Sunday, 26 May 2013
Home World World Cup Group D Serbia

အမည်ပြောင် : လင်းယုန်ဖြူ
ကိုယ်စားပြုဇုန် : ဥရောပ
နည်းပြချုပ်
: ရာဒိုမီယာ အန်းတစ်
အသင်းခေါင်းဆောင် : ဒီဂျန် စတန်ကိုဗစ် (အင်တာမီလန်)
ဖီဖာ ကမ္ဘာ့အဆင့် : ၁၅
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၇ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: စတုတ္တ (၁၉၆၂)


ဆာဘီယား အသင်းဟာ ယခင် ယူဂို ဆလားဗီးယား အသင်းကနေ ဆင်းသက်လာတဲ့ အသင်း ဖြစ်ပါတယ်။ ယူဂိုဆလပ် ပြည်ထောင်စု ပြိုကွဲသွားတဲ့ အခါ ဆားဘီယား-မွန်တီနီဂရိုး ဆိုပြီး ဖြစ်လာပါတယ်။ အဲဒီကနေမှ မွန်တီနီဂရိုးက ခွဲထွက် သွားပြန်တာ ကြောင့် ဆားဘီယားက သီးသန့် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင် ယူဂိုဆလပ်ရဲ့ ဘောလုံး သမိုင်းကြောင်း တွေကို ဆားဘီယားထဲ ပေါင်းထည့်ထားလို့ သမိုင်း အစဉ်အလာ ကောင်းတဲ့အသင်း ဖြစ်လာပါတယ်။ သူတို့ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကွာတား အဆင့်၊ ဆီမီးအဆင့် တွေကို အကြိမ်ကြိမ် တက်ခဲ့ဖူးတဲ့ သမိုင်းကြောင်း ပိုင်ဆိုင်ထားပေမယ့် ဆားဘီယား အသင်းစစ်စစ်နဲ့ ကမ္ဘာ့ဖလား ပြိုင်ခဲ့ ရတာတော့ ၃ ကြိမ်ပဲ ရှိပါသေးတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ သူတို့ အသင်းဟာ ပြိုင်ပွဲဝင် ၃၂ သင်း အနက် နောက်ဆုံး နေရာသာ ရရှိခဲ့ပါတယ်။

ဆားဘီယားဟာ ခြေစစ်ပွဲ အုပ်စု (၇)မှာ ပြင်သစ်၊ ရိုမေးနီးယား၊ သြစတြီးယား၊ လစ်သူရေးနီယား၊ ဖာရိုးကျွန်းစု တို့နဲ့ တစ်အုပ်စုတည်း ကျရောက် ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အုပ်စုကျပ်တယ် ဆိုနိုင်ပေမယ့် ဆားဘီယားဟာ ၇ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိခဲ့ တာကြောင့် နာမည်ကြီး ပြင်သစ်ကို ကျော်ပြီး အုပ်စု ပထမ ရခဲ့တာ ဖြစ်ပါတယ်။ သြစတြီးယား၊ ရိုမေးနီးယား အသင်းတွေကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး နိုင်ခဲ့တဲ့ ဆားဘီယား ခြေစွမ်းဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်ဖို့ အတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ခဲ့ပြီး ဆာဘီယား ကွင်းလယ်က လီဗာပူးလ် ကစားသမားသစ် ဂျိုဗန်နိုဗစ်က အရေးပါတဲ့ အနိုင်ဂိုးတွေ သွင်းပေး နိုင်လို့ နာမည် ထွက်ခဲ့ပါတယ်။

စပိန်ထိပ်သီး ရီးယဲယ် မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးကို ကိုင်တွယ် ခဲ့ဖူးတဲ့ နည်းပြကြီး ရာဒိုမီယာ အန်းတစ်ဟာ တကယ်တော့ လက်ရွေးစင် အသင်း နည်းပြဘ၀ကို ဆားဘီယား အသင်းနဲ့မှ ရဖူးတာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ယခုအချိန်ထိ သူကိုင်တွယ် ခဲ့တဲ့ ပွဲစဉ် ၇၅ ရာခိုင်နှုန်းကို အနိုင်ရအောင် စွမ်းဆောင် ပေးခဲ့တာကြောင့် အန်းတစ်ကို နိုင်ငံတကာ အတွေ့အကြုံ မရှိဘူး ဆိုပြီး လျှော့တွက်လို့ မရတဲ့ အနေအထား ဖြစ်ပါတယ်။ တိုက်စစ်မှာ ဇင်းနစ်ရဲ့ လာဇိုဗစ်၊ ကွင်းလယ်မှာ မန်ယူရဲ့ တိုဆစ်၊ အင်တာရဲ့ စတန်ကိုဗစ်၊ လီဗာပူးလ်ရဲ့ ဂျိုဗန်နိုဗစ်၊ CSKA ရဲ့ ကရာဆစ်၊ နောက်တန်းမှာ ချယ်လ်ဆီးရဲ့ အိုင်ဗန်နိုဗစ်၊ မန်ယူရဲ့ ဗီဒစ်၊ လာဇီိယုရဲ့ ကိုလာရော့ဗ်၊ ဂိုးသမားက ၀ီဂန်ရဲ့ စတော့ဂ်ျကိုဗစ်တို့ ဖြစ်နေတာကြောင့် တောင့်တင်းတဲ့ အနေအထားမှာ ရှိနေတယ်။ ဆားဘီးယား အသင်းဟာ အခွင့်အရေး တွေကို အပိုင်အနိုင် အသုံးချ နိုင်မယ် ဆိုရင် အုပ်စု အဆင့်သာမက အနည်းဆုံး ကွာတားဖိုင်နယ် လောက် ရောက်နိုင်တဲ့ အနေအထား ရှိပါတယ်။

အသင်း လူစာရင်း

Squad No. Name Club
1
Vladimir STOJKOVIC
Wigan (ENG)
2
Antonio RUKAVINA
Munich 1860 (GER)
3
Aleksandar KOLAROV
Lazio (ITA)
4
Gojko KACAR
Hertha Berlin (GER)
5
Nemanja VIDIC
Manchester Utd. (ENG)
6
Branislav IVANOVIC
Chelsea (ENG)
7
Zoran TOSIC
FC Cologne (GER)
8
Danko LAZOVIC
Zenit St Petersburg (RUS)
9
Marko PANTELIC
Ajax (NED)
10
Dejan STANKOVIC
Inter (ITA)
11
Nenad MILIJAS
Wolverhampton (ENG)
12
Bojan ISAILOVIC
Zaglebie Lubin (POL)
13
Aleksandar LUKOVIC
Udinese (ITA)
14
Milan JOVANOVIC
Standard Liege (BEL)
15
Nikola ZIGIC
Valencia (ESP)
16
Ivan OBRADOVIC
Zaragoza (ESP)
17
Milos KRASIC
CSKA Moscow (RUS)
18
Milos NINKOVIC
Dynamo Kyiv (UKR)
19
Radosav PETROVIC
Partizan (SRB)
20
Neven SUBOTIC
Borussia Dortmund (GER)
21
Dragan MRDJA
Vojvodina Novi Sad (SRB)
22
Zdravko KUZMANOVIC
VfB Stuttgart (GER)
23
Andjelko DJURICIC
Leiria (POR)


ဆားဘီယားနှင့် အခွင့်အရေးများ



ဆားဘီယားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



ဆားဘီယားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Friday, 11 June 2010 10:22
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.