|

|
|
|
| အမည်ပြောင် |
: |
ရီပရီ |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
ဥရောပ |
| အသင်းခေါင်းဆောင် |
: |
မာရတ် ဟမ်ဆစ် (နာပိုလီ) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၃၄ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
မရှိ |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
မရှိ |
ဆလိုဗက်ကီးယား ဆိုတာ တစ်ချိန်က ချက်ကိုစလို ဗက်ကီးယား ဆိုတဲ့ အသင်း အဖြစ်နဲ့ပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ဖူးတာ ဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားဟာ ဆလိုဗက်ကီးယား ဆိုပြီး သီးသန့် ခွဲထွက်ပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံး အကြိမ် ခြေစစ်ပွဲ အောင်ခဲ့လို့ ပထမဆုံး ကမ္ဘာ့ဖလားကို ၀င်ပြိုင် ဖူးခြင်းလည်း ဖြစ်ပါတယ်။ သူတို့ အသင်းဟာ ၁၉၉၈၊ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ၀င်ပြိုင် ခဲ့ဖူးပေမယ့် မအောင်မြင် ခဲ့ပါဘူး။ လီဗာပူးလ်ရဲ့ စကာတယ်၊ နာပိုလီရဲ့ ဟမ်ဆစ် စတဲ့ ကစားသမားတွေ အပြင် မန်စီးတီးက ၀စ်စ်၊ ချယ်လ်ဆီးက စတော့ခ်ျ တို့လို လူငယ်သွေးသစ် ကစားသမား တွေလည်း ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။
ဆလိုဗက်ကီးယား အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ၃ မှာ ဆလိုဗေးနီးယား၊ ချက်၊ မြောက် အိုင်ယာလန်၊ ပိုလန်၊ ဆမ်မာရီနို တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့လို့ ခက်ခဲခဲ့တယ် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပွဲစဉ် အားလုံး အပြီးမှာ ၇ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ အုပ်စု ပထမ ရခဲ့တာပါ။ ဆလိုဗက် ကီးယား အသင်းဟာ ပိုလန်၊ ချက်၊ စလိုဗေးနီးယား စတဲ့ အသင်းတွေကို အနိုင်ယူပြီး အုပ်စု ပထမ နေရာကို ထိုက်ထိုက်တန်တန် ရလာခဲ့တာ လို့လည်း ဆိုနိုင်ပါတယ်။ ခြေစစ်ပွဲ တွေမှာ ဆလိုဗက်ကီးယား အတွက် အဓိက ခြေစွမ်းပြ ခဲ့သူက တိုက်စစ်မှူး ဆီစတက်ခ်ပဲ ဖြစ်ပြီး စုစုပေါင်း ၆ ဂိုး သွင်းပေးခဲ့ကာ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။
ဆလိုဗက်ကီးယား နည်းပြ ဗလာဒီမာ ၀စ်စ်ဟာ ကလပ်အသင်း တွေကိုပဲ ကိုင်တွယ်တဲ့ အတွေ့အကြုံ ရှိသူဖြစ်ပြီး အသင်းကို ၂၀၀၈ ခုနှစ်ကမှ စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရုရှားကလပ် စေတန် မော်စကို ကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ရလဒ်ပိုင်း မကောင်း တာကြောင့် ရာထူးက ထုတ်ပယ် ခံထားရသူ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယား တိုက်စစ်မှာ ဘိုချမ်က ဆီစတက်ခ်ကို အားထားရမှာ ဖြစ်ပြီး ကွင်းလယ်မှာ ဟမ်ဆစ်၊ စတော့ခ်ျ၊ ၀စ်စ်တို့ အဓိက ကစားပါ လိမ့်မယ်။ လီဗာပူးဘ် နောက်ခံလူ မာတင် စကာတယ် ကတော့ နောက်တန်းမှာ အမာခံအဖြစ် ကစားရမှာ ဖြစ်ပြီး ဒန်ဒီး ဂိုးသမား ပါနစ်စ် လက်စွမ်းထက် ပါတယ်။ ဒီလူအင်အားနဲ့ ဆိုရင် ဆလိုဗက်ကီးယား ဒုတိယ ရှုံးထွက်အဆင့် ရောက်ဖို့ပဲ အဓိက မျှော်မှန်း ရပါမယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
| 1 |
Jan MUCHA |
Legia Warsaw (POL) |
| 2 |
Peter PEKARIK |
Wolfsburg (GER) |
| 3 |
Martin SKRTEL |
Liverpool (ENG) |
| 4 |
Marek CECH |
West Bromwich Albion (ENG) |
| 5 |
Radoslav ZABAVNIK |
Mainz 05 (GER) |
| 6 |
Zdenko STRBA |
Xanthi (GRE) |
| 7 |
Vladimir WEISS |
Manchester City (ENG) |
| 8 |
Jan KOZAK |
Timisoara (ROU) |
| 9 |
Stanislav SESTAK |
Bochum (GER) |
| 10 |
Marek SAPARA |
Ankaragucu (TUR) |
| 11 |
Robert VITTEK |
Ankaragucu (TUR) |
| 12 |
Dusan PERNIS |
Dundee Utd. (SCO) |
| 13 |
Filip HOLOSKO |
Besiktas (TUR) |
| 14 |
Martin JAKUBKO |
FC Moscow (RUS) |
| 15 |
Miroslav STOCH |
Twente Enschede (NED) |
| 16 |
Jan DURICA |
Hannover 96 (GER) |
| 17 |
Marek HAMSIK |
Napoli (ITA) |
| 18 |
Erik JENDRISEK |
Kaiserslautern (GER) |
| 19 |
Juraj KUCKA |
Sparta Prague (CZE) |
| 20 |
Kamil KOPUNEK |
Spartak Trnava (SVK) |
| 21 |
Kornel SALATA |
Slovan Bratislava (SVK) |
| 22 |
Martin PETRAS |
Cesena (ITA) |
| 23 |
Dusan KUCIAK |
Vaslui (ROU) |
ဆလိုဗက်ကီးယားနှင့် အခွင့်အရေးများ

ဆလိုဗက်ကီးယားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဆလိုဗက်ကီးယားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 09:45 |