Saturday, 25 May 2013
Home World World Cup Group F Paraguay

အမည်ပြောင် : ဂွာရာနိစ်၊ လာအယ်ဘီရိုဂျာ (ဖြူနီကြား)
ကိုယ်စားပြုဇုန် : တောင်အမေရိက
နည်းပြချုပ်
: ဂါရာဒို မာတီနို
အသင်းခေါင်းဆောင် : ဒင်းနစ် ကာနီဇာ (လီယွန်)
ဖီဖာ ကမ္ဘာ့အဆင့် : ၃၁
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၇ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: ရှုံးထွက်အဆင့်


ပါရာဂွေး အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွေ့အကြုံ များတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ၁၉၈၆၊ ၁၉၉၈ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ၁၆ သင်း ရှုံးထွက် အဆင့်အထိ တက်ရောက် ခဲ့ဖူးပါတယ်။ ပါရာဂွေး အသင်း အနေနဲ့ ပြိုင်ပွဲကြီး တွေမှာ ဗိုလ်စွဲ ခဲ့ဖူးတာ ဆိုလို့ ၁၉၅၃ နဲ့ ၁၉၇၉ တောင်အမေရိက ဖလား ပြိုင်ပွဲတွေပဲ ရှိပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၀၄ အေသင် အိုလံပစ် ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ တက်ခဲ့ဖူးပြီး အာဂျင်တီးနားကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ် ခဲ့ရပါတယ်။ ပါရာဂွေး အသင်းဟာ ဂိုးသွင်းနိုင်တဲ့ ဂိုးသမားကြီး ချီလာဗတ်နဲ့ တွဲပြီးလည်း နာမည် ကျော်ကြားခဲ့ဖူး ပါတယ်။ ဒါ့အပြင် ပါရာဂွေး အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကနေ ယခုအချိန်ထိ ကမ္ဘာ့ဖလား ခြေစစ်ပွဲတိုင်းမှာ တောင် အမေရိက ဇုန်ရဲ့ ထိပ်ဆုံး ၃ သင်း စာရင်းဝင် ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပါရာဂွေး အသင်းဟာ တောင် အမေရိကဇုန် ခြေစစ်ပွဲ ခရီး ရှည်ကြီးမှာ အာဂျင်တီးနား၊ ဥရုဂွေး အသင်းတွေကို ကျော်လွန်ပြီး အဆင့်(၃) နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ် ၁၈ ပွဲ ကစားခဲ့ရာမှာ ၁၀ ပွဲနိုင်၊ ၃ ပွဲ သရေကျပြီး ၅ ပွဲ ရှုံးခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ အသင်း တွေထဲမှာ ဥရုဂွေး၊ ချီလီ၊ ဘရာဇီးလ်၊ အာဂျင်တီးနား အသင်းတွေတောင် ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အာဂျင်တီးနား အသင်းဆိုရင် ပါရာဂွေးကို နှစ်ကျော့စလုံး အနိုင်မရ ခဲ့ဘဲ အိမ်ကွင်းမှာ သရေကျပြီး အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကို တွေ့ရပါတယ်။ အုပ်စုဗိုလ် ဖြစ်သွားတဲ့ ဘရာဇီးလ် အသင်းကလည်း ရှုံးပွဲ ၂ ပွဲပဲ ရှိရာမှာ တစ်ပွဲက ပါရာဂွေးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပါရာဂွေး အတွက် ခြေစစ်ပွဲ တွေမှာ အစွမ်းပြခဲ့ သူတွေကတော့ ကာဘာနက်စ် နဲ့ ဗဲလ်ဒက်စ်တို့ ဖြစ်ပါတယ်။

ပါရာဂွေး အသင်းရဲ့ အာဂျင်တီးနား နည်းပြကြီး ဂါရာဒို မာတီနိုဟာ ပြည်တွင်း ကလပ် အသင်းတွေမှာ ၈ နှစ်ကျော် လှည့်လည် ကိုင်တွယ်ခဲ့ပြီး ပထမဆုံး လက်ရွေးစင် အသင်းအဖြစ် ၂၀၀၆ ခုနှစ်မှာ ပါရာဂွေး အသင်းကို စတင် ကိုင်တွယ် ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ တောင် အမေရိက ဖလား ပြိုင်ပွဲမှာ ပါရာဂွေး အသင်းကို ကွာတားဖိုင်နယ် ရောက်အောင် ပို့ဆောင် ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ပါရာဂွေး အသင်းမှာ ဘန်ဖီကာ တိုက်စစ်မှူး ကော်ဒိုဇိုနဲ့ မန်စီးတီး တိုက်စစ်မှူး ဆန်တာခရုဇ်၊ ၀ုလ်ဗ်ဘတ် ကွင်းလယ်လူ၊ ဆန်တာနာနဲ့ အတ္တလန်တာ ကွင်းလယ်လူ ဘာရတ်တို၊ ဆန်းဒါးလန်း နောက်ခံလူ ဒါဆေးလ်ဗားနဲ့ ၀ီဂန် နောက်ခံလူ အယ်လ်ကာရပ်၊ ဗယ်လာဒိုးလစ် ဂိုးသမား ဂျပ်စတို ဗီလာ စတဲ့ ကစားသမား ကောင်းတွေ ပိုင်ဆိုင် ထားပါတယ်။ နည်းပြရဲ့ အရည်အချင်း မှတ်တမ်းတင်လောက် စရာ မရှိပေမယ့် လူအင်အား အနေအထား အရတော့ အနည်းဆုံး ရှုံးထွက် အဆင့်ထိ တက်နိုင်ဖို့ မျှော်မှန်း နိုင်ပါတယ်။

အသင်း လူစာရင်း

Squad No. Name Club
1 Justo VILLAR Valladolid (ESP)
2 Dario VERON Pumas UNAM (MEX)
3 Claudio MOREL Boca Juniors (ARG)
4 Denis CANIZA Leon (MEX)
5 Julio Cesar CACERES Atletico Mineiro (BRA)
6 Carlos BONET Olimpia Asuncion (PAR)
7 Oscar CARDOZO Benfica (POR)
8 Edgar BARRETO Atalanta (ITA)
9 Roque SANTA CRUZ Manchester City (ENG)
10 Edgar BENITEZ Pachuca (MEX)
11 Jonathan SANTANA Wolfsburg (GER)
12 Diego BARRETO Cerro Porteno (PAR)
13 Enrique VERA Liga de Quito (ECU)
14 Paulo DA SILVA Sunderland (ENG)
15 Victor CACERES Libertad (PAR)
16 Cristian RIVEROS Cruz Azul (MEX)
17 Aureliano TORRES San Lorenzo (ARG)
18 Nelson VALDEZ Borussia Dortmund (GER)
19 Lucas BARRIOS Borussia Dortmund (GER)
20 Nestor ORTIGOZA Argentinos Juniors (ARG)
21 Antolin ALCARAZ Club Brugge (BEL)
22 Aldo BOBADILLA Independiente Medellin (COL)
23 Rodolfo GAMARRA Libertad (PAR)


ပါရာဂွေးနှင့် အခွင့်အရေးများ



ပါရာဂွေးနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



ပါရာဂွေးနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Friday, 11 June 2010 09:25
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.