Monday, 20 May 2013
Home World World Cup Group B South Korea

အမည်ပြောင် : တေးဂတ် ဂျီယွန်ဆာ (စစ်သည်တော်များ)၊ အာရှကျား၊ သရဲနီ
ကိုယ်စားပြုဇုန် : အာရှ
နည်းပြချုပ်
: ဟူဂျောင်မူး
အသင်းခေါင်းဆောင် : ပတ်ဂျီဆန် (မန်ယူ)
ဖီဖာ ကမ္ဘာ့အဆင့် : ၄၇
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၇ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: စတုတ္တ (၂၀၀၂)


တောင်ကိုရီးယား အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပေါ်တူဂီ၊ အီတလီ၊ စပိန် စတဲ့ အသင်းကြီးတွေကို အနိုင်ယူပြီး စတုတ္တ နေရာ ရရှိခဲ့တဲ့ အံ့ဖွယ်အသင်း ဖြစ်ပါတယ်။ ဒါကြောင့် အာရှ အသင်းတွေ ထဲမှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်ဖူးတဲ့ ပထမဆုံးနဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၇ ကြိမ်တိုင်တိုင် ပါဝင် ယှဉ်ပြိုင် ခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ သူတို့ အသင်းဟာ ၁၉၅၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် စတင် ခြေစစ်ပွဲ ၀င်ခဲ့ပြီး အဲဒီနှစ် မှာပဲ ခြေစစ်ပွဲ အောင်မြင်ခဲ့ တာကြောင့် ပထမဆုံး ၀င်ရာက်ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ၂ ပွဲကစား ၂ ပွဲရှုံး ပေးဂိုး ၁၆ ဂိုးနဲ့ ပြိုင်ပွဲဝင် အသင်း ၁၆ သင်း အနက် နောက်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၂ ခုနှစ်အထိ ခြေစစ်ပွဲ တောက်လျှောက် မအောင်ခဲ့ဘဲ ၁၉၈၆ မက္ကဆီကို ကမ္ဘာ့ဖလား မှာမှ နောက်တစ်ကြိမ် ထပ်မံ ခြေစစ်ပွဲ အောင်မြင်ခဲ့ကာ ၂၀၀၆ ခုနှစ် အထိ ၆ ကြိမ် ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အသင်းဟာ အာရှဇုန်ရဲ့ အမြင့်ဆုံး ဆီဒင်ရ အသင်း ၅ သင်း စာရင်းမှာ ပါဝင်နေလို့ ပထမအဆင့်နဲ့ ဒုတိယအဆင့် ရှုံးထွက် ခြေစစ်ပွဲတွေ ကစားဖို့ မလိုဘဲ တတိယ အဆင့် ကနေ စတင် ကစားခဲ့ ရပါတယ်။ ဒီအဆင့်မှာ တောင်ကိုရီးယား အုပ်စု ၃ မှာ ပါဝင်နေပြီး မြောက်ကိုရီးယား၊ ဂျော်ဒန်၊ တာ့ခ်မင်နစ္စတန် တို့နဲ့ တစ်အုပ်စုတည်း ကျနေပါတယ်။ တောင်ကိုရီးယားဟာ ၆ ပွဲကစား၊ ၃ ပွဲနိုင်၊ ၃ ပွဲသရေ ရလဒ်နဲ့ ရှုံးပွဲမရှိဘဲ အုပ်စု ပထမ ရခဲ့ပါတယ်။ ဒါကြောင့် စတုတ္တ အဆင့်ကို တက်ရောက်ခဲ့ ပြန်ပြီး ဒီအဆင့်မှာတော့ အုပ်စု B မှာ ကျရောက်ပါတယ်။ တိုက်ဆိုင်မှု အနေနဲ့ ဒီအုပ်စုမှာလည်း မြောက်ကိုရီးယားနဲ့ ထပ်တွေ့ ခဲ့ရပြီး ဆော်ဒီ၊ အီရန်၊ ယူအေအီး အရှေ့အလယ်ပိုင်း ၃ သင်းနဲ့ အတူတကွ ကျခဲ့ပါတယ်။ တောင်ကိုရီးယားဟာ ၈ပွဲ ကစားရာမှာ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ရှုံးပွဲမရှိ ရလဒ်ကို ရခဲ့တာကြောင့် မြောက်ကိုရီးယား နဲ့အတူ တိုက်ရိုက် ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ လက်ရှိနည်းပြက ပြည်တွင်း နည်းပြ တစ်ဦးသာ ဖြစ်တဲ့ ဟူဂျောင်မူး ဖြစ်ပါတယ်။ လက်ရွေးစင် ကစားသမား ဘ၀က မြန်မာ အသင်းကို ဂိုးသွင်းခဲ့ဖူးတဲ့ ဟူဂျောင်မူးဟာ ပြည်တွင်း ကလပ်တွေနဲ့ အတွေ့အကြုံ များသလို လက်ရွေးစင် အသင်းကိုလည်း ၃ ကြိမ်မြောက် ပြန်လည် ကိုင်တွယ်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရွေးစင် အသင်း နည်းပြ ဘ၀နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၀င်ပြီး ယှဉ်ပြိုင်ဖူးတာ ဒီတစ်ကြိမ် ပထမဆုံး ပါပဲ။ တောင်ကိုရီးယား တိုက်စစ်မှာ ၂၀၀၂ တုန်က သူရဲကောင်း ဖြစ်ခဲ့တဲ့ အန်ဂျန်းဟွမ်နဲ့ မိုနာကို တိုက်စစ်မှူး ပတ်ချူယောင်းတို့ ရှိပါတယ်။ ကွင်းလယ်မှာ မန်ယူက ပတ်ဂျီဆန်နဲ့ ၀ါရင့် ကစားသမားကြီး ကင်နမ်အီလ်တို့ အားထားရမှာ ဖြစ်ပြီး ခံစစ်ကတော့ လီယောင်ပျို၊ လီဂျန်ဆူးနဲ့ ချာဒူးရီတို့ အတွေ့ အကြုံရော၊ ကစားအားပါ ရှိပါတယ်။ ဂိုးသမားကြီး လီဝန်ဂျေး ကလည်း အသက် ၃၇ နှစ် ရှိနေပေမယ့် အကောင်းဆုံး လက်စွမ်းကို ရရှိနေ ပါသေးတယ်။ တောင်ကိုရီးယားတို့ လူအင်အားက နည်းတယ်လို့ မဆိုပေမယ့် လက်ရှိ နည်းပြရဲ့ အစွမ်းက သံသယ ဖြစ်စရာ ရှိနေသလို အုပ်စုတွင်း ပြိုင်ဘက် တွေကလည်း ကပ်လွန်း တာကြောင့် အုပ်စု တက်ဖို့ကို ခက်ခက်ခဲခဲ ရုန်းကန်ရ ပါမယ်။

အသင်း လူစာရင်း

Squad No. Name Club
1 LEE Woon Jae Suwon Bluewings (KOR)
2 OH Beom Seok Ulsan Hyundai (KOR)
3 KIM Hyung Il Pohang Steelers (KOR)
4 CHO Yong Hyung Jeju Utd. (KOR)
5 KIM Nam Il Tom Tomsk (RUS)
6 KIM Bo Kyung Oita Trinita (JPN)
7 PARK Ji Sung Manchester Utd. (ENG)
8 KIM Jung Woo Gwangju Sangmu (KOR)
9 AHN Jung Hwan Dalian Shide (CHN)
10 PARK Chu Young Monaco (FRA)
11 LEE Seung Yeoul FC Seoul (KOR)
12 LEE Young Pyo Al Hilal (KSA)
13 KIM Jae Sung Pohang Steelers (KOR)
14 LEE Jung Soo Kashima Antlers (JPN)
15 KIM Dong Jin Ulsan Hyundai (KOR)
16 KI Sung Yueng Celtic (SCO)
17 LEE Chung Yong Bolton Wanderers (ENG)
18 JUNG Sung Ryong Seongnam Ilhwa Chunma (KOR)
19 YEOM Ki Hun Suwon Bluewings (KOR)
20 LEE Dong Gook Jeonbuk Motors (KOR)
21 KIM Young Kwang Ulsan Hyundai (KOR)
22 CHA Du Ri SC Freiburg (GER)
23 KANG Min Soo Suwon Bluewings (KOR)


တောင်ကိုရီးယားနှင့် အခွင့်အရေးများ



တောင်ကိုရီးယားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



တောငကိုရီးယားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Thursday, 10 June 2010 16:08
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.