Saturday, 18 May 2013
Home World World Cup Group D Ghana

အမည်ပြောင် : ကြယ်နက်များ
ကိုယ်စားပြုဇုန် : အာဖရိက
နည်းပြချုပ်
: မီလိုဗန် ရာဂျီဗက်
အသင်းခေါင်းဆောင် : စတီဖင် အပီးယား (ဘိုလော့နာ)
ဖီဖာ ကမ္ဘာ့အဆင့် : ၃၂
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၁ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: ရှုံးထွက်အဆင့်


ဂါနာနိုင်ငံဟာ ၁၉၅၇ ခုနှစ် အထိ ဂိုးလ်ကို့စ် (ရွှေကမ်းခြေ) ဆိုတဲ့ အမည်နဲ့ ဗြိတိသျှ ကိုလိုနီ နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာမှ ဂါနာ ဆိုတဲ့ အမည်တဲ့ လွတ်လပ်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၀၆ မှာမှ ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပြီး အခု ၂၀၁၀ မှာ ဒုတိယအကြိမ် ကမ္ဘာ့ဖလား လေနုအေးကို ပြန်ရှူခွင့် ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲမှာ ၄ ကြိမ် ဗိုလ်စွဲခဲ့ပြီး အိုလံပစ် ပြိုင်ပွဲမှာလည်း ၅ ကြိမ် ဆက်တိုက် ပါဝင်ခွင့် ရခဲ့ပါတယ်။ ဂါနာဟာ အီဂျစ်အသင်း ပြီးရင် အိုလံပစ် ရွှေတံဆိပ်ကို ဒုတိယမြောက် ရဖူးတဲ့ အာဖရိက အသင်းလည်း ဖြစ်ပါတယ်။ ၂၀၀၅ မှာ ဖီဖာ အတိုးတက်ဆုံး အသင်းဆု ရခဲ့တဲ့ ဂါနာဟာ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အုပ်စု အဆင့်ကနေပဲ လှည့်ပြန် ခဲ့ရပါတယ်။

ဂါနာဟာ အာဖရိကဇုန် ခြေစစ်ပွဲမှာ ဒုတိယ အကျော့ကနေ စတင် ယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပြီး အုပ်စု(၅)မှာ ဂါဗွန်၊ လစ်ဗျား၊ လီဆိုသို စတဲ့ အသင်းငယ်လေး တွေနဲ့သာ တွေ့ရလို့ အုပ်စု ချောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအုပ်စုမှာ ၄ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်သာ ရခဲ့ပြီး ဂါဗွန်၊ လစ်ဗျား တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက် အရသာ အုပ်စုဗိုလ် ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ ခြေစစ်ပွဲ တတိယ အဆင့် ရောက်ပြန်တော့ အုပ်စု (D)မှာ ဘီနင်၊ မာလီ၊ ဆူဒန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက် ခဲ့ပါတယ်။ ဒီအုပ်စုမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နဲ့ အုပ်စု ပထမ ရခဲ့ပြန်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဂါနာ နည်းပြ ရာဂျီဗစ်ဟာ ၂၀၀၈ ခုကနေ စတင်ပြီး ဂါနာ အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အရင်က နာမည်ကြီး အသင်းဆိုလို့ ရက်စတား ဘဲလ်ဂရိတ် တစ်သင်းကိုပဲ ကိုင်တွယ် ခဲ့ဖူးတာမို့ နည်းပြ အတွေ့အကြုံ အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဂါနာ ကွင်းလယ်မှာ နာမည်ကျော် ကစားသမား မိုက်ကယ် အက်ဆီယန် ဒဏ်ရာကြောင့် မပါနိုင်တာဟာ တော်တော်ကို နစ်နာတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာ အေစီမီလန်ရဲ့ လူငယ် တိုက်စစ်မှူး အဒီယာ၊ အင်တာ ကွင်းလယ်က မွန်တာရီနဲ့ ပို့်စ်မောက်က ဘိုတန်၊ လိုင်ယွန် နောက်ခံလူ မန်ဆက် တို့ကိုပဲ အားထားရ ပါမယ်။ အသင်းရဲ့ လူအင်အားနဲ့ နည်းပြ အရည်အချင်းဟာ အုပ်စု အဆင့်ကနေ ကျော်ဖြတ်ဖို့ ရုန်းကန်ရမယ့် အခြေအနေ ရှိပါတယ်။ ဖျက်မြင်း အသင်း အနေနဲ့သာ ခြေစွမ်းပြဖို့ ရှိနေပါတယ်။

အသင်း လူစာရင်း

Squad No. Name Club
1
Daniel AGYEI
Liberty (GHA)
2
Hans SARPEI
Bayer Leverkusen (GER)
3
Asamoah GYAN
Rennes (FRA)
4
John PANTSIL
Fulham (ENG)
5
John MENSAH Sunderland (ENG)
6
Anthony ANNAN
Rosenborg (NOR)
7
Samuel INKOOM
Basel (SUI)
8
Jonathan MENSAH
Free State Stars (RSA)
9
Derek BOATENG
Getafe (ESP)
10
Stephen APPIAH
Bologna (ITA)
11
Sulley MUNTARI
Inter (ITA)
12
Prince TAGOE
Hoffenheim (GER)
13
Andre AYEW
Arles (FRA)
14
Matthew AMOAH
NAC Breda (NED)
15
Isaac VORSAH
Hoffenheim (GER)
16
Stephen AHORLU
Heart of Lions (GHA)
17
Ibrahim AYEW
Zamalek (EGY)
18
Dominic ADIYIAH
AC Milan (ITA)
19
Lee ADDY
Bechem Chelsea (GHA)
20
Quincy OWUSU-ABEYIE
Al Sadd (QAT)
21
Kwadwo ASAMOAH
Udinese (ITA)
22
Richard KINGSON
Wigan (ENG)
23
Kevin Prince BOATENG
Portsmouth (ENG)


ဂါနာနှင့် အခွင့်အရေးများ



ဂါနာနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



ဂါနာနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Friday, 11 June 2010 10:28
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.