Sunday, 19 May 2013
Home World World Cup Group G North Korea




အမည်ပြောင် : ချွိုင်လီမာ (နတ်မြင်းပျံ)
ကိုယ်စားပြုဇုန် : အာရှဇုန်
နည်းပြချုပ်
: ကင်ဂျောင်ဟန်
အသင်းခေါင်းဆောင် : ဟောင်ယွမ်ဂျို (ရော့စတော့ဗ်)
ဖီဖာ ကမ္ဘာ့အဆင့် : ၁၀၅
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၁ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: ကွာတားဖိုင်နယ်


မြောက် ကိုရီးယားဟာ ၁၉၆၆ ခုနှစ်မှာ တစ်ကြိမ်သာ ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပြီး နှစ်ပေါင်း ၄၄ နှစ် ကြာမှ နောက်တစ်ကြိမ် ခြေစစ်ပွဲ အောင်လို့ ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ တစ်ကြိမ်ဆို ဆိုသလောက် ခြေစွမ်းပြတဲ့ အသင်း ဖြစ်ပြီး ပါဝင် ယှဉ်ပြိုင်ခွင့် ရတဲ့ အကြိမ်မှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ တာကိုလည်း တွေ့ရပါတယ်။ အဲဒီတုန်းက မြောက် ကိုရီးယားဟာ နာမည်ကြီး အီတလီကို အုပ်စုတွင်း ပွဲစဉ်မှာ အနိုင်ကစားပြီး ဖြုတ်ချပစ်ခဲ့ တာကို အီတလီ ဘောလုံး ပရိသတ်တွေ အခုအချိန်ထိ မှတ်မိ နေတုန်းပါပဲ။ နိုင်ငံရေး အခြေအနေ အရ တံခါးပိတ် ၀ါဒကို လက်ကိုင်ထားတဲ့ မြောက် ကိုရီးယားဟာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုး ခြေစစ်ပွဲ အောင်တာ တကယ့်ကို အံ့သြစရာပါ။ လက်ရှိ ကိုရီးယား လက်ရွေးစင် အသင်းမှာ ကိုရီးယား လူမျိုး စစ်စစ်တွေ ပါဝင်နေ သလို ဇိုင်နီချီ ကိုရီးယားလို့ ခေါ်ကြတဲ့ ဂျပန်နွယ်ဖွား ကိုရီးယား ကစားသမား တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

မြောက် ကိုရီးယားဟာ အာရှဇုန် ခြေစစ်ပွဲ တွေမှာ ပထမ အဆင့် ကတည်းက စတင်ပါဝင် ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ မွန်ဂိုလီးယား အသင်းကို အိမ်ကွင်း၊ အဝေးကွင်း ၂ ကျော့ပေါင်း (၉-၂)ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ အေအက်ဖ်စီရဲ့ စည်းမျဉ်း တွေအရ မြောက် ကိုရီးယားဟာ ဒုတိယ အဆင့် ပွဲစဉ်တွေ ကိုတော့ ပါဝင်ခဲ့ရခြင်း မရှိဘဲ တတိယ အဆင့်ကို ခုန်ကျော်ပြီး ရောက်သွားခဲ့ ပါတယ်။ ဒီအဆင့်မှာ မြောက် ကိုရီးယားဟာ အုပ်စု (၃)မှာ တောင်ကိုရီးယား၊ ဂျော်ဒန်၊ တာ့ခ်မင် နစ္စတန် တို့နဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ၆ ပွဲမှာ ၃ ပွဲနိုင်၊ ၃ ပွဲသရေ ကျပြီး ရှုံးပွဲမရှိ ခဲ့တဲ့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို ဂိုးကွာခြားချက် မယှဉ်နိုင် တာကြောင့် အုပ်စု ဒုတိယသာ ရပြီး နောက်တစ်ဆင့် တက်ခဲ့တယ်။ ဒီအဆင့် မှာလည်း တောင်ကိုရီးယားနဲ့ပဲ တစ်အုပ်စုတည်း ပြန်ကျပြန်ပြီး ဆော်ဒီ၊ အီရန်၊ ယူအေအီးတို့ ပါဝင်တဲ့ အုပ်စု(B)မှာ ယှဉ်ပြိုင် ကြရတယ်။ မြောက်ကိုရီးယားဟာ ၃ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံး ရလဒ်နဲ့ အုပ်စု ဒုတိယ နေရာ ရသွားတဲ့ အတွက် တိုက်ရိုက်ဝင်ခွင့် ရတာ ဖြစ်ပါတယ်။

မြောက် ကိုရီးယားရဲ့ နည်းပြချုပ် ကင်ဂျောင်ဟန်ဟာ ပြည်တွင်း အသင်းတွေကိုသာ ကိုင်တွယ် ခဲ့ဖူးတဲ့ သာမန်နည်းပြ တစ်ယောက်သာ ဖြစ်ပါတယ်။ သူဟာ အသင်းကို ၂၀၀၉ ခုနှစ်မှာ စတင် တာဝန်ယူ ခဲ့တာ ဖြစ်ပါတယ်။ ကစားသမား တွေကလည်း ပြည်တွင်း ကလပ်တွေက အများဆုံး ဖြစ်ပြီး ရုရှားကလပ် FC ရော့စတော့ဗ်က တိုက်စစ်မှူး ဟောင်ယွမ်ဂျို၊ ကာဝါစကီက ဂျောင်တေးဆီနဲ့ အိုမီယာက အန်းယောင်ဟတ် တို့ကို သတိထား ရလိမ့်မယ် လို့တော့ ထင်မိတယ်။ ထူးခြားချက် အနေနဲ့ သူတို့ အသင်းဟာ တိုက်စစ်မှူး ကင်မြောင်ဝန်ကို စာရင်းပေးသွင်း ရာမှာ ဂိုးသမား အနေနဲ့သာ စာရင်း သွင်းထားလို့ တကယ့် ပြိုင်ပွဲမှာ ဂိုးသမား အဖြစ်သာ ကစားခွင့် ရမယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားတို့ အုပ်စုတွင်း အိမ်ဖြည့် အဆင့်ပဲ ဖြစ်သွားဖို့ ရှိနေတယ်။

အသင်း လူစာရင်း

Squad No. Name Club
1 RI Myong Guk Pyongyang City (PRK)
2 CHA Jong Hyok Amrokgang (PRK)
3 RI Jun Il Sobaeksu (PRK)
4 PAK Nam Chol April 25 (PRK)
5 RI Kwang Chon April 25 (PRK)
6 KIM Kum Il April 25 (PRK)
7 AN Chol Hyok Rimyongsu (PRK)
8 JI Yun Nam April 25 (PRK)
9 JONG Tae Se Kawasaki Frontale (JPN)
10 HONG Yong Jo FK Rostov (RUS)
11 MUN In Guk April 25 (PRK)
12 CHOE Kum Chol April 25 (PRK)
13 PAK Chol Jin Amrokgang (PRK)
14 PAK Nam Chol Amrokgang (PRK)
15 KIM Yong Jun Pyongyang City (PRK)
16 NAM Song Chol April 25 (PRK)
17 AN Yong Hak Omiya Ardija (JPN)
18 KIM Myong Gil Amrokgang (PRK)
19 RI Chol Myong Pyongyang City (PRK)
20 KIM Myong Won Amrokgang (PRK)
21 RI Kwang Hyok Kyonggongop (PRK)
22 KIM Kyong Il Rimyongsu (PRK)
23 PAK Sung Hyok Sobaeksu (PRK)


မြောက်ကိုရီးယားနှင့် အခွင့်အရေးများ



မြောက်ကိုရီးယားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



မြောက်ကိုရီးယားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Thursday, 10 June 2010 16:26
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.