Sunday, 26 May 2013
Home World World Cup Group G Brazil

အမည်ပြောင် : ဆမ်ဘာ ဘုရင်များ
ကိုယ်စားပြုဇုန် : တောင်အမေရိက
နည်းပြချုပ်
: ဒွန်ဂါ
အသင်းခေါင်းဆောင် : လူစီယို (အင်တာမီလန်)
ဖီဖာ ကမ္ဘာ့အဆင့် :
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၁၉ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: ချန်ပီယံ (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂)


ဘရာဇီးလ် ဆိုတဲ့ နာမည်ကြားရင် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးအသင်း တစ်သင်းလို့ ကလေးကအစ သိကြပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ ချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့ဖူးပြီး အအောင်မြင်ဆုံး နိုင်ငံ့ လက်ရွးစင် အသင်းလို့ တစ်ကမ္ဘာလုံးက အသိအမှတ် ပြုထားပါတယ်။ ဒါကြောင့် "အင်္ဂလိပ် တွေက ဘောလုံးကို တီထွင်ခဲ့တယ်။ ဘရာဇီးလ်က ပြီးပြည့်စုံအောင် လုပ်ပေးတယ်" ဆိုပြီး ဆိုရိုး စကားတောင် ရှိခဲ့ပါတယ်။ လက်ရှိလည်း ဖီဖာရဲ့ ကမ္ဘာ့ အဆင့်မှာ နံပါတ် (၁)နေရာ ရရှိထားသလို ကျင်းပပြီးစီး ခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၉ ကြိမ် စလုံး ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။ ပီလီ၊ ဂါရင်ချာ၊ ဒီဒီ၊ ဇစ်ကို၊ ရိုမာရီယို၊ ဘီဘက်တို၊ ရော်နယ်ဒို၊ ရီဗယ်ဒို၊ ကားလို့စ်၊ ရော်နယ်ဒင်ဟို၊ ကာကာ၊ အက်ဒရီယာနို၊ ရော်ဘင်ဟို စတဲ့ ကမ္ဘာ့ အကောင်းဆုံး ကစာသမားတွေ ပေါ်ထွက်ရာ မြေလည်း ဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ တောင်အမေရိက ခြေစစ်ပွဲ ခရီးရှည်ကြီးမှာ ပထမ နေရာကို ရရှိပြီး ထိုက်ထိုက်တန်တန် ခြေစစ်ပွဲ အောင်မြင်လာတဲ့ အသင်း ဖြစ်ပါတယ်။ ခြေစစ်ပွဲ ၁၈ ပွဲ ကစားရာမှာ ၉ ပွဲနိုင်ခဲ့ပြီး၊ ၇ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ အသင်းတွေ ထဲမှာ အဓိက ပြိုင်ဘက်ကြီး အာဂျင်တီးနားနဲ့ ပါရာဂွေး၊ ဥရုဂွေး စတဲ့ အသင်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ဘရာဇီးလ်ရဲ့ ခြေစစ်ပွဲ ပွဲစဉ်တွေမှာ အဓိက ခြေစွမ်း ပြခဲ့တဲ့ ကစားသမားက တိုက်စစ်မှူး ဖေဘီယာနို ဖြစ်ကာ စုစုပေါင်း ၉ ဂိုး သွင်းယူ ခဲ့တာကြောင့် ထိပ်တန်း ဂိုးသွင်းရှင် စာရင်း ၀င်ခဲ့ပါတယ်။ ဘရာဇီးလ်ဟာ အုပ်စု ပထမ ဆိုပေမယ့် ဒုတိယနဲ့ တတိယ နေရာတွေက ချီလီ၊ ပါရာဂွေး အသင်းတွေနဲ့ ၁ မှတ်သာ ကွာဟခဲ့တာ ကိုလည်း တွေ့ရပါတယ်။

ဘရာဇီးလ် နည်းပြ ဒွန်ဂါဟာ သူ့ရဲ့ နည်းပြဘ၀ စစချင်းမှာ ဘရာဇီးလ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်လို့ အတွေ့အကြုံ ပိုင်းမှာ အားနည်းမှု ရှိပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ် ကနေ အခု အချိန်ထိ ၄ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ဖြစ်တာကြောင့် အသင်း အကြောင်းကို ကောင်းကောင်း ရင်းနှီးကျွမ်းကျင် နေသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရော်နယ်ဒင်ဟို တို့လို ကစားသမား မျိုးကိုတောင် ပြတ်ပြတ်သားသား ချန်လှပ်ခဲ့နိုင်တာ ဖြစ်ပါတယ်။ အသင်း အင်အားကို ကြည့်ရင် တိုက်စစ်မှာ ဖေဘီယာနိုနဲ့ ရော်ဘင်ဟို၊ ကွင်းလယ်မှာ ကာကာ၊ ဘက်တစ္စတာနဲ့ မယ်လို၊ နောက်တန်းမှာ မိုင်ကွန်၊ လူစီယို၊ ဟွမ်၊ အဲလ်ဗက်စ်၊ ဂိုးသမား ဂျူလီယို ဆီဇာတို့နဲ့ တော်တော်လေး တောင့်တင်းတယ် ဆိုနိုင်ပါတယ်။ လက်ရှိ အခြေအနေ အတိုင်းဆိုရင် ဘရာဇီးလ် အသင်း အုပ်စု တက်ရေး သိပ်မခက် နိုင်ပေမယ့် ချန်ပီယံ ဖြစ်ဖို့ကတော့ တိုက်စစ် အားပျော့ နေတယ်လို့ မြင်မိတယ်။

အသင်း လူစာရင်း

Squad No. Name Club
1
JULIO CESAR
Inter (ITA)
2
MAICON   
Inter (ITA)
3
LUCIO
Inter (ITA)
4
JUAN   
AS Roma (ITA)
5
FELIPE MELO
Juventus (ITA)
6
MICHEL BASTOS
Lyon (FRA)
7
ELANO
Galatasaray (TUR)
8
GILBERTO SILVA
Panathinaikos (GRE)   
9
LUIS FABIANO
Sevilla FC (ESP)
10
KAKA
Real Madrid (ESP)
11
ROBINHO
Santos (BRA)
12
GOMES
Tottenham Hotspur (ENG)
13
DANI ALVES
Barcelona (ESP)
14
LUISAO
Benfica (POR)
15
THIAGO SILVA
AC Milan (ITA)
16
GILBERTO MELO Cruzeiro (BRA)
17
JOSUE Wolfsburg (GER)
18
RAMIRES Benfica (POR)
19
JULIO BAPTISTA AS Roma (ITA)
20
KLEBERSON Flamengo (BRA)
21
NILMAR Villarreal (ESP)
22
DONI AS Roma (ITA)
23
GRAFITE Wolfsburg (GER)


ဘရာဇီးလ်နှင့် အခွင့်အရေးများ



ဘရာဇီးလ်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



ဘရာဇီးလ်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Thursday, 10 June 2010 15:50
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.