အိုဝင်ကို မလာခင်ကတည်းက ခေါ်ချင်တယ်လို့ သူငယ်ချင်းတွေကို နောက်နေတာ။ ရောက်လာတော့ ပျော်တာပေါ့။ သူ့မှာ ခြေစွမ်းကျန်သေးပါတယ်။ နမို့ဆို ပျောက်သွားနိုင်တယ်။ ၀ီဂန်နဲ့ပွဲမှာ ဂိုးသွင်းသွားတော့ ပိုပျော်သွားတာပေါ့။
| မန်ချက်စတာ ယူနိုက်တက် သမိုင်းကြောင်းထဲမှ ကျောနံပတ် ၇ များနှင့် စီရော်နယ်လ်ဒို ခေတ်လွန် ကျောနံပတ် ၇ ကစားသမား |
|
|
|
| Written by ရဲမင်းထွဋ် |
| Thursday, 16 July 2009 11:35 |
မန်ချက်စတာ ယူနိုက်တက် အသင်းမှ ရီးယဲလ် မက်ဒရစ် အသင်းသို့ စီရော်နယ်လ်ဒို ပြောင်းရွှေ့ သွားပြီးနောက် မန်ယူ ပရိသတ် များနှင့် လေ့လာသူများ အကြား မန်ယူ အသင်း၏ ကျောနံပတ် ၇ ဂျာစီကို ၀တ်ဆင်မည့် သူမှာ မည်သည့် ကစားသမား ဖြစ်မည်လဲ ဆိုသည့် မေးခွန်းမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ နာမည်ကျော် ကစားသမား များဖြစ်ခဲ့ကြသည့် ဂျော့ဘက်စ်၊ ဘရိုင်ယန် ရော့ဘ်ဆင်၊ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်၊ စီရော်နယ်လ်ဒိုတို့ ၀တ်ဆင်ခဲ့သော ကျောနံပတ် ၇၊ ထိုဂန္တ၀င် ကျောနံပတ် ၇ အား ၀တ်ဆင်မည့် ကစားသမား သစ် မည်သူများ ဖြစ်လာမည်လဲ ဆိုသည့် အပေါ် စိတ်ဝင်စား နေသည့် ပရိသတ်များအား အသင်း နည်းပြကြီး ဖာဂူဆန်က ယခုအခါ အဖြေတစ်ခု ထုတ်ပေးလိုက်ပြီ ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကျောနံပတ် ၇ ကစားသမားသစ် အဖြစ် ပွဲထုတ် လိုက်သည်က တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြား ခဲ့သော်လည်း ယခု နှစ်ပိုင်းအတွင်း နယူးကာဆယ် အသင်းတွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသော မန်ယူ၏ မဟာပြိုင်ဘက် လီဗာပူးလ် ကစားသမားဟောင်း မိုက်ကယ်အိုဝင် ဖြစ်လို့ နေခဲ့သည်။ထိုဆုံးဖြတ်ချက်နှင့် အတူပင် မိုက်ကယ်အိုဝင်သည် မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကျောနံပတ် ၇အား ၀တ်ဆင် ထိုက်သူတစ်ဦး ဟုတ်ရဲ့လား? မိုက်ကယ်အိုဝင် အနေဖြင့် ထိုကဲ့သို့ ဂန္တ၀င် ကျောနံပတ်ကို ၀တ်ဆင်ပြီး အမှန်တကယ် ခြေစွမ်း ပြနိုင်ပါမည်လား? ဖာဂူဆန် အနေဖြင့် အဘယ်ကြောင့် မိုက်ကယ်အိုဝင်အား ထို ကျောနံပတ် ၇ အား ၀တ်ဆင်စေခဲ့သလဲ? ဆိုသည့် မေးခွန်းများလည်း ပရိသတ်များနှင့် မီဒီယာများ အကြား ဆက်တိုက် ဆိုသလိုပင် ထွက်ပေါ်လို့ လာခဲ့လေသည်။ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဂန္တ၀င် ကျောနံပတ် ၇ ကို ၀တ်ဆင်ခွင့် ရခဲ့သူ မိုက်ကယ်အိုဝင် အနေဖြင့် အောင်မြင်မှု ရရှိနိုင် မည်လား ဆိုသည့် မေးခွန်းအား အဖြေထုတ်ရန် အချိန် စောလွန်းနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကျောနံပတ် ၇ ၀တ်ဆင် ကစားခဲ့ကြ သူများ၏ အောင်မြင်မှုနှင့် စွမ်းဆောင်ရည်များအား လေ့လာကြည့်ခဲ့မိရာ ဂျော့ဘက်စ် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀ကို အသက် ၁၇ နှစ် ကတည်းက စတင်ခဲ့ပြီး အသင်း၏ သမိုင်းကြောင်း တစ်လျှောက် စိတ်လှုပ်ရှား စရာ အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်များ၏ အသိအမှတ် ပြုမှုကို ခံထားရသူ တစ်ဦးဖြစ်သည်။ မြောက် အိုင်ယာလန် ကစားသမား တစ်ဦး ဖြစ်သူ ဂျော့ဘက်စ် အနေဖြင့် ပီလီ၊ မာရာဒိုနာ တို့ကဲ့သို့ ကမ္ဘာ့ဖလား ချန်ပီယံ အသင်းများတွင် ကစားခဲ့ ဖူးပါက သမိုင်းတစ်လျှောက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဟူ၍ပင် ထင်ရှား ကျော်ကြား နိုင်သည်ဟု အသင်း ပရိသတ်များက ယူဆ ခဲ့ကြသည်။ဂျော့ဘက်စ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ ကစားခဲ့ကာ ဥရောပ ဖလား တစ်လုံးနှင့် အမှတ်ပေး ဖလား တစ်လုံး ရယူပေးခဲ့ပြီး အသက် ၂၇ နှစ် အရွယ် တွင် မန်ယူ အသင်းမှ ထွက်ခွာ သွားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀ အတွင်း ဂျော့ဘက်စ် အနေဖြင့် အသင်းအတွက် ပွဲပေါင်း ၄၇၀ ကစားခဲ့ပြီး ၁၇၉ ဂိုး သွင်းယူ ပေးနိုင်ခဲ့သည်။ ထို့ပြင် ဂျော့ဘတ်စ်သည် မန်ချက်စတာ ယူနိုက်တက် ကစားသမားများ ထဲမှ ဥရောပ အကောင်းဆုံး ရွှေဘောလုံးဆု ရရှိဖူးသည့် ကစားသမား ၄ဦး အနက် တစ်ဦး အပါအ၀င် ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရရှိခဲ့သော အောင်မြင်မှုများ
တစ်ဦးချင်း ဆုတံဆိပ်များ
ဘရိုင်ယန် ရော့ဘ်ဆင် ဂျော့ဘက်စ် ကဲ့သို့ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကစားသမား ဘ၀ စတင်ခဲ့ခြင်း မဟုတ်ဘဲ ၁၉၈၁ ခုနှစ် အသက် ၂၄ နှစ် အရွယ်တွင် ၀က်စ်ဘရွန်း အသင်းမှ (ထိုစဉ်က ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်၁.၅သန်းဖြင့်) ပြောင်းရွှေ့ လာခဲ့ခြင်း ဖြစ်သည်။ ရော့ဘ်ဆင် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၁၃ နှစ်ကြာ ကစားခဲ့ပြီး အသင်း၏ ကျောက်ဆောင် အသင်းခေါင်းဆောင် တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။အသင်းသို့ ရောက်ရောက်ချင်းပင် ငွေကြေးကြောင့် အသင်း ပြောင်းရွှေ့လာခြင်း မဟုတ်ဘဲ ဆုဖလားများ ရယူလို၍ ပြောင်းရွှေ့လာခြင်း ဖြစ်သည်ဟု ကြွေးကျော်ခဲ့သူ ရော့ဘ်ဆင် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် သက်တမ်း အရှည်ဆုံး အသင်းခေါင်းဆောင် အဖြစ် ပရီးမီးယားလိဂ် ဖလား ၂ လုံး၊ FA ဖလား ၄ လုံး၊ UEFA ဖလား တစ်လုံးနှင့် အခြား ဆုဖလားများ ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၃၄၅ပွဲ ကစားခဲ့ကာ ၇၄ဂိုး သွင်းယူပေးခဲ့ပြီး ၁၉၉၄ ခုနှစ် အသက် ၃၇နှစ် အရွယ်တွင် မစ်ဒယ်ဘရော့ အသင်းသို့ ပြောင်းရွှေ့ သွားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရရှိခဲ့သော အောင်မြင်မှုများ
အဲရစ် ကန်တိုနာ King Eric ဟု လူသိများပြီး ဂျာစီကော်လံအား ထောင်ကာ ကစားလေ့ရှိသူ ကန်တိုနာသည် ကျောနံပတ် ၇ ၀တ်ဆင် ကစားခဲ့သော မန်ချက်စတာ ယူနိုက်တက် ကစားသမားများ အနက် အငြင်းပွားစရာ ကိစ္စရပ်များ အများဆုံး ဖန်တီးခဲ့သူ တစ်ဦး ဖြစ်သည်။၁၉၉၅ ခုနှစ် ခရစ်စတယ် ပဲလေ့စ် အသင်းနှင့် ပွဲစဉ်တွင် သူ့အား လှောင်ပြောင်သော ပရိသတ်အား ကွန်ဖူးကစ်ဖြင့် ပြေးကန်ခဲ့ခြင်းက သူ၏ ကျော်ကြား လှသော အငြင်းပွားစရာ လုပ်ရပ်များ ထဲတွင် တစ်ခု အပါအ၀င် ဖြစ်ခဲ့ပြီး ထိုအဖြစ် အပျက်ကြောင့် ကန်တိုနာ အနေဖြင့် ဘောလုံး ကစားခြင်းမှ ၉ လ ပိတ်ပင် ခံခဲ့ရကာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာလည်း ပရီးမီးယားလိဂ် ဆုဖလားအား ဘလက်ဘန်း အသင်းသို့ လွှဲပြောင်း ပေးခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့်ပင် ပြင်သစ် လက်ရွေးစင် အသင်းတွင်လည်း ထိုစဉ်က လူငယ် ကစားသမား တစ်ဦးဖြစ်သူ ဇီဒန်းနှင့် အစားထိုးခြင်း ခံခဲ့ရသည်။ ၁၉၉၂ ခုနှစ်တွင် လိဒ်စ် ယူနိုက်တက် အသင်းမှ ပြောင်းရွှေ့ လာပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၅ နှစ်ကြာ ကစားခဲ့ကာ ၁၉၉၇ ခုနှစ်တွင် ကစားသမား ဘ၀မှ ရုတ်တရက် အနားယူ သွားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် အတူ ပရီးမီယားလိဂ် ဖလား ၄ ကြိမ်၊ FA ဖလား ၂ ကြိမ် ရရှိခဲ့ပြီး မန်ယူ ကစားသမား ဘ၀ ၅ နှစ် အတွင်း ၁၄၄ ပွဲ ကစားကာ ၆၄ ဂိုး သွင်းယူ ပေးခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရရှိခဲ့သော အောင်မြင်မှုများ
တစ်ဦးချင်း ဆုတံဆိပ်များ
ဒေးဗစ်ဘက်ခမ် မန်ယူ လူငယ် အကယ်ဒမီ ကျောင်းမှ မွေးထုတ်လိုက်သည့် ကစားသမား တစ်ဦး ဖြစ်ပြီး မော်ဒန် ဘောလုံး လောက၏ အကျော်ကြားဆုံး ကစားသမား တစ်ဦး ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းကြီးတွင် ၁၉၉၃ ခုနှစ် ကတည်းက စတင် ကစားခဲ့ပြီး ၁၉၉၆ ခုနှစ် ၀င်ဘယ်လ်ဒန် အသင်းအား ၃ ဂိုး ဂိုးမရှိ ဖြင့် အနိုင် ရရှိခဲ့သည့် ပွဲ၌ ကွင်းတစ်ဝက် ကျော် ၆၃ ကိုက်မှ ၀င်ဘယ်လ်ဒန် ဂိုးပေါက် အတွင်းသို့ တိုက်ရိုက် ကန်သွင်းကာ ဂိုးသွင်းယူ လိုက်ပြီးနောက် ထင်ရှား ကျော်ကြားလာခဲ့သူ ဖြစ်သည်။ ၁၉၉၇ ခုနှစ် ကန်တိုနာ အနားယူ သွားသော အခါ ကန်တိုနာ၏ ကျောနံပတ် ၇ အား လွှဲပြောင်း ၀တ်ဆင်ခွင့် ရရှိခဲ့သူလည်း ဖြစ်သည်။၁၉၉၉ ခုနှစ် ဖလား ၃ လုံး ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်း၏ အဓိက ကစားသမား ဖြစ်သူ ဘက်ခမ်သည် မန်ယူ အသင်းနှင့် အတူ အောင်မြင်မှု များစွာ ရရှိခဲ့ပြီး ၁၉၉၉နှင့် ၂၀၀၁ ကမ္ဘာ့ ဒုတိယ အကောင်းဆုံး ဘောလုံးသမား ဆုများ ရရှိခဲ့သူ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အသင်း နည်းပြ ဖာဂူဆန်နှင့် ပြဿနာ ဖြစ်ပွားခဲ့ပြီး ရီးယဲလ် မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်သည်။ ဒေးဗစ် ဘက်ခမ်၏ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀အတွင်း ၂၆၅ ပွဲ ကစားကာ ၆၂ ပွဲ သွင်းယူ ပေးနိုင်ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရရှိခဲ့သော အောင်မြင်မှုများ
တစ်ဦးချင်း ဆုတံဆိပ်များ
ခရစ္စတီယာနို ရော်နယ်လ်ဒို ဒေးဗစ် ဘက်ခမ် ထွက်ခွာ သွားပြီးနောက် စိတ်ပျက် အားငယ်နေကြသော မန်ချက်စတာ ယူနိုက်တက် ပရိသတ်များ အတွက် ရုတ်ချည်း ပေါ်ပေါက်လာသည့် သူရဲကောင်း တစ်ဦးဖြစ်သည်။ ထိုစဉ်က ဒေးဗစ်ဘက်ခမ် ထွက်ခွာသွားသည့် အတွက် လစ်ဟာနေသည့် ကျောနံပတ် ၇ အား နည်းပြကြီး ဖာဂူဆန်က စပို့တင်း လစ္စဘွန်း အသင်းမှ ပေါင် ၁၂သန်း ဖြင့် ခေါ်ယူခဲ့သော လူငယ် ကစားသမား လေးအား ရဲရဲဝံ့ဝံ့ပင် ၀တ်ဆင်ခွင့် ပေးခဲ့သည်။ ထို့ကြောင့်လည်း ပရိသတ်များနှင့် လေ့လာသူများက သံသယဖြင့် စောင့်ကြည့် ခဲ့ကြသော်လည်း ပွဲဦးထွက် ဘော်လ်တန်နှင့် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်တွင် ခြေစွမ်း ပြခဲ့ခြင်းဖြင့် ထိုစဉ်က မီဒီယာ သမားများက 7 From Heaven ဟု တင်စား ကြသည် အထိ အောင်မြင်ခဲ့သူ ဖြစ်သည်။ပွဲဦးထွက် ရာသီတွင် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပွဲ ၄၀ ကစားခဲ့ပြီး ၆ ဂိုး သွင်းယူ ပေးခဲ့ကာ အသင်း၏ နံပတ် ၇ ဂျာစီနှင့် ထိုက်တန်ကြောင်း ပြသခဲ့သူ ဖြစ်သည်။ စီရော်နယ်လ်ဒို အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၆ ရာသီကြာ ကစားခဲ့ပြီး ယခုနှစ် အပြောင်းအရွှေ့ ကာလ အတွင်း စပိန် ကလပ် ရီးယဲလ် မက်ဒရစ် အသင်းသို့ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ပြောင်းရွှေ့ သွားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကစားခဲ့စဉ် အတောအတွင်း ချန်ပီယံလိဂ် ဖလား၊ ပရီးမီးယားလိဂ် ဖလား၊ FA ဖလား၊ လိဂ်ဖလား၊ ကမ္ဘာ့ တိုက်ကြီးများ ဖလား တို့ကို ရရှိခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်များ အမြောက်အမြား ရရှိကာ ယမန်နှစ် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ရရှိခဲ့သူ ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကစားခဲ့စဉ် အတောအတွင်း အသင်း အတွက် ၁၉၆ ပွဲ ကစားကာ ၈၄ ဂိုး သွင်းယူ ပေးခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရရှိခဲ့သော အောင်မြင်မှုများ
တစ်ဦးချင်း ဆုတံဆိပ်များ
အထက်ဖော်ပြပါ ကစားသမား များမှ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကျောနံပတ် ၇အား ဆင်မြန်းကာ ထူးထူးခြားခြား ခြေစွမ်းပြ ခဲ့ကြသည့် ကစားသမား များဖြစ်ကြပြီး လက်ရှိ နောက်ဆုံး ကျောနံပတ် ၇အား ၀တ်ဆင် ကစားမည့် ကစားသမားသစ် မိုက်ကယ် အိုဝင် အနေဖြင့် အထက်ပါ ကစားသမား များကဲ့သို့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စွမ်းဆောင် ပေးနိုင်မည်လား ဆိုသည်မှာ အားလုံးက စိတ်ဝင်စား နေကြသည့် မေးခွန်း တစ်ခုဖြစ်လာခဲ့သည်။ သင့်ရော.. မိုက်ကယ် အိုဝင် အနေဖြင့် ထို ဂန္တ၀င် ဂျာစီနံပတ် ၇အား ၀တ်ဆင်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အောင်မြင်မှုတွေ ပိုမို ရရှိအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်ပါသလား? သင့်ရဲ့ အမြင် အယူအဆကို အောက်က Comment Box မှာ ရေးသားခြင်းဖြင့် ပါဝင် ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါကြောင်း... Tags:
Comments (13)
Only registered users can write comments!
Joomla components by Compojoom
|
| Last Updated on Thursday, 16 July 2009 11:53 |



မန်ချက်စတာ ယူနိုက်တက် အသင်းမှ ရီးယဲလ် မက်ဒရစ် အသင်းသို့ စီရော်နယ်လ်ဒို ပြောင်းရွှေ့ သွားပြီးနောက် မန်ယူ ပရိသတ် များနှင့် လေ့လာသူများ အကြား မန်ယူ အသင်း၏ ကျောနံပတ် ၇ ဂျာစီကို ၀တ်ဆင်မည့် သူမှာ မည်သည့် ကစားသမား ဖြစ်မည်လဲ ဆိုသည့် မေးခွန်းမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကျောနံပတ် ၇ ကစားသမားသစ် အဖြစ် ပွဲထုတ် လိုက်သည်က တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြား ခဲ့သော်လည်း ယခု နှစ်ပိုင်းအတွင်း နယူးကာဆယ် အသင်းတွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသော မန်ယူ၏ မဟာပြိုင်ဘက် လီဗာပူးလ် ကစားသမားဟောင်း မိုက်ကယ်အိုဝင် ဖြစ်လို့ နေခဲ့သည်။
မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀ကို အသက် ၁၇ နှစ် ကတည်းက စတင်ခဲ့ပြီး အသင်း၏ သမိုင်းကြောင်း တစ်လျှောက် စိတ်လှုပ်ရှား စရာ အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်များ၏ အသိအမှတ် ပြုမှုကို ခံထားရသူ တစ်ဦးဖြစ်သည်။ မြောက် အိုင်ယာလန် ကစားသမား တစ်ဦး ဖြစ်သူ ဂျော့ဘက်စ် အနေဖြင့် ပီလီ၊ မာရာဒိုနာ တို့ကဲ့သို့ ကမ္ဘာ့ဖလား ချန်ပီယံ အသင်းများတွင် ကစားခဲ့ ဖူးပါက သမိုင်းတစ်လျှောက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဟူ၍ပင် ထင်ရှား ကျော်ကြား နိုင်သည်ဟု အသင်း ပရိသတ်များက ယူဆ ခဲ့ကြသည်။
ဂျော့ဘက်စ် ကဲ့သို့ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ကစားသမား ဘ၀ စတင်ခဲ့ခြင်း မဟုတ်ဘဲ ၁၉၈၁ ခုနှစ် အသက် ၂၄ နှစ် အရွယ်တွင် ၀က်စ်ဘရွန်း အသင်းမှ (ထိုစဉ်က ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်၁.၅သန်းဖြင့်) ပြောင်းရွှေ့ လာခဲ့ခြင်း ဖြစ်သည်။ ရော့ဘ်ဆင် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၁၃ နှစ်ကြာ ကစားခဲ့ပြီး အသင်း၏ ကျောက်ဆောင် အသင်းခေါင်းဆောင် တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။
King Eric ဟု လူသိများပြီး ဂျာစီကော်လံအား ထောင်ကာ ကစားလေ့ရှိသူ ကန်တိုနာသည် ကျောနံပတ် ၇ ၀တ်ဆင် ကစားခဲ့သော မန်ချက်စတာ ယူနိုက်တက် ကစားသမားများ အနက် အငြင်းပွားစရာ ကိစ္စရပ်များ အများဆုံး ဖန်တီးခဲ့သူ တစ်ဦး ဖြစ်သည်။
မန်ယူ လူငယ် အကယ်ဒမီ ကျောင်းမှ မွေးထုတ်လိုက်သည့် ကစားသမား တစ်ဦး ဖြစ်ပြီး မော်ဒန် ဘောလုံး လောက၏ အကျော်ကြားဆုံး ကစားသမား တစ်ဦး ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းကြီးတွင် ၁၉၉၃ ခုနှစ် ကတည်းက စတင် ကစားခဲ့ပြီး ၁၉၉၆ ခုနှစ် ၀င်ဘယ်လ်ဒန် အသင်းအား ၃ ဂိုး ဂိုးမရှိ ဖြင့် အနိုင် ရရှိခဲ့သည့် ပွဲ၌ ကွင်းတစ်ဝက် ကျော် ၆၃ ကိုက်မှ ၀င်ဘယ်လ်ဒန် ဂိုးပေါက် အတွင်းသို့ တိုက်ရိုက် ကန်သွင်းကာ ဂိုးသွင်းယူ လိုက်ပြီးနောက် ထင်ရှား ကျော်ကြားလာခဲ့သူ ဖြစ်သည်။ ၁၉၉၇ ခုနှစ် ကန်တိုနာ အနားယူ သွားသော အခါ ကန်တိုနာ၏ ကျောနံပတ် ၇ အား လွှဲပြောင်း ၀တ်ဆင်ခွင့် ရရှိခဲ့သူလည်း ဖြစ်သည်။
ဒေးဗစ် ဘက်ခမ် ထွက်ခွာ သွားပြီးနောက် စိတ်ပျက် အားငယ်နေကြသော မန်ချက်စတာ ယူနိုက်တက် ပရိသတ်များ အတွက် ရုတ်ချည်း ပေါ်ပေါက်လာသည့် သူရဲကောင်း တစ်ဦးဖြစ်သည်။ ထိုစဉ်က ဒေးဗစ်ဘက်ခမ် ထွက်ခွာသွားသည့် အတွက် လစ်ဟာနေသည့် ကျောနံပတ် ၇ အား နည်းပြကြီး ဖာဂူဆန်က စပို့တင်း လစ္စဘွန်း အသင်းမှ ပေါင် ၁၂သန်း ဖြင့် ခေါ်ယူခဲ့သော လူငယ် ကစားသမား လေးအား ရဲရဲဝံ့ဝံ့ပင် ၀တ်ဆင်ခွင့် ပေးခဲ့သည်။ ထို့ကြောင့်လည်း ပရိသတ်များနှင့် လေ့လာသူများက သံသယဖြင့် စောင့်ကြည့် ခဲ့ကြသော်လည်း ပွဲဦးထွက် ဘော်လ်တန်နှင့် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်တွင် ခြေစွမ်း ပြခဲ့ခြင်းဖြင့် ထိုစဉ်က မီဒီယာ သမားများက 7 From Heaven ဟု တင်စား ကြသည် အထိ အောင်မြင်ခဲ့သူ ဖြစ်သည်။








