|

|
|
|
| အမည်ပြောင် |
: |
လက်စ်ဘလူရက်စ် (အပြာရောင်များ) |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
ရေမွန် ဒေါမနစ် |
| အသင်းခေါင်းဆောင် |
: |
သီယာရီ အွန်နရီ (ဘာစီလိုနာ) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၁၀ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁၂ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ချန်ပီယံ (၁၉၉၈) |
ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ် တစ်ဝိုက်တုန်းက ကမ္ဘာ့ နံပါတ် ၁ နေရာကို အကြိမ်ကြိမ် ရရှိခဲ့ပြီး ဘောလုံး အင်အားကြီး နိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ် ပြုခံခဲ့ရတဲ့ ပြင်သစ် အသင်းဟာ လတ်တလော မှာတော့ တော်တော်လေး ရုန်းကန် နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ၁၉၉၈ မှာ ချန်ပီယံ၊ ၂၀၀၆ မှာ ဒုတိယ ဖြစ်ခဲ့တဲ့ ပြင်သစ် အသင်းဟာ ဒီနှစ်ပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်ဖို့တောင် သမာတဲ့ နည်းလမ်းရော၊ မသမာတဲ့ နည်းလမ်း တွေနဲ့ပါ အသုံးပြုပြီး ကြိုးစားခဲ့ရတာကို တွေ့ရပါတယ်။ အထူးသဖြင့် နောက်ဆုံး paly-off အဆင့်မှာ အိုင်ယာလန် အသင်းကို အွန်နရီရဲ့ ရည်ရွယ်ချက် ရှိရှိ လက်ထိဘောနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့တာကြောင့် ပရိသတ်တွေ အကြား ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ရ ပါတယ်။
ပြင်သစ်ဟာ ဥရောပဇုန် ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ရာမှာ အုပ်စု (၇)ကို ကျရောက်ခဲ့ပြီး ဆားဘီယား၊ သြစတြီးယား၊ လစ်သူရေးနီးယား၊ ရိုမေးနီးယား၊ ဖာရိုးကျွန်းစုများ တို့နဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။ ပြင်သစ် အသင်းဟာ ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲသာ ရှုံးခဲ့ပေမယ့် ဆားဘီးယား အသင်းထက် တစ်မှတ်လျော့ နေလို့ အုပ်စု ဒုတိယသာ ရရှိခဲ့ပါတယ်။ ဒါကြောင့် တိုက်ရိုက် ခြေစစ်ပွဲ မအောင်မြင်ဘဲ အကောင်းဆုံး ဒုတိယ ၈ သင်း စာရင်းသာ ၀င်ခဲ့ပြီး Play-off ကစားခဲ့ ရပါတယ်။ Play-off ပွဲစဉ်မှာ အိုင်ယာလန် အသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ပေါင်း (၂-၁)ဂိုးနဲ့ နိုင်ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ် အသင်းရဲ့ နည်းပြကြီး ကတော့ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ပြင်သစ် အသင်းကို ဒုတိယ ရစေခဲ့တဲ့ ပြင်သစ် လူမျိုး ရေမွန် ဒေါမစ်ပဲ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ကတည်းက ပြင်သစ် ယူ-၂၁ အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒေါမနစ်ဟာ ၂၀၀၄ ခုနှစ်မှာ လက်ရွေးစင် အသင်းကြီးရဲ့ နည်းပြအဖြစ် တိုးမြှင့်ခန့်အပ် ခံခဲ့ရပြီး ယခုအချိန်ထိ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ဂါးလက်စ်၊ အီဗရာ၊ အဘီဒယ်၊ ကလစ်ချီ တို့ရဲ့ နောက်တန်း၊ ဒီယာဘီ၊ ဒိုင်ယာရာ၊ မာလူဒါ၊ ရီဘာရီ တို့ရဲ့ အလယ်တန်း၊ အနယ်လ်ကာ၊ အွန်နရီ တို့ရဲ့ ရှေ့တန်းနဲ့ ပြင်သစ် အသင်းဟာ စာရွက်ပေါ်မှာ အကောင်းဆုံး အနေအထား ရှိနေပေမယ့် တကယ်တမ်းမှာ ထင်သလောက် မဟုတ်တာကို ခြေစမ်းပွဲ ရလဒ်တွေ ကြည့်ရင် သိနိုင်ပါတယ်။ ပြင်သစ် အနေနဲ့ အုပ်စုအဆင့် ကနေ ကျော်ဖြတ်နိုင်ဖို့ သိပ်မခက်ပေမယ့် ဗိုလ်စွဲဖို့အထိ မျှော်လင့်နိုင်တဲ့ အင်အားတော့ ရှိမနေတာ အမှန်ပါပဲ။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Hugo LLORIS |
Lyon (FRA)
|
| 2 |
Bakari SAGNA
|
Arsenal (ENG)
|
3
|
Eric ABIDAL
|
Barcelona (ESP)
|
4
|
Anthony REVEILLERE
|
Lyon (FRA)
|
5
|
William GALLAS
|
Arsenal (ENG)
|
6
|
Marc PLANUS
|
Bordeaux (FRA)
|
| 7 |
Franck RIBERY
|
Bayern Munich (GER)
|
8
|
Yoann GOURCUFF
|
Bordeaux (FRA)
|
9
|
Djibril CISSE
|
Panathinaikos (GRE)
|
10
|
Sidney GOVOU
|
Lyon (FRA)
|
11
|
Andre Pierre GIGNAC
|
Toulouse (FRA)
|
12
|
Thierry HENRY
|
Barcelona (ESP)
|
13
|
Patrice EVRA
|
Manchester Utd. (ENG)
|
14
|
Jeremy TOULALAN
|
Lyon (FRA)
|
15
|
Florent MALOUDA
|
Chelsea (ENG)
|
16
|
Steve MANDANDA
|
Marseille (FRA)
|
17
|
Sebastien SQUILLACI
|
Sevilla FC (ESP)
|
18
|
Alou DIARRA
|
Bordeaux (FRA)
|
19
|
Abou DIABY
|
Arsenal (ENG)
|
20
|
Mathieu VALBUENA
|
Marseille (FRA)
|
21
|
Nicolas ANELKA
|
Chelsea (ENG)
|
22
|
Gael CLICHY
|
Arsenal (ENG)
|
23
|
Cedric CARRASSO
|
Bordeaux (FRA)
|
ပြင်သစ်နှင့် အခွင့်အရေးများ

ပြင်သစ်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ပြင်သစ်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 15:39 |