Tuesday, 21 May 2013
Home World World Cup Group G Portugal

အမည်ပြောင် : နက်ဗီဂေတာ
ကိုယ်စားပြုဇုန် : ဥရောပ
နည်းပြချုပ်
: ကားလို့စ် ကွီရော့
အသင်းခေါင်းဆောင် : ရော်နယ်ဒို (ရီးယဲယ် မက်ဒရစ်)
ဖီဖာ ကမ္ဘာ့အဆင့် :
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၄ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: တတိယ (၁၉၆၆)


ပေါ်တူဂီ အသင်းဟာ ၁၉၆၆ ခုနှစ်ကမှ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ယှဉ်ပြိုင် ခဲ့ဖူးတဲ့ အသင်းဖြစ် ပေမယ့် အဲဒီနှစ်မှာပဲ ဆီမီးဖိုင်နယ် အဆင့်ထိ တက်နိုင်ခဲ့တယ်။ ၁၉၈၆ မှာလည်း ခြေစစ်ပွဲ တစ်ကြိမ် ထပ်မံအောင်မြင် ခဲ့ပေမယ့် ကစားသမား တွေဟာ ဆုကြေးကိစ္စနဲ့ ပတ်သတ်ပြီး အသင်းနဲ့ အဆင်မပြေ ဖြစ်ကြလို့ အုပ်စုအဆင့် ကနေပဲ လှည့်ပြန်ခဲ့ ကြရတယ်။ ၂၀၀၂ မှာ ခြေစစ်ပွဲ တစ်ကြိမ် ထပ်အောင်ခဲ့ ပြန်ပြီး ဒီတစ်ခါလည်း ခြေစွမ်း မပြနိုင် တာကြောင့် အုပ်စု အဆင့်ကနေ လှည့်ပြန် ခဲ့ရတယ်။ ဒါပေမယ့် ၂၀၀၆ ပြိုင်ပွဲ မှာတော့ ဆီမီးဖိုင်နယ် အထိ တက်နိုင်ခဲ့ပြီး စတုတ္တ နေရာ ရခဲ့တယ်။ ဥရောပဖလား ပြိုင်ပွဲ မှာလည်း ၂၀၀၄ ခုနှစ်မှာ ဗိုလ်လုပွဲ ရောက်ခဲ့တယ်။ ပေါ်တူဂီ အသင်းဟာ ဖီဂို၊ ရူအီ ကော်စတာ၊ ပေါလက်တာ၊ ဂိုမက်၊ ဗစ်တာဘိုင်ယာ စတဲ့ ကစားသမား တွေကြောင့် ရွှေရောက် မျိုးဆက်လို့ ကျော်ကြားခဲ့ဖူး ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ရော်နယ်ဒို၊ နာနီ၊ ဆီမော၊ ဒေကို၊ ကာဗယ်လ်ဟို စတဲ့ ကစားသမား တွေကြောင့် ပလက်တီနန် မျိုးဆက်လို့ တင်စားခေါ်ဝေါ် နေကြပါတယ်။

ပေါ်တူဂီ အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု(၁)မှာ ဒိန်းမတ်၊ ဆွီဒင်၊ ဟန်ဂေရီ၊ အယ်ဘေးနီးယား၊ မော်လ်တာ တို့ပါဝင်တဲ့ အုပ်စုကြပ် ထဲမှာ ကျရောက်ခဲ့ ပါတယ်။ ပေါ်တူဂီ အသင်းဟာ ပွဲစဉ် ၁၀ ပွဲ ကစားရာမှာ ၅ ပွဲနိုင်၊ ၄ ပွဲ သရေကျပြီး တစ်ပွဲပဲ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဒိန်းမတ် အသင်းက ပေါ်တူဂီထက် အမှတ်သာသွား ခဲ့တာကြောင့် အုပ်စု ပထမ ဖြစ်သွားပြီး ပေါ်တူဂီက အုပ်စု ဒုတိယနဲ့ Play-off ပြန်ကစားရ ပါတယ်။ ဒီအဆင့်မှာ ဘော့စနီးယား အသင်းကို အိမ်ကွင်း အဝေးကွင်း ၂ ကျော့ပေါင်း (၂-၀)နဲ့ အနိုင်ရကာ ခြေစစ်ပွဲ အောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ် တွေမှာ ဆီမော၊ နာနီ စတဲ့ ကစားသမား တွေက ခြေစွမ်းပြခဲ့ကြပြီး ဂိုးတွေလည်း သွင်းနိုင်ခဲ့ကြ ပါတယ်။

နည်းပြချုပ် ကွီရော့ဟာ ယူအေအီး၊ တောင်အာဖရိက စတဲ့ အသင်းတွေကို နည်းပြ လုပ်ဖူးခဲ့တဲ့ အပြင် ပေါ်တူဂီ အသင်းကိုလည်း ၁၉၉၁ ကနေ ၁၉၉၃ အထိ တာဝန်ယူ ခဲ့ဖူးပါတယ်။ မန်ယူ နည်းပြကြီး ဖာဂူဆန်ရဲ့ လက်အောက်မှာ လေးနှစ်ကျော် ၅ နှစ်လောက် လက်ထောက် နည်းပြအဖြစ်နဲ့ ပညာတွေ သင်ယူခဲ့ပြီး ရီးယဲယ် အသင်းမှာလည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ဟာ အကောင်းဆုံး မဟုတ်သေး တာကို ခြေစစ်ပွဲ တွေမှာ ရုန်းကန် ခဲ့ရတာကို ကြည့်ပြီး သုံးသပ် နိုင်ပါတယ်။ ကစားသမား တွေထဲမှာ တိုက်စစ်က ရော်နယ်ဒိုနဲ့ ဆီမော၊ ကွင်းလယ်မှာ ဒေကို၊ တီယာဂို၊ မီယာလက်စ်၊ ပီပီ၊ နောက်တန်းမှာ ဖရဲရား၊ ကာဗယ်လ်ဟို၊ မီဂွယ် တို့နဲ့ ဂိုးသမား အက်ဒွာဒို တို့ဟာ ခြေစွမ်း အထက်ဆုံး အချိန် ဖြစ်နေတာကြောင့် အနည်းဆုံး ကွာတားကို ရောက်ဖို့ မျှော်လင့်နိုင် ပါတယ်။


အသင်း လူစာရင်း

Squad No. Name Club
1
EDUARDO   
Braga (POR)
2
BRUNO ALVES
Porto (POR)
3
PAULO FERREIRA   
Chelsea (ENG)
4
ROLANDO   
Porto (POR)
5
DUDA
Malaga (ESP)
6
RICARDO CARVALHO
Chelsea (ENG)
7
CRISTIANO RONALDO
Real Madrid (ESP)
8
PEDRO MENDES
Sporting Lisbon (POR)
9
LIEDSON   
Sporting Lisbon (POR)
10
DANNY
Zenit St Petersburg (RUS)
11
SIMAO
Atletico Madrid (ESP)
12
BETO
Porto (POR)
13
MIGUEL
Valencia (ESP)
14
MIGUEL VELOSO
Sporting Lisbon (POR)
15
PEPE Real Madrid (ESP)
16
RAUL MEIRELES Porto (POR)
17
NANI Manchester Utd. (ENG)
18
HUGO ALMEIDA Werder Bremen (GER)
19
TIAGO Atletico Madrid (ESP)
20 DECO Chelsea (ENG)
21
RICARDO COSTA Lille (FRA)
22
DANIEL FERNANDES Iraklis (GRE)
23
FABIO COENTRAO Benfica (POR)


ပေါ်တူဂီနှင့် အခွင့်အရေးများ



ပေါ်တူဂီနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



ပေါ်တူဂီနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Thursday, 10 June 2010 16:33
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.