Saturday, 25 May 2013
Home World World Cup Group H Spain

အမည်ပြောင် : လာဖူရီယာ ရိုဂျာ (အနီရောင် ဒေါသ)
ကိုယ်စားပြုဇုန် : ဥရောပ
နည်းပြချုပ်
: ဗင်းဆင့် ဒဲဘော့စကေး
အသင်းခေါင်းဆောင် : ကာဆီးလပ် (ရီးယဲယ်)
ဖီဖာ ကမ္ဘာ့အဆင့် :
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၁၂ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: စတုတ္တ (၁၉၅၀)



စပိန် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၀၈ ဥရောပ ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့ အသင်း ဖြစ်တာကြောင့် လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်ပါတယ်။ စပိန် အသင်းဟာ ၁၉၆၄ ဥရောပ ဖလားပြိုင်ပွဲ မှာလည်း ဗိုလ်စွဲခဲ့ ဖူးတာကြောင့် ဥရောပ ချန်ပီယံ ဖြစ်တာ ၂ ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ အသင်းဟာ လက်ရှိ အချိန်ထိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့သေး ပါဘူး။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၂ ကြိမ် အောင်ခဲ့ဖူး ပေမယ့် ၁၉၅၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စတုတ္တ ရခဲ့ဖူးတာဟာ စပိန် အသင်းအတွက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်လို့ ကမ္ဘာ့ဖလား အောင်မြင်မှုကို စပိန် တစ်နိုင်ငံလုံးက မျှော်လင့် တောင့်တ ငတ်မွတ်နေ ကြပါတယ်။ စပိန် လက်ရွေးစင် အသင်းဟာ ၂၀၀၈ ဇူလိုင်လမှာ ကမ္ဘာ့အဆင့်(၁) နေရာကို သမိုင်းတစ်လျှောက် ပထမဆုံး ရောက်သွားခဲ့ပြီး ကမ္ဘာ့ဖလား မရဖူးတဲ့ ၆ သင်းမြောက် ကမ္ဘာ့ အဆင့်(၁) အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၆ နိုဝင်ဘာ ကနေ ၂၀၀၉ ဇွန်လ အထိ ၃၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ခဲ့တဲ့ စံချိန် ရခဲ့တဲ့အပြင် ၁၅ ပွဲ ဆက်တိုက် အနိုင်ရတဲ့ စံချိန်ကိုလည်း ရထားပါတယ်။

စပိန် အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု(၄)မှာ ကျရောက်ခဲ့ပြီး ဘော့စနီးယား၊ တူရကီ၊ ဘယ်လ်ဂျီယံ၊ အက်စ်တိုးနီးယား၊ အာမေးနီးယား အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ ရတယ်။ ဒီအခါမှာ စပိန် အသင်းဟာ စုစုပေါင်း အိမ်ကွင်း အဝေးကွင်း ၁၀ ပွဲစလုံး ရှုံးပွဲမရှိ၊ သရေပွဲ မရှိ ရာနှုန်းပြည့် အနိုင်ရလဒ် ရအောင် ကစားသွားခဲ့ ပါတယ်။ ဒါဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခေတ်သစ် ဘောလုံး လောကမှာ အံ့ဖွယ် စံချိန်တစ်ခု ဖြစ်စေခဲ့ ပါတယ်။ စုစုပေါင်း ရမှတ် ၃၀ နဲ့ ခြေစစ်ပွဲ အုပ်စုတွေ အားလုံးမှ အမှတ် အများဆုံး ရတဲ့အသင်း ဖြစ်သွား ပါတယ်။ ခြေစစ်ပွဲမှာ အသင်းအတွက် အထူး ခြေစွမ်းပြ ခဲ့တဲ့ ကစားသမား ကတော့ တိုက်စစ်မှူး ဒေးဗစ်ဗီလာ ဖြစ်ပြီး သွင်းဂိုး ၇ ဂိုးနဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦး ဖြစ်ခဲ့ပါတယ်။

စပိန်အသင်း နည်းပြ ဒဲဘော့စကေးဟာ ရီးယဲယ် မက်ဒရစ် အသင်းနဲ့အတူ အောင်မြင်မှုတွေ အများအပြား ရခဲ့တဲ့ ၀ါရင့် နည်းပြကြီး တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ လက်ထက်မှာ စပိန် အသင်းဟာ ပွဲပေါင်း ၂၅ ပွဲ ကစားခဲ့ ရာမှာ တစ်ပွဲပဲ ရှုံးပြီး ကျန်ပွဲအားလုံး အနိုင်ရခဲ့ ပါတယ်။ ကစားသမား အင်အားပိုင်းကို ကြည့်ရင်တော့ ဥရောပ ထိပ်သီး အသင်းကြီး တွေက အကောင်းဆုံး အမာခံ ကစားသမားတွေ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ တိုက်စစ်မှာ တောရက်စ်နဲ့ ဒေးဗစ်ဗီလာ၊ ကွင်းလယ်မှာ ဖာဘရီဂတ်၊ အင်နီယေစတာ၊ အလွန်ဆို၊ ဒေးဗစ်ဆေးလ်ဗား စတဲ့ ကစားသမားတွေဟာ သူတို့ရဲ့ ကလပ်တွေမှာ အကောင်းဆုံး ခြေစွမ်း ရနေသူ တွေပါ။ နောက်တန်းမှာ ဆိုလည်း ပူယိုးလ်၊ ရာမို့စ်၊ မာချီနာ၊ ပီကေး စတဲ့ကစားသမား အားလုံးဟာ စိတ်ချရတဲ့ သူတွေချည်း ဖြစ်ပါတယ်။ ဂိုးသမား ဆိုရင်လည်း ကာဆီးလက်၊ ဗဲလ်ဒက်စ်၊ ရေးနား ကြိုက်တဲ့သူ သုံးလို့ ရပါတယ်။ စပိန်အသင်းရဲ့ လက်ရှိ လူအင်အားဟာ ချန်ပီယံဆု အတွက် စိန်ခေါ်ဖို့ အကောင်းဆုံး အနေအထား ဖြစ်နေပြီး ဒီနှစ်မှာမှ ချန်ပီယံ မဖြစ်ရင် စပိန်အသင်း နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရဖို့ မလွယ် တော့ပါဘူး။

အသင်း လူစာရင်း

Squad No. Name Club
1 Iker CASILLAS Real Madrid (ESP)
2 Raul ALBIOL Real Madrid (ESP)
3 Gerard PIQUE Barcelona (ESP)
4 Carlos MARCHENA Valencia (ESP)
5 Carles PUYOL Barcelona (ESP)
6 Andres INIESTA Barcelona (ESP)
7 David VILLA Valencia (ESP)
8 XAVI Barcelona (ESP)
9 Fernando TORRES Liverpool (ENG)
10 Cesc FABREGAS Arsenal (ENG)
11 Joan CAPDEVILA Villarreal (ESP)
12 Victor VALDES Barcelona (ESP)
13 Juan Manuel MATA Valencia (ESP)
14 XABI ALONSO Real Madrid (ESP)
15 SERGIO RAMOS Real Madrid (ESP)
16 Sergio BUSQUETS Barcelona (ESP)
17 Alvaro ARBELOA Real Madrid (ESP)
18 PEDRO Barcelona (ESP)
19 Fernando LLORENTE Athletic Bilbao (ESP)
20 Javier MARTINEZ Athletic Bilbao (ESP)
21 DAVID SILVA Valencia (ESP)
22 Jesus NAVAS Sevilla FC (ESP)
23 Pepe REINA Liverpool (ENG)


စပိန်နှင့် အခွင့်အရေးများ



စပိန်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



စပိန်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Thursday, 10 June 2010 15:13
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.