|

|
|
|
| အမည်ပြောင် |
: |
ရှဝိုက်ဆာ နာတီ |
| ကိုယ်စားပြုဇုန် |
: |
ဥရောပဇုန် |
နည်းပြချုပ်
|
: |
အော့တ်မာ ဟစ်ဖဲလ် |
| အသင်းခေါင်းဆောင် |
: |
အလက်ဇန္ဒား ဖရိုင်း (ဘေဆယ်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၂၄ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၇ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ကွာတားဖိုင်နယ် |
ဆွစ်ဇာလန် နိုင်ငံ ဆိုတာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာရော၊ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ပါ ရုံးစိုက်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဖီဖာက ဇူးရစ်မြို့မှာ ရုံးချုပ်ကို တည်ထားပြီး UEFA က နိုင်ယွန် မြို့မှာ ရုံးချုပ် တည်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆွစ်ဇာလန်ဟာ ဥရောပရဲ့ အသည်းနှလုံးလို့ ခေါ်ရမယ့် နေရာလောက်မှာ တည်ရှိနေပြီး ဥရောပ နိုင်ငံ အားလုံးနဲ့ ဆက်သွယ်ရေး အဆင်ပြေ လို့ပါ။ ဒါပေမယ့်လည်း ဆွစ်ဇာလန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာရော၊ ဥရောပ ဖလား ပြိုင်ပွဲမှာပါ အောင်မြင်မှု မည်မည်ရရ မရခဲ့တာကို တွေ့ရပါတယ်။ ၁၉၃၄နဲ့ ၁၉၃၈ ပြိုင်ပွဲတွေ၊ ၁၉၅၄ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရတဲ့ ပြိုင်ပွဲတို့မှာ ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာက လွဲပြီး ကျန်ပွဲတွေမှာ အုပ်စု အဆင့်ကတောင် မကျော်နိုင် ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဆွစ်ဇာလန်ဟာ ကစားသမားကောင်း ပေါများတဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ဆွစ်ဇာလန် အသင်းဟာ ဥရောပ ခြေစစ်ပွဲ အုပ်စု(၂) ကနေ ပါဝင်ယှဉ်ပြိုင် ခဲ့ရပြီး ဂရိ၊ လတ်ဗီးယား၊ အစ္စရေး၊ လူဇင်ဘတ်၊ မော်လ်ဒိုဗာ အသင်းတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ စုစုပေါင်း ပွဲစဉ် ၁၀ ပွဲ ကစားရာမှာ ၆ ပွဲနိုင်၊ ၃ ပွဲသရေ ကျခဲ့ပြီး ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် အဓိက ပြိုင်ဘက် ဖြစ်တဲ့ ဂရိ အသင်းကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အုပ်စု ပထမ ရခဲ့ပြီး တိုက်ရိုက် ၀င်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်ရဲ့ တိုက်စစ်မှူး အလက်ဇန္ဒား ဖရိုင်းနဲ့ အန်ကူဖိုး တို့ဟာ ခြေစစ်ပွဲ တွေမှာ ခြေစွမ်းပြပြီး ဂိုးအများဆုံး အရေးပါတဲ့ ဂိုးတွေ သွင်းပေးခဲ့ ကြပါတယ်။
ဆွစ်ဇာလန် နည်းပြ အော့တ်မာ ဟစ်ဖဲလ်ဟာ စပိန်နည်းပြ ဒဲဘော့လိုပဲ ကလပ်အသင်းနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူကိုင်တွယ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ချန်ပီယံလိဂ် ဖလား အပါအ၀င် ပြည်တွင်းပြည်ပ အောင်မြင်မှု အများအပြား ရခဲ့လို့ ထိပ်တန်း နည်းပြ တစ်ဦးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ကစားသမား တွေထဲမှာ တိုက်စစ်မှူး ဖရိုင်းနဲ့ အန်ကူဖိုးဟာ အတွဲအဖက် မိနေပြီး ဂိုးသွင်းနှုန်းလည်း ကောင်းပါတယ်။ ကွင်းလယ်က အင်လာ၊ ဘီဟရာမီ၊ ဟာကန်ယာကင် စတဲ့ ကစားသမား တွေကလည်း အတွေ့အကြုံရော၊ ခြေစွမ်းပါ ထက်မြက်နေသလို ခံစစ်မှူး ဆန်းဒရို့စ်နဲ့ လစ်ခ်ျစတိန်နာ တို့ရဲ့ နောက်တန်း ဟာလည်း တောင့်တင်းပါတယ်။ နည်းပြရဲ့ အရည်အချင်းနဲ့ ကစားသမား တွေရဲ့ စွမ်းရည်တွေ ပေါင်းစပ်လိုက်မယ် ဆိုရင် အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နိုင် ပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
| 1 |
Diego BENAGLIO |
Wolfsburg (GER) |
| 2 |
Stephan LICHTSTEINER |
Lazio (ITA) |
| 3 |
Ludovic MAGNIN |
FC Zurich (SUI) |
| 4 |
Philippe SENDEROS |
Everton (ENG) |
| 5 |
Steve VON BERGEN |
Hertha Berlin (GER) |
| 6 |
Benjamin HUGGEL |
Basel (SUI) |
| 7 |
Tranquillo BARNETTA |
Bayer Leverkusen (GER) |
| 8 |
Gokhan INLER |
Udinese (ITA) |
| 9 |
Alexander FREI |
Basel (SUI) |
| 10 |
Blaise NKUFO |
Twente Enschede (NED) |
| 11 |
Valon BEHRAMI |
West Ham Utd. (ENG) |
| 12 |
Marco WOELFLI |
Young Boys (SUI) |
| 13 |
Stephane GRICHTING |
Auxerre (FRA) |
| 14 |
Marco PADALINO |
Sampdoria (ITA) |
| 15 |
Hakan YAKIN |
Lucerne (SUI) |
| 16 |
Gelson FERNANDES |
Saint-Etienne (FRA) |
| 17 |
Reto ZIEGLER |
Sampdoria (ITA) |
| 18 |
Albert BUNJAKU |
Nuremberg (GER) |
| 19 |
Eren DERDIYOK |
Bayer Leverkusen (GER) |
| 20 |
Pirmin SCHWEGLER |
Eintracht Frankfurt (GER) |
21
|
Johnny LEONI |
FC Zurich (SUI) |
| 22 |
Mario EGGIMANN |
Hannover 96 (GER) |
| 23 |
Xherdan SHAQIRI |
Basel (SUI) |
ဆွစ်ဇာလန်နှင့် အခွင့်အရေးများ

ဆွစ်ဇာလန်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဆွစ်ဇာလန်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 15:27 |