|

|
|
|
| အမည်ပြောင် |
: |
ချားရက်စ် (ကောင်းကင်ပြာ) |
| ကိုယ်စားပြုဇုန် |
: |
တောင်အမေရိက |
နည်းပြချုပ်
|
: |
အော်စကာ တာဘာရက်ဇ် |
| အသင်းခေါင်းဆောင် |
: |
ဒီယေဂို လူဂါနို (ဖီနာဘာချီ) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၁၈ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁၀ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ချန်ပီယံ (၁၉၃၀၊ ၁၉၅၀) |
ဥရုဂွေး အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး သမိုင်းဝင် မှတ်တမ်းရှိတဲ့ အသင်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရတဲ့ နိုင်ငံဖြစ်သလို ပထမဆုံး ချန်ပီယံ ဖြစ်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးပေမယ့် နောက်ပိုင်း နှစ်တွေမှာတော့ ဥရုဂွေးတို့ အစဉ်အလာ မှေးမှိန် သွားခဲ့ပြီး နောက်ဆုံး နှစ်(၂၀) အတွင်းမှာ ၂ ကြိမ်သာ ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ဒေသတွင်း ပြိုင်ပွဲ တွေမှာတော့ တောင်အမေရိက ချန်ပီယံ (၁၁)ကြိမ်၊ ကိုပါ အမေရိက ချန်ပီယံ (၃) ကြိမ် ဖြစ်ခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
တောင်အမေရိကဇုန် ခြေစစ်ပွဲတွေဟာ အသင်းအားလုံး အဆင့် တစ်ဆင့်ပဲ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ စုစုပေါင်း အသင်း(၁၀)သင်းကို အိမ်ကွင်း အဝေးကွင်း ပတ်လည် ကစားစေတာ ဖြစ်ပြီး ဥရုဂွေး အသင်းဟာ ၆ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၆ ပွဲရှုံး ရလဒ်နဲ့ ပဉ္စမ နေရာ ရရှိခဲ့ပါတယ်။ ဥရုဂွေး အနေနဲ့ ခြေစစ်ပွဲစဉ် တွေမှာ ဘရာဇီးလ်၊ အာဂျင်တီးနား စတဲ့ အသင်းတွေကို ပွဲတိုင်း ရှုံးနိမ့်ခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ပဉ္စမ နေရာသာ ရခဲ့လို့ ကွန်ကာကပ်ဖ် ဇုန်က စတုတ္တရတဲ့ အသင်းနဲ့ Play-off ပြန်ကစားရ ပါတယ်။ သူတို့နဲ့ ရင်ဆိုင်ရတဲ့ အသင်းက ကော်စတာ ရီကာ အသင်းဖြစ်ကာ နှစ်ပွဲပေါင်း (၂-၁)ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်လာတာ ဖြစ်ပါတယ်။ ခြေစစ် ပွဲစဉ်တွေမှာ ဥရုဂွေး တိုက်စစ်မှူး ဖော်လန်က ၇ ဂိုးအထိ သွင်းနိုင်ခဲ့တာ ကိုလည်း တွေ့ရပါတယ်။
ဥရုဂွေး အသင်းရဲ့ နည်းပြကြီး အော်စကာ တာဘာရက်ဇ်ဟာ အေစီမီလန်၊ ဘိုကာ ဂျူနီယာ စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ဥရုဂွေး အသင်းကို ဒုတိယ အကြိမ် တကျော့ ပြန်လည် ကိုင်တွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ကမ္ဘာ့ဖလား တုန်းကလည်း အသင်းကို တစ်ကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး ရှုံးထွက် ၁၆ သင်း အဆင့်ကို ရောက်ရှိစေခဲ့ ဖူးပါတယ်။ ဥရုဂွေး အသင်းဟာ တိုက်စစ်မှူး ဖော်လန်ဟာ ပြိုင်ဘက်တွေကို အန္တရာယ် အပေးနိုင်ဆုံး ကစားသမား ဖြစ်ပြီး ဥရောပ လိဂ်တွေမှာ ကစားနေကြတဲ့ ကစားသမား အများအပြား ပါဝင်နေတာကိုလည်း တွေ့ရတယ်။ ဥရုဂွေးဟာ အုပ်စုအဆင့်က တက်နိုင်လောက်တဲ့ အနေအထား ရှိပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
| 1 |
Fernando MUSLERA
|
Lazio (ITA)
|
2
|
Diego LUGANO
|
Fenerbahce (TUR)
|
3
|
Diego GODIN
|
Villarreal (ESP)
|
4
|
Jorge FUCILE
|
Porto (POR)
|
5
|
Walter GARGANO
|
Napoli (ITA)
|
6
|
Mauricio VICTORINO
|
Univ. de Chile (CHI)
|
7
|
Edinson CAVANI
|
Palermo (ITA)
|
8
|
Sebastian EGUREN
|
AIK Stockholm (SWE)
|
9
|
Luis SUAREZ
|
Ajax (NED)
|
10
|
Diego FORLAN
|
Atletico Madrid (ESP)
|
11
|
Alvaro PEREIRA
|
Porto (POR)
|
12
|
Juan CASTILLO
|
Deportivo Cali (COL)
|
13
|
Sebastian ABREU
|
Botafogo (BRA)
|
14
|
Nicolas LODEIRO
|
Ajax (NED)
|
15
|
Diego PEREZ
|
Monaco (FRA)
|
16
|
Maximiliano PEREIRA
|
Benfica (POR)
|
17
|
Egidio AREVALO
|
Penarol (URU)
|
18
|
Ignacio GONZALEZ
|
Valencia (ESP)
|
19
|
Andres SCOTTI
|
Colo Colo (CHI)
|
20
|
Alvaro FERNANDEZ
|
Univ. de Chile (CHI)
|
21
|
Sebastian FERNANDEZ
|
Banfield (ARG)
|
22
|
Martin CACERES
|
Juventus (ITA)
|
23
|
Martin SILVA
|
Defensor Sporting (URU)
|
ဥရုဂွေးနှင့် အခွင့်အရေးများ

ဥရုဂွေးနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဥရုဂွေးနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 15:29 |