|

|
|
|
| အမည်ပြောင် |
: |
အယ်လ်အီကွီပို ဒီတိုဒေါ့စ် (အားလုံးရဲ့ အသင်း) |
| ကိုယ်စားပြုဇုန် |
: |
တောင်အမေရိက |
နည်းပြချုပ်
|
: |
မာဆယ်လို ဘီယယ်ဆာ |
| အသင်းခေါင်းဆောင် |
: |
ကလော်ယို ဘရာဗို (ရီးယဲယ် ဆိုဆီဒက်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၁၈ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၆ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
တတိယ (၁၉၆၂) |
ချီလီ အသင်းဟာ တောင်အမေရိက ဇုန်ရဲ့ ခြေစွမ်း ထက်မြက်တဲ့ အသင်းတစ်သင်း ဖြစ်ပြီး ၁၉၆၂ ကမ္ဘာ့ဖလားမှာ တတိယ ရခဲ့ဖူးတဲ့ အသင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၆ ကြိမ် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးပြီး ၁၉၉၈ ကမ္ဘာ့ဖလားမှာ ဇာမိုရာနိုနဲ့ ဆာလပ်စ်တို့ တိုက်စစ် အတွဲကြောင့် ပရိသတ် အကြိုက်တွေ့ ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပြိုင်ပွဲမှာ ချီလီအသင်းဟာ ဒုတိယ အဆင့် အထိပဲ တက်ရောက် နိုင်ခဲ့ပါတယ်။ ကိုပါ အမေရိက ဖလား ပြိုင်ပွဲမှာလည်း ဒုတိယနဲ့ တတိယဆုတွေ အကြိမ်ကြိမ် ရခဲ့ဖူး ပါတယ်။ ဒါပေမယ့် ချီလီ အသင်းဟာ အခုအချိန်ထိ အဓိက ဆုဖလားကြီး တစ်လုံးမှ မရခဲ့ဖူး သေးတာကိုလည်း တွေ့ရပါတယ်။
ချီလီ အသင်းဟာ တောင်အမေရိကဇုန် ခြေစစ်ပွဲ ခရီးရှည် ကြီးမှာ ပါရာဂွေး၊ အာဂျင်တီးနား၊ ဥရုဂွေး တို့ကို ကျော်တက်ပြီး ဘရာဇီးလ် အသင်းရဲ့နောက် ဒုတိနေရာက ပန်းဝင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ပွဲစဉ် ၁၈ ပွဲမှာ ၁၀ ပွဲနိုင်ခဲ့ပြီး ၃ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ် ရရှိခဲ့ပါတယ်။ ခြေစစ်ပွဲ ကာလ တစ်လျှောက်မှာ အာဂျင်တီးနားကို အိမ်ကွင်းမှာ နိုင်ခဲ့တာက လွဲလို့ ကျန်ပွဲတွေမှာ အသင်းကြီးတွေကို အသာစီး မရခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် အသင်းငယ်တွေ ဆီက အမှတ်တွေ ရနိုင်သလောက် ယူပြီး ခြေစစ်ပွဲ အောင်အောင် ကြိုးပမ်း ခဲ့တာကို ကြည့်ရင် စနစ်တကျ Match Plan နဲ့ ကြိုတင်ကြံစည် ကစားခဲ့တယ်လို့ သိနိုင်ပါတယ်။ ချီလီအတွက် ခြေစွမ်းပြ ခဲ့သူက တိုက်စစ်မှူး ဟမ်ဘာတို ဆွာဇိုဖြစ်ပြီး စုစုပေါင်း သွင်းဂိုး ၁၀ ဂိုးနဲ့ တောင်အမေရိက ဇုန်ရဲ့ ဂိုးအများဆုံး သွင်းသူ ဖြစ်ခဲ့ပါတယ်။
ချီလီ နည်းပြကြီး ဘီယယ်ဆာဟာ အာဂျင်တီးနား အသင်းကို ၁၉၉၈ ကနေ ၂၀၀၄ အထိ ၆ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နည်းပြကြီး ဖြစ်ပါတယ်။ ချီလီအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခဲ့တာ ဟာလည်း ဘီယယ်ဆာရဲ့ စွမ်းဆောင်ရည်က အဓိက ကျပါတယ်။ ကစားသမား တွေဟာ ဥရောပ၊ တောင်အမေရိကနဲ့ အာရှ အသင်းတွေမှာ ကစားနေကြ သူတွေ ဖြစ်ကြပါတယ်။ အူဒီနီးစ်ရဲ့ ဆန်ချက်ဇ်၊ ဇာရာဂိုဇာရဲ့ ဆွာဇို၊ လာဇီယိုရဲ့ ကာမိုနာ၊ လေဗာကူဆင်ရဲ့ အာတူရိုဗီဒယ် စတဲ့ ကစားသမား တွေက စောင့်ကြည့် ရမယ့် သူတွေ ဖြစ်ပါတယ်။ နည်းပြရဲ့ အရည်အချင်းနဲ့ အသင်းရဲ့ စွမ်းရည် ပေါင်းစပ်လိုက်မယ် ဆိုရင် ချီလီ အသင်းဟာ လူရိုသေတဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်ပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး ကောင်းနေတယ် ဆိုရပါမယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Claudio BRAVO
|
Real Sociedad (ESP)
|
2
|
Ismael FUENTES
|
Univ. Catolica (CHI)
|
3
|
Waldo PONCE
|
Univ. Catolica (CHI)
|
4
|
Mauricio ISLA
|
Udinese (ITA)
|
5
|
Pablo CONTRERAS
|
PAOK (GRE)
|
6
|
Carlos CARMONA
|
Reggina (ITA)
|
7
|
Alexis SANCHEZ
|
Udinese (ITA)
|
8
|
Arturo VIDAL
|
Bayer Leverkusen (GER) |
9
|
Humberto SUAZO |
Zaragoza (ESP) |
10
|
Jorge VALDIVIA |
Al Ain (UAE) |
11
|
Mark GONZALEZ |
CSKA Moscow (RUS) |
12
|
Miguel PINTO |
Univ. de Chile (CHI) |
13
|
Marco ESTRADA |
Univ. de Chile (CHI) |
14
|
Matias FERNANDEZ |
Sporting Lisbon (POR) |
15
|
Jean BEAUSEJOUR |
America (MEX) |
16
|
Fabian ORELLANA |
Xerez (ESP) |
17
|
Gary MEDEL |
Boca Juniors (ARG) |
18
|
Gonzalo JARA |
West Bromwich Albion (ENG) |
19
|
Gonzalo FIERRO |
Flamengo (BRA) |
20
|
Rodrigo MILLAR |
Colo Colo (CHI) |
21
|
Rodrigo TELLO |
Besiktas (TUR) |
22
|
Esteban PAREDES |
Colo Colo (CHI) |
23
|
Luis MARIN |
Union Espanola (CHI) |
ချီလီနှင့် အခွင့်အရေးများ

ချီလီနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ချီလီနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 10:33 |