|

|
|
|
| အမည်ပြောင် |
: |
အနိုင်မခံ အရှုံးမပေး ခြသေ့င်္ |
| ကိုယ်စားပြုဇုန် |
: |
အာဖရိက |
နည်းပြချုပ်
|
: |
ပေါလ်လီဂူအန် |
| အသင်းခေါင်းဆောင် |
: |
ဆင်မြူရယ် အီတူး (အင်တာမီလန်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၁၉ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၎ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ကွာတားဖိုင်နယ် |
ကင်မရွန်း အသင်းဟာ အာဖရိကရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်ပါတယ်။ ကင်မရွန်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ် တိုင်တိုင် ခြေစစ်ပွဲ အောင်ဖူးပြီး အာဖရိက အသင်းတွေ ထဲမှာ အကြိမ်ရေ အများဆုံး ပါဝင် ယှဉ်ပြိုင်ခွင့် ရတဲ့အသင်း အဖြစ် မှတ်တမ်း တင်ထားပါတယ်။ ဒါ့အပြင် သူတို့အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံး ကွာတားဖိုင်နယ် တက်နိုင်တဲ့ အာဖရိက အသင်းလည်း ဖြစ်ပါတယ်။ ၁၉၉၀ မှာ ကင်မရွန်း အသင်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်ခွင့် ရခဲ့တာ ဖြစ်ပြီး အင်္ဂလန်ကို ပယ်နယ်တီ အဆုံး အဖြတ်နဲ့ ရှုံးနိမ့်ခဲ့လို့သာ နောက်တစ်ဆင့် မတက်ခဲ့ ရတာပါ။ သူတို့ အသင်းဟာ အာဖရိက နိုင်ငံများ ဖလားမှုာ ချန်ပီယံ ၄ ကြိမ် ဖြစ်ခဲ့ဖူးပြီး ၂၀၀၀ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ရခဲ့ပါတယ်။ အီတိုးလို ဥရောပမှာ ထိပ်သီး အဆင့်ရှိတဲ့ ကစားသမားတွေ မွေးထုတ်ရာ မြေလည်း ဖြစ်ပါတယ်။
ကင်မရွန်း အသင်းဟာ အာဖရိကဇုန် ခြေစစ်ပွဲ တွေမှာ ဒုတိယ အဆင့်ကနေ စတင် ပါဝင်ယှဉ်ပြိုင် ခဲ့ရပါတယ်။ အုပ်စု (၁)မှာပဲ ယှဉ်ပြိုင်ခဲ့ရပြီး ကိပ်ဗာဒီ၊ တန်ဇန်နီးယား၊ မော်ရေးရှပ် အသင်းတွေနဲ့ ရင်ဆိုင်ရ ပါတယ်။ ခြေအဆင့်အတန်း ကွာလွန်းတာမို့ ၅ ပွဲနိုင် ၁ ပွဲ သရေ၊ ရှုံးပွဲမရှိ အနေအထားနဲ့ တတိယ အဆင့်ကို တက်နိုင်ခဲ့ပြီး ဂါဘွန်၊ တိုဂို၊ မော်ရိုကို တို့နဲ့ အုပ်စု (A)မှာ ယှဉ်ပြိုင် ရပါတယ်။ ဒီအခါမှာလည်း ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ရခဲ့လို့ အုပ်စုဗိုလ် အဖြစ်နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ တိုက်ရိုက် ၀င်ခွင့်ရတာ ဖြစ်ပါတယ်။ ခြေစစ်ပွဲစဉ် တွေမှာ ကင်မရွန်း တိုက်စစ်မှူးနဲ့ အသင်းခေါင်းဆောင် အီတူး ခြေစွမ်းပြခဲ့ပြီး ဂိုးပေါင်း ၉ ဂိုးအထိ သွင်းယူပေး နိုင်ခဲ့ပါတယ်။
ပြင်သစ် ပြည်တွင်း ကလပ်တွေနဲ့ အောင်မြင်မှု အများအပြား ရခဲ့တဲ့ နည်းပြ ပေါလ်လီဂူအန်ဟာ လက်ရွေးစင် အသင်းကို ကင်မရွန်းနဲ့မှ စကိုင်ဖူး တာပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ နည်းပြအဖြစ် စတင် ကိုင်တွယ်ခွင့် ရခဲ့တဲ့ အချိန်မှာပဲ အသင်းခေါင်းဆောင် ရီဂိုဘတ် ဆောင်းကို ရာထူးချပြီး အီတူးကို အသင်းခေါင်းဆောင် ခန့်ခဲ့ပါတယ်။ သူ့ရဲ့ အယူအဆ မှန်သွားပြီး ကစားသမား ၂ ယောက်လုံး ခြေစွမ်း တက်လာတာ တွေ့ရပါတယ်။ ကင်မရွန်း တိုက်စစ်မှာ အင်တာမီလန်ရဲ့ အီတူးနဲ့ မာယော့ကာရဲ့ ၀ီဘို၊ ကွင်းလယ်မှာ အာဆင်နယ်ရဲ့ ဆောင်းနဲ့၊ ဘက်တစ်ရဲ့ အီနာမာ၊ ခံစစ်မှာ စပါးရဲ့ အီကော်တိုနဲ့ ဘတ်ဆောင်း၊ ဂိုးသမားက အန်စပန်ညိုရဲ့ ကာမီနီ စတဲ့ ကစားသမားတွေ ရှိနေလို့ တောင့်တင်းတဲ့ အသင်း စာရင်းမှာ ပါဝင်ပါတယ်။ နည်းဗျူဟာပိုင်း ပြောင်မြောက်တဲ့ နည်းပြရဲ့ စွမ်းရည်နဲ့ အရည် အသွေးရှိ ကစားသမားတွေ အဆင်ပြေပြေ ပေါင်းစပ် နိုင်ကြမယ် ဆိုရင် ကင်မရွန်းတို့ နောက်တစ်ဆင့်ကို ကောင်းကောင်း မျှော်လင့်နိုင် ပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
| 1 |
Idriss KAMENI |
Espanyol (ESP) |
| 2 |
Benoit ASSOU-EKOTTO |
Tottenham Hotspur (ENG) |
| 3 |
Nicolas NKOULOU |
Monaco (FRA) |
| 4 |
Rigobert SONG |
Trabzonspor (TUR) |
| 5 |
Sebastien BASSONG |
Tottenham Hotspur (ENG) |
| 6 |
Alexandre SONG |
Arsenal (ENG) |
| 7 |
Landry NGUEMO |
Celtic (SCO) |
| 8 |
GEREMI |
Ankaragucu (TUR) |
| 9 |
Samuel ETOO |
Inter (ITA) |
| 10 |
Achille EMANA |
Betis Sevilla (ESP) |
| 11 |
Jean MAKOUN |
Lyon (FRA) |
| 12 |
Gaetan BONG |
Valenciennes (FRA) |
| 13 |
Eric CHOUPO MOTING |
Nuremberg (GER) |
| 14 |
Aurelien CHEDJOU |
Lille (FRA) |
| 15 |
Pierre WEBO |
Mallorca (ESP) |
| 16 |
Souleymanou HAMIDOU |
Kayserispor (TUR) |
| 17 |
Mohamadou IDRISSOU |
SC Freiburg (GER) |
| 18 |
Eyong ENOH |
Ajax (NED) |
| 19 |
Stephane MBIA |
Marseille (FRA) |
| 20 |
Georges MANDJECK |
Kaiserslautern (GER) |
| 21 |
Joel MATIP |
Schalke 04 (GER) |
| 22 |
Guy NDY |
Valenciennes (FRA) |
| 23 |
Vincent ABOUBAKAR |
Coton Sport (CMR) |
ကင်မရွန်းနှင့် အခွင့်အရေးများ

ကင်မရွန်းနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ကင်မရွန်းနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 10:32 |