|

|
|
|
| အမည်ပြောင် |
: |
အဖြူရောင်များ |
| ကိုယ်စားပြုဇုန် |
: |
သမုဒ္ဒရာပိုင်းဇုန် |
နည်းပြချုပ်
|
: |
ရစ်ကီ ဟားဘတ် |
| အသင်းခေါင်းဆောင် |
: |
ရိုင်ယန် နယ်လ်ဆန် (ဘလက်ဘန်း) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၇၈ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
အုပ်စုအဆင့် |
နယူးဇီလန်ဟာ ကစားသမားကောင်း ပေါများတဲ့ နိုင်ငံ ဖြစ်ပေမယ့် ယခင်က သြစတြေးလျတို့ လွှမ်းမိုး ထားမှုကြောင့် သမုဒ္ဒရာပိုင်း ဇုန်မှာ ထင်ပေါ်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ ယခု သြစတြေးလျက အာရှဇုန်ကို ရောက်သွားတဲ့ အတွက် နယူးဇီလန်တို့ အခွင့်အရေး ရလာခဲ့ ပါတယ်။ နောက်တစ်ချက်က နယူးဇီလန်မှာ အဆင့်အတန်း မြင့်တဲ့ ပြည်တွင်းလိဂ် ပြိုင်ပွဲ မရှိတာ ဖြစ်ပါတယ်။ နယူးဇီလန် လက်ရွေးစင် ကစားသမား အများစုဟာ ဥရောပ ထိပ်တန်းလိဂ်တွေ၊ အမေရိကန် မေဂျာလိဂ်နဲ့ သြစတြေးလျ အေလိဂ် တို့မှာ ကစား နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ အသင်းဟာ ၁၉၈၂ မှာ ခြေစစ်ပွဲ တစ်ကြိမ် အောင်မြင်ခဲ့ ဖူးပြီး အဲဒီတုန်းက အုပ်စု အဆင့် နဲ့ပဲ ကျေနပ်ခဲ့ ရပါတယ်။ နယူးဇီလန် အသင်းဟာ သမုဒ္ဒရာပိုင်း နိုင်ငံများ ဖလား ပြိုင်ပွဲမှာ ၄ ကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
နယူးဇီလန် အသင်းဟာ သမုဒ္ဒရာပိုင်း ခြေစစ်ပွဲကို ဒုတိယ အဆင့်ကနေ စတင် ပါဝင်ယှဉ်ပြိုင် ခဲ့ရပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲလို့ သတ်မှတ်ထား ပေမယ့် တကယ်တမ်းမှာ ဒီပြိုင်ပွဲဟာ သမုဒ္ဒရာ ပိုင်းဇုန် နိုင်ငံများ ဖလား ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ နယူးဇီလန်ဟာ ပထမ အဆင့်က ခြေစစ်ပွဲ အောင်လာတဲ့ နယူး ကာလီဒိုးနီးယား၊ ဖီဂျီ၊ ဗန်နူအာတူ နိုင်ငံတွေနဲ့ ကစား ခဲ့ရာမှာ ရှေ့ဆုံး ၅ ပွဲစလုံး အနိုင်ကစား ခဲ့ပြီး ချန်ပီယံ (အုပ်စု ပထမ) ဖြစ်သွား တာကြောင့် အမှတ် မလိုတော့ နောက်ဆုံး ပွဲမှာသာ ဖီဂျီ အသင်းကို ရှုံးနိမ့်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် နယူးဇီလန်ဟာ အာရှဇုန်က အဆင့်(၅)ရတဲ့ ဘာရိန်းနဲ့ Play-off ကစားခဲ့ရာမှာ နှစ်ကျော့ပေါင်း (၁-၀)ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပါတယ်။
နယူးဇီလန် နည်းပြ ရစ်ကီ ဟားဘတ်ဟာ ပြည်တွင်းလိဂ်က ၀ယ်လင်တန် ဖီးနစ် အသင်းကိုလည်း ပူးတွဲ ကိုင်တွယ်နေတာ ဖြစ်ပြီး နည်းပြလုပ်တဲ့ သက်တမ်းက ၅ နှစ်ပဲ ရှိပါသေးတယ်။ ဒါကြောင့် သူတို့ အသင်းမှာ ၀ယ်လင်တန် ဖီးနစ်က ကစားသမား အများအပြား ပါဝင် နေတာကို တွေ့ရပါတယ်။ တိုက်စစ်မှာ မစ်ဒယ်ဘရော့က ခရစ္စကေးလန်းနဲ့ ၀က်ဘရွန်းက ခရစ်စ္စ၀ုဒ်တို့ အမာခံ ကစားဖို့ ရှိပါတယ်။ ကွင်းလယ်မှာတော့ မားသားဝဲလ်က မက်ဂလင်ချေနဲ့ လတ်တလော အသင်းလက်မဲ့ ဖြစ်နေတဲ့ အီလော့ဒ်၊ မူလီဂန် တို့လို ၀ါရင့် ကစား သမားတွေ ရှိပါတယ်။ နောက်တန်းမှာ ဘလက်ဘန်းက နယ်လ်ဆင်နဲ့ အပ်စ်ပ်ဝှစ်ခ်ျက တွမ်မီစမစ်သ်တို့ ကိုပဲ အားထားရ မှာပါ။ ဂိုးသမား နေရာမှာ မဲလ်ဘုန်း ဗစ်ထရီက ဂလင်းမို့စ် နေရာရဖို့ ရှိပါတယ်။ လက်ရှိ အနေအထား အရ နယူးဇီလန်တို့ အုပ်စုက တက်အောင်ပဲ ရုန်းကန်ရဖို့ ရှိပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Mark PASTON
|
Wellington Phoenix (NZL)
|
2
|
Ben SIGMUND
|
Wellington Phoenix (NZL)
|
3
|
Tony LOCHHEAD
|
Wellington Phoenix (NZL)
|
4
|
Winston REID
|
Midtjylland (DEN)
|
5
|
Ivan VICELICH
|
Auckland City (NZL)
|
6
|
Ryan NELSEN
|
Blackburn Rovers (ENG) |
7
|
Simon ELLIOTT |
no club affiliation (UNK) |
8
|
Tim BROWN |
Wellington Phoenix (NZL) |
9
|
Shane SMELTZ |
Gold Coast United (AUS) |
10
|
Chris KILLEN |
Middlesbrough (ENG) |
11
|
Leo BERTOS |
Wellington Phoenix (NZL) |
12
|
Glen MOSS |
Melbourne Victory (AUS) |
13
|
Andy BARRON |
Team Wellington (NZL) |
14
|
Rory FALLON |
Plymouth Argyle (ENG) |
15
|
Michael McGLINCHEY |
Motherwell (SCO) |
16
|
Aaron CLAPHAM |
Canterbury Utd. (NZL) |
17
|
Dave MULLIGAN |
no club affiliation (UNK) |
18
|
Andy BOYENS |
New York Red Bulls (USA) |
19
|
Tommy SMITH |
Ipswich Town (ENG) |
20
|
Chris WOOD |
West Bromwich Albion (ENG) |
21
|
Jeremy CHRISTIE |
Tampa Bay (USA) |
22
|
Jeremy BROCKIE |
North Queensland Fury (AUS) |
23
|
James BANNATYNE |
Team Wellington (NZL) |
နယူးဇီလန်နှင့် အခွင့်အရေးများ

နယူးဇီလန်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
နယူးဇီလန်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 11:02 |