တွယ် ခဲ့ဖူးတဲ့ နည်းပြ ဖြစ်ပါတယ်။ ချီကာဂို ဖိုင်းယား၊ မက်ထရိုစတား၊ ချီဗက် စတဲ့ အသင်းတွေကို ကိုင်တွယ်ပြီး အမေရိကန် ယူ-၂၃ အသင်းကို ဆက်လက် ကိုင်တွယ်ခွင့် ရပါတယ်။ အဲဒီကမှ လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာတာကြောင့် သူ့ရဲ့ အရည်အသွေး ပိုင်းနဲ့ ပတ်သတ်ပြီး သံသယ ဖြစ်စရာ ရှိပါတယ်။ ကစားသမား ထဲမှာတော့ ဗီလာရီးယဲယ် လူငယ် တိုက်စစ်မှူး အယ်တီဒိုရီနဲ့ ဖူလ်ဟမ် တိုက်စစ်မှူး ဂျွန်ဆင်၊ LA ဂလက်ဆီ ကွင်းလယ် ကစားသမား ဒိုနိုဗန်၊ ဖူလ်ဟမ် ကွင်းလယ်လူ ဒမ့်ဆေး၊ ရန်းနက် နောက်တန်းက ဘိုကာနီဂရာ နဲ့ အေစီမီလန် နောက်ခံလူ အွန်ရီဝူ၊ ဂိုးသမား တင်ဟောင်းဝပ်တို့ ရှိတာကြောင့် တောင့်တင်း တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ လူအင်အားနဲ့ ဆိုရင် နည်းပြရဲ့ အရည်အချင်း သိပ်မစွံ ရင်တောင် နောက်တစ်ဆင့် တက်နိုင်ဖို့ ရှိပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Tim HOWARD |
Everton (ENG) |
2
|
Jonathan SPECTOR |
West Ham Utd. (ENG)
|
3
|
Carlos BOCANEGRA |
Rennes (FRA)
|
4
|
Michael BRADLEY |
Borussia Moenchengladbach (GER)
|
5
|
Oguchi ONYEWU |
AC Milan (ITA)
|
6
|
Steve CHERUNDOLO |
Hannover 96 (GER)
|
7
|
DaMarcus BEASLEY |
Rangers (SCO)
|
8
|
Clint DEMPSEY |
Fulham (ENG)
|
9
|
Herculez GOMEZ |
Puebla (MEX)
|
10
|
Landon DONOVAN |
Los Angeles Galaxy (USA)
|
11
|
Stuart HOLDEN |
Bolton Wanderers (ENG)
|
12
|
Jonathan BORNSTEIN |
Chivas USA (USA)
|
13
|
Ricardo CLARK |
Eintracht Frankfurt (GER)
|
14
|
Edson BUDDLE |
Los Angeles Galaxy (USA)
|
15
|
Jay DeMERIT |
Watford (ENG)
|
16
|
Francisco TORRES |
Pachuca (MEX)
|
17
|
Jozy ALTIDORE |
Hull City (ENG)
|
18
|
Brad GUZAN |
Aston Villa (ENG)
|
19
|
Maurice EDU |
Rangers (SCO)
|
20
|
Robbie FINDLEY
|
Real Salt Lake (USA)
|
21
|
Clarence GOODSON
|
IK Start (NOR)
|
22
|
Benny FEILHABER
|
AGF Aarhus (DEN)
|
23
|
Marcus HAHNEMANN
|
Wolverhampton (ENG)
|
အမေရိကန်နှင့် အခွင့်အရေးများ

အမေရိကန်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
အမေရိကန်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 17:10 |