|

|
|
|
| အမည်ပြောင် |
: |
စူပါအီးဂဲလ် |
| ကိုယ်စားပြုဇုန် |
: |
အာဖရိက |
နည်းပြချုပ်
|
: |
လားစ် လာဂျာဘက် |
| အသင်းခေါင်းဆောင် |
: |
နွမ်နိုကနူး (ပို့စ်မောက်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၂၀
|
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၃ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ရှုံးထွက် ၁၆သင်း အဆင့် |
အာဖရိက နိုင်ငံတွေ ထဲမှာ တတိယ ဖီဖာအဆင့် အမြင့်ဆုံး ဖြစ်တဲ့ နိုက်ဂျီးရီးယား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၆၂ ကမှ ပထမဆုံး စတင် ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၀ အထိ ခြေစစ်ပွဲ မအောင်မြင် ခဲ့ဘဲ ၁၉၉၄ ကမ္ဘာ့ဖလား ကျမှသာ ပထမဆုံး အကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့ ပါတယ်။ ထူးခြားတာက ခြေစစ်ပွဲ အောင်တဲ့နှစ် မှာပဲ သူတို့အသင်းဟာ အုပ်စုအဆင့်ကို ကျော်ဖြတ် နိုင်ခဲ့သလို နောက်တစ်နှစ် ၁၉၉၈ မှာလည်း အုပ်စုအဆင့်ကို ဒုတိယ အကြိမ် ကျော်ဖြတ်နိုင် ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် မှာတော့ အုပ်စု အဆင့်ကနေ မတက်နိုင် ခဲ့ဘဲ ၂၀၀၆ မှာ ခြေစစ်ပွဲတောင် မအောင်မြင် ခဲ့ပါဘူး။ အာဖရိက နိုင်ငံများ ဖလား ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးခဲ့တဲ့ နိုက်ဂျီးရီးယားဟာ ယိုဘို(အဲဗာတန်)၊ မီခေးလ် (ချယ်လ်ဆီး)၊ ကနူး (ပို့စ်မောက်) စတဲ့ ခြေစွမ်းရော၊ အတွေ့အကြုံ ပိုင်းပါ ပြည့်စုံတဲ့ ကစားသမားတွေ ရှိနေပါတယ်။
နိုက်ဂျီးရီးယား အသင်းဟာ အာဖရိကဇုန် ခြေစစ်ပွဲမှာ ဒုတိယအဆင့်မှာ စတင် ပါဝင်ယှဉ်ပြိုင် ခဲ့ရပြီး တောင်အာဖရိက၊ ဆီရီယာ လီယွန်၊ အီကွေတိုရီးယယ် ဂင်ညာ တို့နဲ့ တစ်အုပ်စုတည်း ကျခဲ့ပါတယ်။ အဲီအဆင့်မှာ ၆ ပွဲကစား၊ ၆ ပွဲလုံးနိုင်၊ ပေးဂိုး ၁ ဂိုးပဲ ရှိပြီး တတိယ အဆင့်ကို တက်လာပါတယ်။ တတိယ အဆင့်မှာ တူနီးရှား၊ မိုဇမ်းဘစ်၊ ကင်ညာတို့နဲ့ တစ်အုပ်စုတည်း ကျခဲ့ပြန်ပြီး ၆ ပွဲကစား၊ ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရှုံးပွဲမရှိနဲ့ အုပ်စု ပထမ ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုက်ဂျီးရီးယား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အာဖရိကဇုန် ကိုယ်စားပြု အသင်းတစ်သင်း အဖြစ် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
နိုက်ဂျီးရီးယား အသင်းရဲ့ နည်းပြကတော့ ဆွီဒင်လူမျိုး ၀ါရင့် နည်းပြကြီး တစ်ဦးဖြစ်တဲ့ လားစ် လာဂျာဘက်ဖြစ်ပါတယ်။ သူဟာ ဆွီဒင် လက်ရွေးစင် အသင်းကို ၉ နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ကာ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ ကြိမ် ပါဝင် ယှဉ်ပြိုင် ခဲ့ဖူးတဲ့ နည်းပြကြီး ဖြစ်ပါတယ်။ နိုက်ဂျီးရီးယား တိုက်စစ်မှာ ကနူး၊ ယာကူဘူ၊ အူတာကာ၊ အိုဘင်နာ၊ မာတင်၊ အန်နီချီဘီ စတဲ့ ဥရောပ ကလပ်အသင်း အသီးသီးက ထိပ်တန်း ကစားသမားတွေ ပြည့်နှက် နေသလို ကွင်းလယ်မှာလည်း မီခေးလ်၊ အီသူဟူ စတဲ့ ကစားသမားတွေ အမာခံ ရှိပါတယ်။ နောက်တန်းက ယိုဘို၊ တိုင်ဝို၊ ရှစ်တူး စတဲ့ ကစားသမား တွေကလည်း အတွေ့အကြုံနဲ့ ကစားအား အကောင်းဆုံး အနေအထား ရှိနေပြီး ဂိုးသမား အန်ယီယာမာ ဆိုတာကလည်း အစ္စရေး လိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား တစ်ဦး ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားတို့ ဒီလူအင်အားကို အကျိုးရှိရှိ အသုံးချ နိုင်မယ်ဆိုရင် ဗိုလ်စွဲမယ့် အသင်းတွေ အတွက် အဓိက ဖျက်မြင်း ဖြစ်လာနိုင် သလို မထင်မှတ်ဘဲ ကော်ကောင်တောင် ဖြစ်သွား နိုင်ပါသေးတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Vincent ENYEAMA
|
Hapoel Tel-Aviv (ISR)
|
2
|
Joseph YOBO
|
Everton (ENG)
|
3
|
Taye TAIWO
|
Marseille (FRA)
|
4
|
Nwankwo KANU
|
Portsmouth (ENG)
|
5
|
Rabiu AFOLABI
|
Red Bull Salzburg (AUT)
|
6
|
Danny SHITTU
|
Bolton Wanderers (ENG)
|
7
|
John UTAKA
|
Portsmouth (ENG)
|
8
|
Yakubu AIYEGBENI
|
Everton (ENG)
|
9
|
Obafemi MARTINS
|
Wolfsburg (GER)
|
10
|
Ideye BROWN
|
Sochaux (FRA)
|
11
|
Peter ODEMWINGIE
|
Lokomotiv Moscow (RUS)
|
12
|
Kalu UCHE
|
Almeria (ESP)
|
13
|
Yussuf AYILA
|
Dynamo Kyiv (UKR)
|
14
|
Sani KAITA
|
Alania Vladikavkaz (RUS)
|
15
|
Lukman HARUNA
|
Monaco (FRA)
|
16
|
Austin EJIDE
|
Hapoel Petah Tikva (ISR)
|
17
|
Chidi ODIAH
|
CSKA Moscow (RUS)
|
18
|
Victor OBINNA
|
Malaga (ESP)
|
19
|
Chinedu OGBUKE OBASI
|
Hoffenheim (GER)
|
20
|
Dickson ETUHU
|
Fulham (ENG)
|
21
|
Uwa ECHIEJILE
|
Rennes (FRA)
|
22
|
Dele ADELEYE
|
Sparta Rotterdam (NED)
|
23
|
Dele AIYENUGBA
|
Bnei Yehuda (ISR)
|
နိုက်ဂျီးရီးယားနှင့် အခွင့်အရေးများ

နိုက်ဂျီးရီးယားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
နိုက်ဂျီးရီးယားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 15:56 |