| ပရိသတ် အနည်းဆုံး စံချိန်တင်ခဲ့ ပေမယ့် အကြိတ်အနယ် ရှိခဲ့တဲ့ ဥဿာ (၁-၁) ဆောက်သမ်း ပွဲစဉ် သုံးသပ်ချက် |
|
|
|
| Written by Admin Team |
| Saturday, 20 June 2009 21:34 |
မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၆)ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ဥဿာ ယူနိုက်တက် အသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့ ဇွန်လ ၂၀ ရက်နေ့ က သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြရာ တစ်ဘက် တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်တွင် နှစ်ဘက်စလုံး၌ လာရောက် ကြည့်ရှုသူ ပရိသတ် လွန်စွာ နည်းပါးသောကြောင့် မြန်မာ နေရှင်နယ် လိဂ်တွင် ပရိသတ် အနည်းဆုံး စံချိန်တင်ခဲ့သည့် ပွဲတစ်ပွဲဟုပင် MFF မီဒီယာ အရာရှိ ဦးစိုးမိုး (IBC)ကပင် သုံးသပ် သွားခဲ့သည်။ သို့ရာတွင် လာရောက် ကြည့်ရှုသူ ပရိသတ်များ ထဲ၌ အမျိုးသမီး များပင် အများအပြား ပါဝင်ခဲ့ပြီး နှစ်ဘက်စလုံး၌ ဘင်ခရာများ၊ အိုးစည်များဖြင့် တီးမှုတ်အော်ဟစ် အားပေးခဲ့ကြသည်။ အဆိုပွဲ၌ ဥဿာ ယူနိုက်တက် အသင်းသည် ဟိန်းရာဇာဝင်းနှင့် မိုင်းအိုက်နိုင်ကို တိုက်စစ်တွင် တင်၍ ကစားခဲ့ပြီး ကွင်းလယ်လူ ကျော်သက်ဦး၊ အစောပိုင်း ပွဲများက ဒဏ်ရာ ရရှိနေခဲ့သည့် ညီညီအောင်၊ နီမောင်မောင်အောင် တို့ဖြင့် လူစုံခဲ့သည်။ ဆောက်သမ်း မြန်မာ အသင်းကမူ ဘီဂျိမ်းထွေး တစ်ဦးတည်းကို တိုက်စစ်တွင် တင်ကာ ကွင်းလယ် ကစားသမား ၅ ယောက်ဖြင့် ကစားသွားခဲ့သည်။ ယနေ့ ပွဲတွင် ဆောက်သမ်းမြန်မာ အသင်းသည် အသင်းခေါင်းဆောင် ရာထူးကို ဇော်ခါးအစား ရန်မျိုးအောင်ကို ပြောင်းလဲတာဝန် ပေးခဲ့သည် ကိုလည်း တွေ့ရသည်။ ပွဲစသည်နှင့် တပြိုင်နက် နှစ်ဘက်စလုံးမှ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် သည်းထန်စွာ ရွာသွန်း နေသည့် မိုးကြောင့် ထင်တိုင်း မပေါက်ဘဲ ပွဲစပြီး ၁၀ မိနစ်ခန့်အထိ နှစ်သင်းစလုံး ဂိုးပေါက် ကန်သွင်းခွင့် မရခဲ့သည်ကို တွေ့ရသည်။ ၁၄ မိနစ်တွင် ဆောက်သမ်းမှ ဇော်ခါးက ဥဿာ ပယ်နယ်တီ ဧရိယာထဲအထိ ဘောလုံး ဆွဲဝင်လာပြီး ကန်သွင်း ခဲ့သည်ကို နောက်ခံလူု တစ်ဦးက တာနိုင်ခဲ့သည်။ ၁၉ မိနစ်တွင်လည်း ဆောက်သမ်းမှ နိုင်လင်းဦး၏ ဧရိယာထဲ ကန်ချက်ကို ဥဿာနောက်တန်း ကာကွယ် ခဲ့ရပြန်သည်။ ၂၁ မိနစ်တွင် ဆောက်သမ်း၏ စံမျိုးဦး ဧရိယာစပ်မှ ကန်ချက်မှာမူ ဘေးထွက် သွားခဲ့သည်။ ၂၆ မိနစ်တွင် ဆောက်သမ်း၏ အောင်ရဲထွဋ်သည် ညာတောင်ပံမှ ဖြတ်တင်ပေးသည့် ဘောလုံးကို လျှောထိုး၍ ၀င်ပိတ်ရာ ဂိုးထဲသို့ ၀င်သွားခဲ့ သော်လည်း ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ထား သဖြင့် နစ်နာခဲ့ရသည်။ ၂၈ မိနစ်တွင်မူ ဥဿာဘက်မှ ထိုးဖောက်လာသည့် ဘောလုံးကို နိုင်နိုင်လင်း၏ ခြေထောက်ထဲမှ ဆောက်သမ်း ဂိုးသမား ပြည့်ဖြိုးအောင်က ၀င်လုခဲ့ရာ လက်တွင် ဒဏ်ရာ အနည်းငယ် ရရှိသွား ခဲ့သည်။ ယင်းဒဏ်ရာကြောင့် ပြည့်ဖြိုးအောင်အား အရန်ဂိုးသမား ခိုင်စိုးထွန်းနှင့် ၃၁ မိနစ်တွင် လူစားလဲခဲ့ရသည်။ ၃၇ မိနစ်တွင်မူ ဆောက်သမ်း တိုက်စစ်မှူး ဘီဂျိမ်းထွေးက ဥဿာ နောက်တန်း တစ်ဦးနှင့် အပြိုင် ယှဉ်ပြေးရင်း ဂိုးသမား ကိုကိုအောင်၏ ညာဘက်ထောင့်ကျဉ်းထဲသို့ အနီးကပ် ကန်သွင်းခဲ့ရာ ကိုကိုအောင် ဘာမှမတတ်နိုင်ခဲ့ဘဲ ဦးဆောင်ဂိုး ပေးလိုက်ရသည်။ ဂိုးရပြီးသည့် နောက်တွင်လည်း ဆောက်သမ်းကပင် ပွဲကို ဆက်လက် စိုးမိုးထားပြီး ၄၂ မိနစ်တွင် အောင်ရဲထွဋ် ဥဿာဂိုး ဧရိယာထဲ၌ ကန်ခွင့် ရခဲ့သည်ကို ထိချက်လွဲခဲ့သဖြင့် ပထမပိုင်းအား (၁-၀)ဂိုးဖြင့် အဆုံးသတ်ခဲ့သည်။ ဒုတိယပိုင်းတွင် ပွဲစသည်နှင့် ဥဿာမှ လှထွန်းအောင် ချပေးသည်ကို ဟိန်းရာဇာဝင်း အပိုင်ကန်ခွင့် ရခဲ့သော်လည်း လွဲချော်ခဲ့သလို ၅၁ မိနစ်တွင် free Kick မှတဆင့် ရရှိသည့် ဘောလုံးကို ဟိန်းရာဇာဝင်း ကပင် ခေါင်းတိုက်ခဲ့ရာ ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ ၅၈ မိနစ်တွင် ဥဿာဘက်မှ ထောင့်ကန်ဘော ရရှိသည်ကို ဂိုးထဲသို့ ဝေ့၀ိုက် ကန်သွင်းယူရာ ဂိုးသမား ပုတ်ထုတ် ကာကွယ် ခဲ့ရသည်။ ၆၄ မိနစ်တွင် ဆောက်သမ်းတို့ တကော့ပြန် တိုက်စစ်ဆင်လာပြီး ဘီဂျိမ်းထွေး ညာတောင်ပံ တစ်လျှောက် ဆွဲပြေးပြီး ပြန်ချပေးသည့် ဘောလုံးကို စံမျိုးဦး ၀င်ပိတ်ရာ ဥဿာ နောက်တန်း ဦးသွားသဖြင့် နစ်နာ ခဲ့ရပြန်သည်။ ၇၀ မိနစ်တွင် ဆောက်သမ်း ဧရိယာထဲ၌ လေထဲ မြောက်နေသည့် ဘောလုံးကို ဂိုးသမား ထွက်ဆွဲရာ မမိခဲ့ဘဲ ဥဿာမှ ဇင်မင်းထက် ခေါင်းတိုက်ခွင့် ရခဲ့သည်။ သို့သော် ဆောက်သမ်း နောက်ခံလူများ ခက်ခက်ခဲခဲ ရှင်းထုတ်လိုက် သဖြင့် ဂိုးရခွင့် နစ်နာခဲ့ရသည်။ ၇၃ မိနစ် တွင်မူ ဥဿာ၏ နီမောင်မောင်အောင် ဂိုးဧရိယာစပ်၌ Free Kick ကန်ခဲ့ရာ ဘားတန်းထိ ထွက်သွားခဲ့သည်။ ၇၆ မိနစ်တွင် ဥဿာဘက်မှ ဘောလုံး ဆွဲပြေးလာသည်ကို ဧရိယာထဲ၌ ဆောက်သမ်း နောက်ခံလူများ ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ သဖြင့် ပယ်နယ်တီ ပေးခဲ့ရသည်။ ယင်းပယ်နယ်တီကို ဥဿာ တိုက်စစ်မှူး မိုင်းအိုက်နိုင်က ကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့သည်။ ထို့နောက်တွင်တော့ နှစ်ဘက်စလုံးမှ ဂိုးသွင်းများ ထပ်မံ ရရှိခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ဘဲ (၁-၁)ဂိုးဖြင့်သာ ပြီးဆုံးခဲ့သည်။ ယင်းပွဲတွင် အကောင်းဆုံး ဘောလုံးသမား ဆုကို ဆောက်သမ်း တိုက်စစ်မှူး ဘီဂျိမ်းထွေးက ရရှိခဲ့သည်။ ယင်းပွဲသရေ ရလဒ်ကြောင့် ၎င်းတို့နှစ်သင်းမှာ နေရာ အပြောင်းအလဲ မရှိဘဲ အဆင့်(၅)နှင့် အဆင့်(၆) နေရာများတွင် ဆက်လက် ရပ်တည်လျှက် ရှိသည်။ ပါဝင်ကစားကြသူများ ဥဿာ - ကိုကိုအောင် (ဂိုး)၊ ညီညီအောင်၊ မျိုးဝင်းအောင်၊ စောမြတ်အေး၊ နီမောင်မောင်အောင်၊ ကျော်သက်ဦး၊ နိုင်နိုင်လင်း (ကျော်ဖြိုးဦး (အောင်လတ်သူ) ) ၊ ဟိန်းရာဇာဝင်း (ဇင်မင်းထက်)၊ မိုင်းအိုက်နိုင်၊ ကျော်စိုးလွင်၊ လှထွန်းအောင် ဆောက်သမ်း - ပြည့်ဖြိုးအောင် (ဂိုး)(ခိုင်စိုးထွန်း (ဂိုး)) ၊ ကျော်သူအောင်၊ စိုးမြတ်သူ၊ စံမျိုးဦး၊ ဘီဂျိမ်းထွေး၊ အောင်ရဲထွဋ်၊ နိုင်လင်းဦး၊ ရန်မျိုးအောင်၊ ကိုကိုမောင် (ဇေယျာလင်း)၊ ဇော်ခါး၊ စိုးကျော်သူ (ဗညားဦး) ဂိုးသွင်းကြသူများ ဥဿာ - မိုင်းအိုက်နိုင် (၇၆ မိနစ်)(ပယ်နယ်တီ) ဆောက်သမ်း - ဘီဂျိမ်းထွေး (၃၇ မိနစ်) အနီကဒ်၊ အ၀ါကဒ် ထိကြသူများ ဥဿာ - ညီညီအောင် (၀ါ) ဆောက်သမ်း - စိုးမြတ်သူ (၀ါ)၊ နိုင်လင်းဦး (၀ါ) ပွဲကြီးကြပ်သူများ ကွင်းလယ်ဒိုင် - ဦးလှမင်း အကူဒိုင်(၁) - ဦးကျော်ဝင်း အကူဒိုင်(၂) - ဦးမင်းမင်းထွန်း စတုတ္တဒိုင် - ဦးစိုးမိုးကျော် ပွဲကြီးကြပ်သူ - ဦးဘရီ ဒိုင်ကြီးကြပ်သူ - ဦးမြင့်ကျော် အထွေထွေ တာဝန်ခံ - ဦးညီညီလတ် |



မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၆)ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ဥဿာ ယူနိုက်တက် အသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့ ဇွန်လ ၂၀ ရက်နေ့ က သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြရာ တစ်ဘက် တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။ 









