|

|
|
|
| အမည်ပြောင် |
: |
ဒိုင်းမန်ရှက်ဖ် (အသင်းအဖွဲ့) |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
ဂျိုအာချင်လိုး |
| အသင်းခေါင်းဆောင် |
: |
ဖီးလစ်လမ်း (ဘိုင်ယန်မြူးနစ်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၆
|
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁၆ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ချန်ပီယံ (၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀) |
ဂျာမနီ အသင်းဟာ ကမ္ဘာ့ပေါ်မှာ အောင်မြင်မှု အများဆုံး လက်ရွေးစင် အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ဂျာမနီ နိုင်ငံ ၃ ပိုင်း ကွဲသွားတဲ့ နောက်ပိုင်း လက်ရွေးစင် အသင်း ၃ သင်းနဲ့ ပါဝင် ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် အခုလို အောင်မြင်မှု ရလဒ်တွေ ပိုမို များပြားသွားတာ ဖြစ်ပါတယ်။ အရှေ့ ဂျာမနီ၊ အနောက် ဂျာမနီနဲ့ ဆားလန်း ဆိုတဲ့ အသင်း ၃ သင်းနဲ့ ယှဉ်ပြိုင် ခဲ့ရာမှာ ချန်ပီယံဆု ၂ ကြိမ် ရတဲ့အထိ အောင်မြင်ခဲ့ ပါတယ်။ အဲဒီ နောက်ပိုင် ဂျာမနီ ၃ သင်း ပြန်လည် ပေါင်းစည်း မိတဲ့အခါ မှာလည်း ချန်ပီယံ တစ်ကြိမ် ထပ်ဖြစ်ပြန်လို့ စုစုပေါင်း ကမ္ဘာ့ ချန်ပီယံ ၃ ကြိမ် ဖြစ်တဲ့ အသင်းလို့ မှတ်တမ်း ၀င်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယ (၄)ကြိမ်၊ တတိယ (၃)ကြိမ် ရခဲ့တယ် ဆိုတဲ့ မှတ်တမ်းကလည်း ဘယ်အသင်းမှ လိုက်မမီတဲ့ အနေအထားပါ။ ဂျာမနီရဲ့ ကမ္ဘာ့ဖလား ၀င်ပြိုင်တဲ့ သက်တမ်း တစ်လျှောက် အုပ်စု အဆင့်ကို မကျော်တာ တစ်ကြိမ်ပဲ ရှိခဲ့ပြီး ဥရောပဖလား ပြိုင်ပွဲမှာလည်း ချန်ပီယံ ၃ ကြိမ် ဖြစ်ဖူးပါတယ်။ ကစားသမားကောင်း ပေါများတဲ့ ဂျာမနီ အသင်းမှာ မူလာ၊ ရှဝိန်း စတိုင်ဂျာ၊ ဖိလစ်လမ်း စတဲ့ ဘိုင်ယန်မြူးနစ် ကစားသမား တွေကို အဓိက အမာခံ ထားပါတယ်။
ဂျာမနီဟာ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ၄ မှာ ပါဝင်ခဲ့ပြီး ရုရှား၊ ဖင်လန်၊ ဝေးလ်၊ အဇာဘိုင်ဂျန်၊ လက်ချင်စတိန်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက် ခဲ့ပါတယ်။ အုပ်စု အနေအထား အရ အနည်းငယ် ကျပ်တယ်လို့ ဆိုနိုင်ပေမယ့် ဂျာမနီ အသင်းဟာ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရှုံးပွဲမရှိနဲ့ အုပ်စု ပထမ နေရာကို လွတ်လွတ် ကျွတ်ကျွတ် ရရှိခဲ့ပါတယ်။ တိုက်စစ်မှာ ကလိုဆေး၊ ပိုဒေါလ် စကီးတို့ ခြေစွမ်းပြ ခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၂၆ ဂိုး ရခဲ့လို့ စပိန်နဲ့ အင်္ဂလန် ပြီးရင် သွင်းဂိုး အများဆုံး အသင်း ဖြစ်လာပါတယ်။ ရှရှားနဲ့ ဝေးလ် တို့ကို အိမ်ကွင်း အဝေးကွင်း ၂ ကျော့စလုံး အနိုင်ကစား ထားတဲ့ ဂျာမနီရဲ့ ခြေစွမ်းက ကြောက်မက်ဖွယ် ပါပဲ။
ဂျာမနီ နည်းပြ ဂျိုအာချင်လိုးဟာ အရင် နိုင်ငံတကာ အသင်း အတွေ့အကြုံ နည်းခဲ့တယ် ဆိုပေမယ့် အခုအချိန်မှာ ဂျာမနီ အသင်းကို ကိုင်တွယ်တာ ၄ နှစ်လောက် ရှိနေပြီမို့ တော်တော်လေး အရည်အသွေး ပြည့်ဝနေပါပြီ။ ဒါပေမယ့် ဗျူဟာမြောက်တဲ့ လူစားလဲမှု တွေနဲ့ ကစားကွက် ကောင်းကောင်း တွေကိုတော့ သူ့ဆီက တွေ့ရခဲ့ပါတယ်။ ဂျာမနီ အသင်းခေါင်းဆောင် မိုက်ကယ် ဘောလက် ဒဏ်ရာ ရသွားတာဟာ အသင်းကို အကြီးအကျယ် ထိခိုက်စေ ပါတယ်။ လူငယ် အများစု ပါဝင်တဲ့ ဂျာမနီ အသင်းဟာ ပြည်တွင်း ကစားသမား သက်သက် နဲ့ပဲ ယှဉ်ပြိုင်မှာမို့ စည်းလုံးမှုနဲ့ နားလည်မှု အားကောင်း နိုင်ပါတယ်။ အထူးသဖြင့် ဖိလစ်လမ်း၊ မာတီဆက်ကာ၊ ရှဝိန်း စတိုင်ဂျာ၊ မူလာ၊ ကလိုဆေး၊ ပိုဒေါလ်စကီး တို့ဟာ ခြေစွမ်းရော အတွေ့အကြုံပါ အကောင်းဆုံး အနေအထား ရှိနေတယ်။ ဒီလူအင်အား နဲ့ ဆိုရင် ဂျာမနီတို့ အနည်းဆုံး ကွာတားဖိုင်နယ် ရောက်ဖို့ ရှိပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Manuel NEUER
|
Schalke 04 (GER)
|
2
|
Marcell JANSEN
|
Hamburger SV (GER)
|
3
|
Arne FRIEDRICH
|
Hertha Berlin (GER)
|
4
|
Dennis AOGO
|
Hamburger SV (GER)
|
5
|
Serdar TASCI
|
VfB Stuttgart (GER)
|
6
|
Sami KHEDIRA |
VfB Stuttgart (GER)
|
7
|
Bastian SCHWEINSTEIGER |
Bayern Munich (GER)
|
8
|
Mesut OEZIL
|
Werder Bremen (GER)
|
9
|
Stefan KIESSLING |
Bayer Leverkusen (GER)
|
10
|
Lukas PODOLSKI |
FC Cologne (GER)
|
11
|
Miroslav KLOSE
|
Bayern Munich (GER)
|
12
|
Tim WIESE |
Werder Bremen (GER)
|
13
|
Thomas MUELLER |
Bayern Munich (GER)
|
14
|
Holger BADSTUBER |
Bayern Munich (GER)
|
15
|
Piotr TROCHOWSKI |
Hamburger SV (GER)
|
16
|
Philipp LAHM |
Bayern Munich (GER)
|
17
|
Per MERTESACKER |
Werder Bremen (GER)
|
18
|
Toni KROOS |
Bayer Leverkusen (GER)
|
19
|
CACAU |
VfB Stuttgart (GER)
|
20
|
Jerome BOATENG |
Hamburger SV (GER)
|
21
|
Marko MARIN |
Werder Bremen (GER)
|
22
|
Hans Joerg BUTT |
Bayern Munich (GER)
|
23
|
Mario GOMEZ |
Bayern Munich (GER)
|
ဂျာမနီနှင့် အခွင့်အရေးများ

ဂျာမနီနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဂျာမနီနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 10:09 |