|

|
|
|
| အမည်ပြောင် |
: |
ခြသေ့င်္ ၃ ကောင် |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
ဖေဘီယို ကာပယ်လို |
| အသင်းခေါင်းဆောင် |
: |
စတီဗင် ဂျရတ်(လီဗာပူးလ်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၈ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁၂ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ချန်ပီယံ (၁၉၆၆) |
အင်္ဂလန် အသင်းဟာ ယူနိုက်တက် ကင်းဒမ်းလို့ ခေါ်တဲ့ ဗြိတိန် ကျွန်းစုနိုင်ငံ ထဲက အသင်း တစ်သင်းပါ။ ကမ္ဘာပေါ်မှာ နိုင်ငံ တစ်နိုင်ငံ တည်းကနေ အသင်း ၄ သင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ပြိုင်ခွင့် ရတာ ဗြိတိန် တစ်ခုပဲ ရှိပါတယ်။ ဒါပေမယ့် အိုလံပစ်မှာ ဆိုရင်တော့ တစ်သင်းတည်း အနေနဲ့ ၀င်ပြိုင်ရ ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ရဖူးတဲ့ အသင်း ၇ သင်း စာရင်းမှာ ပါဝင်ပြီး ၁၉၆၆ ခုနှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီနောက်ပိုင်း အမြင့်ဆုံး အနေနဲ့ ဆီမီးဖိုင်နယ် အဆင့်ထိသာ တက်ခွင့် ရတော့တာမို့ အောင်မြင်မှုနဲ့ နှစ် ၄၀ ကျော် ဝေးကွာနေတဲ့ နိုင်ငံလို့ ဆိုနိုင်ပါတယ်။ သူတို့ အသင်းဟာ ဒေသတွင်း ပြိုင်ပွဲဖြစ်တဲ့ ဥရောပ ဖလား ပြိုင်ပွဲတွေ မှာလည်း အောင်မြင်မှု မရခဲ့ဘဲ ၁၉၉၆ ခုနှစ်က ဆီမီးဖိုင်နယ် ရောက်ခဲ့တာသာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ မီဒီယာ တွေရဲ့ မြှောက်ပင့် ရေးသားမှုကြောင့် ကမ္ဘာပေါ်မှာ သူမတူအောင် ထူးချွန်တဲ့ ကစားသမားတွေ ပိုင်ဆိုင် ထားတယ်လို့ အထင်ကြီး ခံနေရတဲ့ အင်္ဂလန် အသင်းဟာ တကယ်တမ်း ပြိုင်ပွဲတွေမှာ စက္ကူကျား အဆင့်ကနေ မတက်နိုင် သေးပါဘူး။
အင်္ဂလန် အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ၆ မှာ ကျရောက်ခဲ့ပြီး ခြေစွာတဲ့ ယူကရိန်း၊ ခရိုအေးရှား အသင်းတွေ၊ ဘီလာရုစ်၊ ကာဇန်စတန်၊ အန်ဒိုရာ စတဲ့ အသင်းငယ် တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ဒီအုပ်စုမှာ အင်္ဂလန်ဟာ ထူးထူးခြားခြား ခြေစွမ်းပြ ခဲ့ပြီး ယူကရိန်း မြေမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲကလွဲလို့ ကျန်ပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ကာ အုပ်စု ပထမ နေရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အခုနောက်ပိုင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေမှာ အင်္ဂလန် အသင်း ရခဲ့တဲ့ အကောင်းဆုံး စံချိန် လို့တောင် ဆိုနိုင်ပါတယ်။ ပွဲစဉ် ၁၀ ပွဲမှာ သွင်းဂိုး ၃၄ ဂိုး အထိ ရှိခဲ့ပြီး ပေးဂိုး ၆ ဂိုးပဲ ရှိခဲ့တာဟာလည်း အင်္ဂလန် လက်ရွေးစင် အသင်းအတွင် အကောင်းဆုံး မှတ်တမ်းမှတ်ရာ တစ်ခု ဖြစ်ခဲ့ပါတယ်။
အင်္ဂလန် အသင်းဟာ ကာပယ်လိုလို နည်းပြ တစ်ယောက်ကို ရထားတာ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ နည်းဗျူဟာပိုင်း ကြေညက်တဲ့ အပြင် အေစီမီလန်၊ ရီးယဲယ်၊ ဂျူဗင်တပ် တို့လို အသင်းကြီး တွေနဲ့ ဆုဖလားပေါင်း များစွာကို သိမ်းပိုက်ထားသူမို့ အတွေ့အကြုံ ပိုင်းရော၊ ကစားသမား တွေအပေါ် သြဇာ ညောင်းမှု အပိုင်းမှာပါ ပြိုင်ဘက် ကင်းပါတယ်။ အင်္ဂလန် အသင်းရဲ့ လူစာရင်းကို လေ့လာမယ် ဆိုရင် တိုက်စစ်ပိုင်းမှာ ရွန်နေ၊ ကွင်းလယ်မှာ လမ်းပတ်၊ ဂျရတ်၊ ဂျိုးကိုးလ်၊ ဝေါလ်ကော့၊ နောက်တန်းမှာ တယ်ရီ၊ ဖာဒီနန်၊ ကိုးလ်၊ ဂျွန်ဆင် စတဲ့ ကစားသမား တွေနဲ့ ထိပ်တန်း အဆင့် လူအင်အား ဖြစ်ပါတယ်။ ကာပယ်လို ခေါင်းခဲ နေရတဲ့ ပြဿနာက ထိပ်တန်း အဆင့်မှာ ရှိမနေတဲ့ ဂိုးသမား နေရာ တစ်နေရာ အတွက်ပဲ ဖြစ်ပါတယ်။ ဒီလူစာရင်းနဲ့ ဆိုရင် ကာပယ်လိုရဲ့ အင်္ဂလန် အသင်းဟာ အနည်းဆုံး အဲရစ်ဆင် ရောက်ခဲ့ဖူးတဲ့ ကွာတားဖိုင်နယ် အဆင့်ထိတော့ ရောက်နိုင်တဲ့ အနေအထား ရှိပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
David JAMES
|
Portsmouth (ENG)
|
2
|
Glen JOHNSON
|
Liverpool (ENG)
|
3
|
Ashley COLE
|
Chelsea (ENG)
|
4
|
Steven GERRARD
|
Liverpool (ENG)
|
5
|
Michael DAWSON
|
Tottenham Hotspur (ENG) |
6
|
John TERRY
|
Chelsea (ENG) |
7
|
Aaron LENNON
|
Tottenham Hotspur (ENG) |
8
|
Frank LAMPARD
|
Chelsea (ENG) |
9
|
Peter CROUCH
|
Tottenham Hotspur (ENG) |
10
|
Wayne ROONEY
|
Manchester Utd. (ENG) |
11
|
Joe COLE
|
Chelsea (ENG) |
12
|
Robert GREEN
|
West Ham Utd. (ENG) |
13
|
Stephen WARNOCK
|
Aston Villa (ENG) |
14
|
Gareth BARRY
|
Manchester City (ENG) |
15
|
Matt UPSON
|
West Ham Utd. (ENG) |
16
|
James MILNER
|
Aston Villa (ENG) |
17
|
Shaun WRIGHT-PHILLIPS
|
Manchester City (ENG) |
18
|
Jamie CARRAGHER
|
Liverpool (ENG)
|
19
|
Jermain DEFOE
|
Tottenham Hotspur (ENG) |
20
|
Ledley KING
|
Tottenham Hotspur (ENG) |
21
|
Emile HESKEY
|
Aston Villa (ENG) |
22
|
Michael CARRICK
|
Manchester Utd. (ENG) |
23
|
Joe HART
|
Birmingham City (ENG) |
အင်္ဂလန်နှင့် အခွင့်အရေးများ

အင်္ဂလန်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
အင်္ဂလန်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 10:11 |