| MNL Grand Royal 2009 အမှတ်ပေး လိဂ်ပြိုင်ပွဲ အယ်ဒီတာ ဒိုင်ယာရီနှင့် အနှစ်ချုပ် မှတ်တမ်း |
|
|
|
| Written by ဇင်သော်နိုင် |
| Tuesday, 26 January 2010 14:42 |
ပရိုစနစ်နဲ့ ပထမဆုံး စတင် ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲကြီး ကတော့ ပြီးဆုံး သွားခဲ့ပါပြီ။ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၅ ရက်ကနေ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ အထိ ရက်ပေါင်း (၁၃၄) ရက်၊ သီတင်းပတ်ပေါင်း (၁၉) ပတ်၊ ပွဲစဉ်ပေါင်း (၁၄) ခု၊ ပွဲပေါင်း (၅၆)ပွဲ ကစားခဲ့ ကြပါတယ်။ ဒီကာလ တစ်လျှောက်မှာ ပွဲတိုင်း ပွဲတိုင်းဟာ စိတ်ဝင် စားစရာ တစ်မျိုးစီနဲ့ ပရိသတ်ကို ဖမ်းစား ခဲ့ကြသလို သီတင်းပတ်တိုင်း သီတင်းပတ်တိုင်း ဟာလည်း အလှည့် အပြောင်း တစ်မျိုးစီနဲ့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲ တစ်လျှောက် Soccer Myanmar အယ်ဒီတာ အဖွဲ့ရဲ့ ဒိုင်ယာရီ မှတ်တမ်းထဲက ထူးခြားတဲ့ အဖြစ်အပျက် လေးတွေကို ပြန်လည် တင်ပြ ရမယ်ဆိုရင် …၂၀၀၉ ခုနှစ်၊ သြဂုတ် ၁၄ ရက် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ အတွက် ပွဲစဉ်များ မဲခွဲ ရေးဆွဲသည့် အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒါပမေယ့် အဲဒီ အခမ်းအနားမှာ ရေးဆွဲထားတဲ့ ပွဲစဉ်ကို ရက်ပိုင်း အတွင်းမှာပဲ ပြန်လည် ပြုပြင် ခဲ့တာကိုလည်း တွေ့ရပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၅ ရက် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲရဲ့ ဖွင့်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ ဗထူး အားကစား ကွင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဖွင့်ပွဲ အပြီးမှာ ရတနာပုံနဲ့ ကမ္ဘောဇ တို့ရဲ့ ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင် ခဲ့ကြပြီး ရတနာပုံက (၃-၁)ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ ဒီပွဲမှာ မန္တလေး ပရိသတ်တွေ ကွင်းပြည့် ကွင်းလျှံ လာရောက် အားပေး ခဲ့ကြ ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစား ကွင်းမှာ ဖွင့ပွဲ အခမ်းအနားကို နောက်တစ်ကြိမ် ထပ်မံ ကျင်းပဖြစ်ခဲ့ ပါတယ်။ ဖွင့်ပွဲ အပြီး ရန်ကုန်နဲ့ ဒယ်လ်တာ အသင်းတို့ရဲ့ ပွဲစဉ်ကို ကစား စေခဲ့ရာ ရန်ကုန် အသင်းက (၂-၁)ဂိုးနဲ့ အံ့ဖွယ် ရှုံးနိမ့် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် တစ်ပတ် အတွင်း ပွဲစဉ် ၃ ပွဲဆက်တိုက် ကစားခဲ့ရလို့ ဥဿာ နည်းစနစ် ဒါရိုက်တာ ဂျာဂန် ဂီဒီက ညည်းတွား ခဲ့ပါတယ်။ အဲဒီ နေ့မှာပဲ ရန်ကုန် ယူနိုက်တက်ရဲ့ လက်ထောက် နည်းပြ ဦးတင်မောင်ထွန်းက ဒိုင်လူကြီးကို ရိုင်းပြစွာ အော်ဟစ် ပြောဆို ခဲ့လို့ ပြင်းထန်စွာ သတိပေးခြင်း ခံရပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် ရန်ကုန် ယူနိုက်တက် အသင်း ဆောက်သမ်း မြန်မာကို ထပ်မံ ရှုံးနိမ့်ခဲ့လို့ ပရိသတ် ဖိအားတွေ တိုးပွား ခဲ့ရပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဆောက်သမ်း အသင်းကိုတော့ အသင်း ပိုင်ရှင်က ဆုကြေးတွေ အမြောက်အမြား ပေးခဲ့တာကို တွေ့ရ ပါတယ်။ ရန်ကုန် ဥက္ကဋ္ဌ ကလည်း အသင်းကို အပြောင်းအလဲတွေ လုပ်ရ တော့မယ်လို့ ကြေညာခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၆ရက် ရန်ကုန် ယူနိုက်တက် အသင်းဟာ ဗြိတိန် နိုင်ငံသား နည်းစနစ် ဒါရိုက်တာ တစ်ဦးကို အရေးပေါ် ခေါ်ယူ ခန့်အပ် ခဲ့ပါတယ်။ အဲဒီ နည်းစနစ် ဒါရိုက်တာက အသင်းကို ပရီးမီးယားလိဂ် စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အဲဒီနေ့ မှာပဲ မန္တလေး မြို့မှာ ကွင်းဝင်ခွင့်ကဒ် အတုတွေ ဖမ်းဆီး ရမိတယ် ဆိုတဲ့ သတင်း ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၈ရက် မန္တလေးမြို့မှာ ပရိသတ် တွေကို ကွင်းထဲ အရာဝတ္တုတွေ မပစ်ပေါက် ကြဖို့ လက်ကမ်း စာရွက်တွေ ဝေငှပြီး ပန်ကြား ခဲ့ရ ပါတယ်။ ဇေယျာရွှေမြေ အသင်းဟာ ပွဲဦးထွက် လေးပွဲမှာ နိုင်ပွဲ လုံးဝ မရဘဲ ရမှတ် တစ်မှတ်ပဲ ရခဲ့လို့ အသင်း နည်းပြ နေရာ အပြောင်းအလဲ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁၉ရက် ဆွီဒင်လူမျိုး နည်းပြ စတီဖင် ဟန်ဆန်ကို ဇေယျာရွှေမြေ နည်းပြချုပ် သစ်အဖြစ် ခန့်အပ် ခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် နောက်ခံလူ အောင်သိုက်ကို အသင်းက ထုတ်ပယ်ခဲ့ပြီး မန္တလာ အက်ဖ်စီ ဆိုတဲ့ အသင်းသစ် တည်ထောင်မယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၃ရက် ဗထူးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရတနာပုံ - ဒယ်လ်တာ ပွဲအပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ရတနာပုံ ပရိသတ် တချို့ ဆူပူ သောင်းကျန်း မှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ ဒယ်လ်တာ ပရိသတ်တွေ ကွင်းထဲမှာ အချိန် အတော်ကြာ ပိတ်မိ ခဲ့ကြပြီး ဗထူးကွင်း မျက်နှာစာ နဲ့ ခေါင်မိုး အစိတ်အပိုင်း တချို့ ထိခိုက် ပျက်စီး မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၆ရက် ရန်ကုန် - ကမ္ဘောဇ ပွဲစဉ်ကို သုဝဏ္ဏ အားကစား ကွင်းမှာ ကျင်းပနေတုန်း မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ အချိန် တစ်နာရီ လောက် ပွဲကို ရပ်ခဲ့ရပါတယ်။ ရှေ့တစ်ပတ်က မန္တလေး ဗထူးကွင်းမှာ ပြဿနာ တစ်ချို့ ဖြစ်ခဲ့ပေမယ့် ရန်ကုန် - ရတနာပုံ ပွဲစဉ်ကို ဗထူးကွင်း မှာပဲ ဆက်ပြီး ကျင်းပဖို့ ဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၇ရက် ဒယ်လ်တာ ဘောလုံး အသင်းကို ပိုင်ရှင် လွှဲပြောင်းဖို့ အသံတွေ ထွက်ပေါ်ခဲ့ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ရာထူးက နှုတ်ထွက်ဖို့ အထိ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘောဇ တိုက်စစ်မှူး စိုးမင်းဦး ကြွက်သား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့လို့ ပွဲအတော် များများ လွဲချော်မယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၈ရက် ဒယ်လ်တာ အသင်းကို မန္တလေးသား လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ Premier Coffee ကုမ္ပဏီထံ အပြီးအပိုင် လွှဲပြောင်း ပေးအပ်မှု ပြုလုပ် ခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်း ရလဒ်တွေ ဆိုးရွား နေပေမယ့် အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းရဲ့ ရာထူးအတွက် အသင်းပိုင်ရှင်က ဆက်လက် ထောက်ခံ ပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက် မန္တလေးမြို့မှာ ကစားခဲ့တဲ့ ရန်ကုန် - ရတနာပုံ ပွဲစဉ် အပြီး ကွင်းပြင်မှာ နှစ်ဘက် ပရိသတ်တွေ ပြဿနာ ဖြစ်ပွား ခဲ့ပါတယ်။ ဆိုးသွမ်း ပရိသတ် တချို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပရိသတ် တချို့ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပြီး မီဒီယာ စာမျက်နှာတွေ ပေါ်မှာ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ပါတယ်။ ရန်ကုန် - ရတနာပုံ ပွဲစဉ်မှာ ရတနာပုံ အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ အဲဒီနေ့ မှာပဲ ရတနာပုံ အသင်းရဲ့ ပရိသတ်တွေ တည်ထောင် ထားတဲ့ Fan ၀က်ဆိုက် တစ်ခု ပေါ်ထွက် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက် ရတနာပုံ အသင်းနဲ့ ဒယ်လ်တာ အသင်းတို့ ပြိုင်ဘက်တွေကို ၅ ဂိုးစီ သွင်းပြီး အမှတ်ပေးလိဂ် ပထမ အကျော့ကို ပြီးဆုံး စေခဲ့ပါတယ်။ ပထမ အကျော့ အပြီးမှာ ဒယ်လ်တာ ယူနိုက်တက် အသင်းဟာ အမှတ် အများဆုံးနဲ့ ထိပ်ဆုံးမှာ ဦးဆောင် နိုင်ခဲ့ပြီး ရာသီဝက် ချန်ပီယံ ဖြစ်လာခဲ့တယ်။ ရန်ကုန် နည်းစနစ် ဒါရိုက်တာ ပီတာ ဘတ္တလာ တစ်ပွဲပယ် ပြစ်ဒဏ် ခံခဲ့ရ ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေ တည်ထောင်ထားတဲ့ Fan ၀က်ဘ်ဆိုက်ကို စတင် ဖွင့်လှစ် ခဲ့ပါတယ်။ ဒီဆိုက်ဟာ မြန်မာ နေရှင်နယ် လိဂ်မှာ ပထမဆုံး Offical Fan Website အဖြစ် သတ်မှတ် ခံရတဲ့ ၀က်ဘ်ဆိုက်လည်း ဖြစ်လာခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက် ၁၀ ရက်ကြာ ရပ်နားခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွေကို ပြန်စခဲ့ပါတယ်။ ရပ်နား ထားတဲ့ ကာလ အတွင်းမှာ အသင်း တွေဟာ ကစားသမား နှစ်ဦးစီ ခေါ်ယူခွင့် ရခဲ့ပြီး ဒီအခွင့် အရေးကို ရန်ကုန်၊ မကွေးနဲ့ ဆောက်သမ်းတို့ ရယူ နိုင်ခဲ့ပါတယ်။ ရန်ကုန် အသင်းက ထိုင်း ပရီးမီးယားလိဂ် ဒုတိယ ဂိုးသွင်း ဘုရင် မိုဟာမက် ကိုနီကို ခေါ်ယူ နိုင်ခဲ့ပါတယ်။ ဒယ်လ်တာ အသင်းဟာ နှစ်ယောက်လျော့ ဇေယျာရွှေမြေကို အနိုင်ယူပြီး အမှတ်ပေး ဇယား ထိပ်ဆုံး နေရာကို ထိန်းသိန်း နိုင်ခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် ဥဿာ အသင်းရဲ့ နည်းပြနဲ့ ကစားသမားတွေ အ၀တ်လဲခန်း အတွင်းမှာ ပြဿနာ ဖြစ်ပွားခဲ့ကြ ပါတယ်။ အဲဒီနေ့ မှာပဲ ရတနာပုံ အသင်းပိုင်ရှင်နဲ့ ပရိသတ် တွေရဲ့ ကားတွေ တိုက်ခိုက် ခံရတယ်လို့ သတင်း ထွက်ခဲ့ပေမယ့် အသင်းဘက်က ပြန်လည် ငြင်းဆို ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၂၄ရက် ဆောက်သမ်း အသင်း ကမ္ဘောဇကို အံ့ဖွယ် ခြေစွမ်းပြ အနိုင်ယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာ ကစားသမား တစ်ဦးကို ဘေးပယောဂနဲ့ အနီကဒ် ပြခဲ့လို့ ကွင်းလယ်ဒိုင်နဲ့ ဆောက်သမ်း အသင်းတို့ အငြင်းပွားမှု ဖြစ်ခဲ့ရပါ သေးတယ်။ ကမ္ဘောဇ အသင်း ကတော့ နည်းပြချုပ် ဦးအေးမောင်ကြီး နေရာမှာ ဦးသန်းထိုက်နဲ့ ပြောင်းလဲ ခန့်ထား ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၂၆ရက် AFC President’s Cup မှာ ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ ကမ္ဘောဇ တိုက်စစ်မှူး စိုးမင်းဦး AFC ရွှေဖိနပ်ဆုကို လက်ခံ ရရှိ ခဲ့ပါတယ်။ ဒိုင်လူကြီးကို ဆဲဆိုခဲ့တဲ့ ရတနာပုံ အသင်း နည်းပြချုပ်ဟာ ပြင်းထန်စွာ သတိပေးခြင်းကို ခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၂၇ရက် ရတနာပုံ အသင်းဟာ ဖူးခက် ကာတာ ဖလား ပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံမှာ ထိုင်းလက်ရွေးစင် အသင်းနဲ့ သွားရောက် ယှဉ်ပြိုင် ခဲ့ရာမှာ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရ ပါတယ်။ ရှုံးနိမ့် ခဲ့ပေမယ့် ရတနာပုံ ခြေစွမ်းဟာ ပြိုင်ဘက် အသင်းထက် မနိမ့်ကျ ခဲ့လို့ လိုက်ပါသွားတဲ့ မီဒီယာတွေက ချီးကျူး ခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၃၁ရက် အမှတ်ပေး ဇယား ထိပ်ဆုံး နေရာအတွက် ဒယ်လ်တာနဲ့ ရတနာပုံတို့ သုဝဏ္ဏ အားကစား ကွင်းမှာ ရင်ဆိုင် ခဲ့ကြရ ပါတယ်။ ဒယ်လ်တာ အသင်းဟာ ရတနာပုံ အသင်းကို အောင်ကျော်မိုးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ်။ အဲဒီပွဲမှာ မန္တလေး ပရိသတ်တွေ ဘေးမသီ ရန်မခ ခဲ့လို့ အသင်းခေါင်းဆောင် ခင်မောင်ထွန်းက ၀မ်းသာစကား ဆိုခဲ့ပါတယ်။ အိုင်တီစီ ကိစ္စ အရှုပ်အရှင်း ရှိနေတဲ့ ရန်ကုန် ယူနိုက်တက် ကစားသမား ရာမစ်ဇ်ကို အသင်းကနေ ပြန်လွှတ် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် ရတနာပုံ အသင်း နည်းပြချုပ် ရိုဟန် ဂါးရတ်မှာ နည်းပြ လိုင်စင် မရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ အနေနဲ့ ရတနာပုံ အသင်းကို ရိုဟန် ကိုင်တွယ်ခွင့် မရှိဘူးလို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌက မီဒီယာတွေ အကြောင်းအရာကို သေချာ မသိဘဲ ဝေဖန် မရေးသား ကြဖို့ ပန်ကြား ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် ရန်ကုန် ယူနိုက်တက် အသင်း တတိယမြောက် နိုင်ပွဲ ဆက်တဲ့ အနေနဲ့ ဇေယျာရွှေမြေ အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ အဲဒီပွဲမှာ ရန်ကုန် အသင်းခေါင်းဆောင် မျိုးမင်းထွန်း ဒဏ်ရာ ရသွားလို့ ဆီးဂိမ်းစ် ပြိုင်ပွဲ လွဲချော် ခဲ့ရပါတယ်။ ရန်ကုန် အသင်းဟာ အဲဒီပွဲမှာ နောက်ခံလူသစ် ဟန်ဆန်ကို စတင် ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက် မြန်မာ နေရှင်နယ်လိဂ် နည်းပြတွေ အားလုံး လိုင်စင် တင်ပြရမယ်လို့ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် ကစားသမား ဘမ်ဘာ ပြစ်ဒဏ် ၃ သိန်း ချမှတ် ခံခဲ့ရပြီး မီဒီယာ ရှင်းလင်းပွဲမှာ ဒိုင်ကို ဝေဖန်ရင် အပြစ်ပေး ခံရမယ် လို့လည်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် ဆောက်သမ်း မြန်မာ အသင်းဟာ် နိုင်ငံခြားသား နည်းပြသစ် ကင်ဝေါ်ဒန်ကို အသင်းကို ခေါ်ယူ ခန့်အပ် လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ရတနာပုံ နည်းပြချုပ် ရိုဟန် ဂါးရတ်မှာ လိုင်စင် မရှိတဲ့ အတွက် အသင်းကို ဆက်လက် ကိုင်တွယ်ခွင့် ပိတ်ပင် ခံခဲ့ရပြီး နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲ ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် MNL အရန်အသင်း လိဂ်ပြိုင်ပွဲ စတင် ကျင်းပခဲ့ပါတယ်။ ပွဲဦးထွက်မှာ ဒယ်လ်တာက ရတနာပုံ အသင်းကို အနိုင်ယူပြီး အမှတ်ပေး ဇယားကို ဦးဆောင် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက် မြန်မာ နေရှင်နယ်လိဂ် စတင်ကျင်းပ ခဲ့မှုနဲ့ တိုးတက် ပြောင်းလဲ မှုတွေကို ဖီဖာမှ တာဝန်ရှိသူတွေ လာရောက် ဆွေးနွေး ခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ မြက်ခင်းတု အားကစား ကွင်းကြီးကို စတင် တည်ဆောက်ခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက် ဥဿာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ နည်းစနစ် ဒါရိုက်တာ ဂျာဂန် ဂီဒီနဲ့ လမ်းခွဲခဲ့ပါတယ်။ အရန် အသင်းလိဂ်မှာ ဒိုင်လူကြီးကို ကိုယ်ထိ လက်ရောက် စော်ကားတဲ့ ကျော်သက်ဦး ဒဏ်ငွေ ၃ သိန်းနဲ့ ၃ ပွဲပယ် ပြစ်ဒဏ် ခံခဲ့ရပါတယ်။ မြန်မာ နေရှင်နယ် လိဂ်က ၀န်ထမ်း ကစားသမားတွေ ၀န်ကြီး ဋ္ဌာနကို ၂၀၁၀ ဖေဖော်ဝါရီမှာ ပြန်မပြန် အကြောင်းကြား ရမယ် ဆိုတဲ့ သတင်း ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက် ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင် FC နဲ့ ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေ FC တို့ ပေါ်ထွက်လာမယ်လို့ သတင်း ကြားရပါတယ်။ ACE ကုမ္ပဏီ ကလည်း နေပြည်တော် ကိုယ်စားပြု အသင်း တစ်သင်း တည်ထောင်မယ် လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် မကွေး တိုက်စစ်မှူး အရူနာ ကင်မရွန်းမှာ ယာဉ်တိုက်မှု ဖြစ်တယ် ဆိုတဲ့ သတင်း ထွက်လာပါတယ်။ လာမယ့် ဘောလုံး ရာသီမှာ သုံးကျော့ စနစ်နဲ့ ကစားမယ် ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်း အရန် အသင်းလိဂ် ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီ ၁၀ ရက် ကမ္ဘောဇ အသင်းကို အနိုင်ယူ အပြီးမှာ ရတနာပုံ အသင်း ချန်ပီယံ ဖြစ်ဖို့ ၉၉.၉ ရာခိုင်နှုန်း သေချာသွားပြီလို့ အသင်း နည်းပြချုပ်က ကြုံးဝါး ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ၀န်ကြီးဋ္ဌာန ကစားသမားတွေ ပြန်ဖို့ မလိုတော့ကြောင်း သတင်း ထွက်လာ ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက် နိုင်ငံခြားသား ကစားသမား အရူနာနဲ့ ပတ်သတ်ပြီး ထွက်ပေါ်နေတဲ့ မကောင်း သတင်းတွေကို မကွေး အသင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်း ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက် ဒယ်လ်တာ အသင်းက နောက်ဆုံး ပွဲစဉ်မှာ ဥဿာကို ရှုံးနိမ့် သွားခဲ့လို့ ရတနာပုံ အသင်း အလိုအလျှောက် ချန်ပီယံ ဖြစ်လာခဲ့ ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီ ၁၇ ရက် မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ် ရန်ကုန် - ရတနာပုံ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားပါတယ်။ မြန်မာ နေရှင်နယ် လိဂ်မှာ ပထမဆုံး နိုင်ငံခြားသားဒိုင် ကိုင်တွယ်တဲ့ ပွဲ ဖြစ်လာပြီး ပရိသတ် အများအပြား လာရောက် ကြည့်ရှု ပါတယ်။ ပွဲအပြီးမှာ နှစ်ဘက် ပရိသတ်တွေ ကွင်းပြင်ပ ပြဿနာ ဖြစ်ပွားမှု ရှိခဲ့သလို ဆိုးသွမ်း ပရိသတ် အချို့ရဲ့ တိုက်ခိုက်မှု တွေကြောင့် ပရိသတ် အချို့ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက် မြန်မာ နေရှင်နယ်လိဂ် ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ရန်ပိုင် အကောင်းဆုံး ကစားသမား ဆုရပြီး စိုးမင်းဦး ဂိုးသွင်း ဘုရင်ဆု ရခဲ့ပါတယ်။ ဆောက်သမ်း မြန်မာ အသင်း အသန့်ရှင်းဆုံးဆု ရပြီးတော့ အကောင်းဆုံး ဒိုင်လူကြီး ဆုကို ဦးဝင်းချို ရရှိခဲ့ပါတယ်။ ဒယ်လ်တာ CEO ဦးခင်မောင်ကြိုင် အသင်းနဲ့ လမ်းခွဲတဲ့ သတင်းလည်း ထွက်ပေါ် ခဲ့ပါတယ်။ MNL Grand Royal 2009 ပြိုင်ပွဲ အနှစ်ချုပ် 1. ချန်ပီယံ - ရတနာပုံ 2. ဒုတိယ - ဒယ်လ်တာ ယူနိုက်တက် 3. တတိယ - ကမ္ဘောဇ 4. စတုတ္တ - ရန်ကုန် ယူနိုက်တက် 5. ဂိုးအများဆုံး သွင်းသူ - စိုးမင်းဦး (ကမ္ဘောဇ) (၁၂ ဂိုး) 6. ကစားခဲ့သည့် ပွဲပေါင်း - ၅၆ ပွဲ 7. သွင်းခဲ့သည့် ဂိုးပေါင်း - ၁၅၂ ဂိုး 8. နိုင်ပွဲ အများဆုံး အသင်း - ရတနာပုံ (၉ ပွဲ) 9. နိုင်ပွဲ အနည်းဆုံး အသင်း - ဆောက်သမ်း မြန်မာ (၂)ပွဲ 10. ရှုံးပွဲ အများဆုံး အသင်း - ဆောက်သမ်း မြန်မာ (၁၀ ပွဲ) 11. ရှုံးပွဲ အနည်းဆုံး အသင်း - ရတနာပုံ (၃ ပွဲ) 12. သရေပွဲ အများဆုံး အသင်း - ဥဿာ ယူနိုက်တက် (၆ ပွဲ) 13. သွင်းဂိုး အများဆုံး အသင်း - ကမ္ဘောဇ (၂၅ ဂိုး) 14. သွင်းဂိုး အနည်းဆုံး အသင်း - ဥဿာ၊ မကွေး (၁၁ ဂိုး) 15. ပေးဂိုး အများဆုံး အသင်း - ဆောက်သမ်း မြန်မာ (၃၃ ဂိုး) 16. ပေးဂိုး အနည်းဆုံး အသင်း - ရတနာပုံ (၁၃ ဂိုး) 17. တစ်ပွဲ ပျမ်းမျှ သွင်းဂိုး - ၂.၇ ဂိုး 18. အမြန်ဆုံး ဂိုး - ဂျေဗွန် (၄၁ စက္ကန့်) (ဆောက်သမ်း - ရတနာပုံ) 19. ဂိုးအများဆုံး သွင်းခဲ့သည့်ပွဲ - ဆောက်သမ်း မြန်မာ ၄-၃ ကမ္ဘောဇ 20. ဂိုးအပြတ်ဆုံးပွဲများ - ရတနာပုံ ၅-၁ ဆောက်သမ်း၊ ဒယ်လ်တာ ၅-၁ မကွေး 21. အနီကတ် အများဆုံးပွဲ - ဒယ်လ်တာ ၃-၁ ဇေယျာရွှေမြေ ( ၂ ကဒ်) 22. အ၀ါကဒ် အများဆုံးပွဲ - ဒယ်လ်တာ ၃-၁ ဇေယျာရွှေမြေ (၇ ကဒ်) 23. ပထမဆုံးပွဲ - ကမ္ဘောဇ ၁-၃ ရတနာပုံ 24. နောက်ဆုံးပွဲ - ရန်ကုန် ၂-၁ ရတနာပုံ 25. ပထမဆုံး ဂိုးသွင်းသူ - စိုးမင်းဦး (ကမ္ဘောဇ) 26. နောက်ဆုံး ဂိုးသွင်းသူ - ဂီးလ်ဒက် (ရန်ကုန်) 27. ပြည်တွင်း ကစားသမားများ သွင်းသည့်ဂိုး - ၉၈ ဂိုး 28. နိုင်ငံခြားသား ကစားသမားများ သွင်းသည့်ဂိုး - ၅၄ ဂိုး |
| Last Updated on Tuesday, 26 January 2010 14:52 |



ပရိုစနစ်နဲ့ ပထမဆုံး စတင် ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲကြီး ကတော့ ပြီးဆုံး သွားခဲ့ပါပြီ။ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၅ ရက်ကနေ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ အထိ ရက်ပေါင်း (၁၃၄) ရက်၊ သီတင်းပတ်ပေါင်း (၁၉) ပတ်၊ ပွဲစဉ်ပေါင်း (၁၄) ခု၊ ပွဲပေါင်း (၅၆)ပွဲ ကစားခဲ့ ကြပါတယ်။ ဒီကာလ တစ်လျှောက်မှာ ပွဲတိုင်း ပွဲတိုင်းဟာ စိတ်ဝင် စားစရာ တစ်မျိုးစီနဲ့ ပရိသတ်ကို ဖမ်းစား ခဲ့ကြသလို သီတင်းပတ်တိုင်း သီတင်းပတ်တိုင်း ဟာလည်း အလှည့် အပြောင်း တစ်မျိုးစီနဲ့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲ တစ်လျှောက် Soccer Myanmar အယ်ဒီတာ အဖွဲ့ရဲ့ ဒိုင်ယာရီ မှတ်တမ်းထဲက ထူးခြားတဲ့ အဖြစ်အပျက် လေးတွေကို ပြန်လည် တင်ပြ ရမယ်ဆိုရင် …









