|

|
|
|
| အမည်ပြောင် |
: |
ဘာဖာနာ ဘာဖာနာ (ကောင်လေးများ) |
| ကိုယ်စားပြုဇုန် |
: |
အာဖရိက (အိမ်ရှင်) |
နည်းပြချုပ်
|
: |
ကားလို့စ် အယ်ဘာတို ပါရာရဲယား |
| အသင်းခေါင်းဆောင် |
: |
အေရွန် မိုကိုနာ (ပို့စ်မောက်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၉၀ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၂ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
အုပ်စုအဆင့် |
မက္ကာသီ(၀က်စ်ဟမ်း)၊ မိုကိုနာ (ပို့စ်မောက်)၊ ပီနာ (အဲဗာတန်)၊ ဒစ်ဂါကွိုင် (ဖူလ်ဟမ်) စတဲ့ နာမည်ကြီး ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ တောင်အာရိက အသင်းဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်အာရိက လက်ရွေးစင် အသင်းဟာ ယခင်က ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂ ကြိမ်သာ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ဖူးတာ ကတော့ အံ့သြစရာပါပဲ။ ဒါဟာလည်း တကယ်တော့ တောင်အာဖရိက ဘောလုံး အဖွဲ့ချုပ်ကို ဖီဖာကနေ နှစ် ၃၀ လောက် ပိတ်ပင်ခဲ့တဲ့ အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲ (၇) ကြိမ်လောက် ပါဝင် ယှဉ်ပြိုင်ခွင့် မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဖရိက နိုင်ငံများ ဖလား ၁၉၉၆ မှာတော့ သူတို့အသင်းဟာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြီး ချန်ပီယံ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
တောင်အာရိက လက်ရွေးစင် အသင်းဟာ အိမ်ရှင် ဖြစ်တဲ့အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ပြိုင်စရာ မလိုပေမယ့် အာဖရိက နိုင်ငံများ ဖလား ၀င်ခွင့်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲနဲ့ ချိတ်ဆက်ထား တာကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရ ပါတယ်။ တောင်အာဖရိက အသင်းဟာ ခြေစစ်ပွဲ အုပ်စု(၄)မှာ ကျရောက်ခဲ့ပြီး နိုက်ဂျီးရီးယား၊ ဆီရီယာ လီယွန်၊ အီကွေတိုးရီးယဲယ် ဂွင်ညာ တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ အိမ်ကွင်း - အဝေးကွင်း ၂ ကျော့ စနစ်နဲ့ ယှဉ်ပြိုင်ရာမှာ နိုင်ပွဲ ၂ ပွဲသာ ရခဲ့ပြီး တစ်ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ် ရရှိခဲ့ ပါတယ်။ အထူးသဖြင့် အုပ်စုတွင်း အဓိက ပြိုင်ဘက် နိုက်ဂျီးရီးယားကို ၂ ကျော့ စလုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။
တောင်အာရိကရဲ့ လက်ရှိ နည်းပြ ကတော့ နာမည်ကျော် ဘရာဇီးလ် နည်းပြကြီး ကားလို့စ် အယ်ဘာတို ပါရာရဲယား ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၅ ကြိမ်တိတိ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဘရာဇီးလ် အသင်းနဲ့ ၂ ကြိမ် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ရာမှာ ချန်ပီယံ ၁ ကြိမ် ဖြစ်စေခဲ့တဲ့ နည်းပြကြီး ဖြစ်ပါတယ်။ ကစားသမား အင်အားကို ကြည့်မယ်ဆိုရင် တိုက်စစ်မှူ ဘင်နီ မက္ကာသီ၊ ဘားနတ် ပါကာ၊ ကွင်းလယ်မှာ စတီဗင် ပီနာ၊ ဒစ်ဂါကွိုင်၊ နောက်တန်းမှာ အေရွန် မိုကိုနာ၊ ဂိုးသမား နေရာမှာ ရိုဝန် ဖာနန်ဒက် စတဲ့ ဥရောပရောက် နာမည်ကျော် ကစားသမားတွေ အများအပြား ရှိပါတယ်။ သူတို့ရဲ့ လက်ရှိ အင်အားနဲ့ နည်းပြ အရည်အချင်း၊ အိမ်ရှင် ပရိသတ် အားပေးမှုတွေပါ ပေါင်းစပ်မယ် ဆိုရင်တော့ ပထမဆုံး အကြိမ် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ရှိနေပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
| 1 |
Moneeb JOSEPHS |
Orlando Pirates (RSA) |
| 2 |
Siboniso GAXA
|
Mamelodi Sundowns (RSA)
|
| 3 |
Tsepo MASILELA
|
Maccabi Haifa (ISR)
|
| 4 |
Aaron MOKOENA |
Portsmouth (ENG) |
| 5 |
Anele NGCONGCA |
Racing Genk (BEL)
|
| 6 |
MacBeth SIBAYA |
Rubin Kazan (RUS) |
| 7 |
Lance DAVIDS
|
Ajax Cape Town (RSA)
|
| 8 |
Siphiwe TSHABALALA |
Kaizer Chiefs (RSA) |
| 9 |
Katlego MPHELA
|
Mamelodi Sundowns (RSA)
|
| 10 |
Steven PIENAAR |
Everton (ENG) |
| 11 |
Teko MODISE
|
Orlando Pirates (RSA)
|
| 12 |
Reneilwe LETSHOLONYANE |
Kaizer Chiefs (RSA) |
| 13 |
Kagisho DIKGACOI |
Fulham (ENG)
|
| 14 |
Matthew BOOTH |
Mamelodi Sundowns (RSA) |
| 15 |
Lucas THWALA |
Orlando Pirates (RSA)
|
| 16 |
Itumeleng KHUNE
|
Kaizer Chiefs (RSA) |
| 17 |
Bernard PARKER
|
Twente Enschede (NED)
|
| 18 |
Siyabonga NOMVETHE
|
Moroka Swallows (RSA) |
| 19 |
Surprise MORIRI |
Mamelodi Sundowns (RSA)
|
| 20 |
Bongani KHUMALO
|
SuperSport Utd. (RSA) |
| 21 |
Siyabonga SANGWENI |
Golden Arrows (RSA)
|
| 22 |
Shu-Aib WALTERS 26/12/1981 |
Maritzburg Utd. (RSA) |
| 23 |
Thanduyise KHUBONI |
Golden Arrows (RSA)
|
တောင်အာရိကနှင့် အခွင့်အရေးများ

တောင်အာရိကနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
တောင်အာဖရိကနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 15:03 |