Friday, 24 May 2013
Home MNL Latest News သုံးပွဲဆက် အနိုင်ရလဒ်နဲ့ အတူ ဒုတိယ နေရာက ရတနာပုံကို သုံးမှတ် ဖြတ်လိုက်တဲ့ မကွေးအက်ဖ်စီ ~ မကွေး ၁-၀ ဥဿာ ယူနိုက်တက် ပွဲသုံးသပ်ချက်

သုံးပွဲဆက် အနိုင်ရလဒ်နဲ့ အတူ ဒုတိယ နေရာက ရတနာပုံကို သုံးမှတ် ဖြတ်လိုက်တဲ့ မကွေးအက်ဖ်စီ ~ မကွေး ၁-၀ ဥဿာ ယူနိုက်တက် ပွဲသုံးသပ်ချက် PDF Print E-mail
Written by Admin Team   
Saturday, 06 June 2009 21:17
Share |
မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၄)၏ ပထမဆုံး ပွဲစဉ်အဖြစ် မကွေးအက်ဖ်စီ အသင်းနှင့် ဥဿာ ယူနိုက်တက် အသင်းတို့ ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ မကွေးအက်ဖ်စီ အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် မကွေးFC ပရိသတ်များသည် သတ်မှတ်ထားသည့် အထူးတန်း ပွဲကြည့်စင် ဘယ်ဘက်ခြမ်း တစ်ခြမ်းလုံး တွင် လိမ္မော်ရောင်များ လွှမ်းနေအောင် အားပေး ခဲ့ကြသည်။ “မကွေး FC နိုင်ရမည်” ဟူသည့် စာသားပါ ဘုတ်ပြားများကို လည်းကောင်း၊ ပန်းပွားများဖြင့် လည်းကောင်း ကိုင်မြှောက် အားပေးခဲ့ကြသည်။ ဥဿာ အသင်း ပရိသတ်များ မှာလည်း မကွေး ပရိသတ် လောက် လူမများ သော်လည်း ဘင်ခရာ တူရိယာ ပစ္စည်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် အားပေး ခဲ့ကြသည်။

အဆိုပါ ပွဲစဉ်၌ မကွေး အသင်းတွင် ထွန်းမင်းဦးမှ လွဲ၍ ကျန်ပထမ ကစားသမားများ လူစုံပါဝင်ခဲ့ပြီး ဇေယျာရွှေမြေအား အနိုင်ဂိုး သွင်းယူခဲ့သည့် ခိုင်ဇော်ထွန်းကို ပွဲထွက် ကစားစေခဲ့သည်။ ဥဿာ အသင်းမှာလည်း ဒဏ်ရာ ရှိနေသော အသင်း ခေါင်းဆောင် ဂိုးသမား ကိုကိုအောင်ကို အရန်ခုံ၌သာ ထိုင်စေခဲ့ပြီး ကျော်သက်ဦးကိုပင် အသင်းခေါင်းဆောင် တာဝန် ပေးကာပွဲထွက် ကစားသမားများ အားလုံးနီးပါး ပါဝင်ခဲ့သည်။

ပွဲအစပိုင်းတွင် ဥဿာ အသင်းက အမြန်နှုန်းတင်ပြီး တရစပ် တိုက်စစ်ဆင် သဖြင့် မကွေး အသင်းမှာ ခံစစ်ကို အားပြု၍ ကစားနေရသည်။ ပထမပိုင်း မိနစ် ၂၀ ကျော်အထိ မကွေးဘက်မှ ထောင့်ကန်ဘော တစ်ကြိမ်မှ မရဘဲ ဥဿာကသာ ဖိကစား နေသည်ကို တွေ့ရသည်။ သို့သော် ဥဿာ တိုက်စစ် ကစားသမားများ အဆုံးသတ် အားနည်းမှုနှင့် မကွေး ၀ါရင့် ခံစစ်မှူးများ၏ ပိတ်ဆို့ ကာကွယ်မှုကြောင့် ဂိုးမရရှိခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ဥဿာ အသင်းခေါင်းဆောင် ကျော်သက်ဦး ခြေပေါ်ခဲ့ပြီး မကွေး နောက်တန်းကို ဒုက္ခပေး နိုင်ခဲ့သည်။ မကွေးတို့ အနေဖြင့် ခံစစ်ကို အားပြု ကစားနေရာမှ တဖြည်းဖြည်း တိုက်စစ်မြှင့် လာခဲ့ရာ ဂိုးသွင်းခွင့်များ စတင် ရလာခဲ့သည်။

၂၇ မိနစ်တွင် အောင်မြင့်ဦး၏ ကန်ချက်ကို လည်းကောင်း၊ ၂၈ မိနစ်တွင် စည်သူဝင်း၏ ကန်ချက်ကို လည်းကောင်း ဥဿာ ဂိုးသမား ကာကွယ်ခဲ့ပြီး ၂၉ မိနစ်တွင် လွင်ဦး အပိုင် ၀င်ပိတ်ခဲ့သည့် ဘောလုံးမှာလည်း ဘေးထွက်သွားခဲ့ သဖြင့် မကွေးတို့ နစ်နာ ခဲ့ရသည်။ ၃၃ မိနစ်တွင် အောင်မြင့်အေး ခေါင်းတိုက်ချက်ကို ဂိုးသမား ကာကွယ် ခဲ့ပြန်ပြီး ဥဿာဘက် မှလည်း Free Kick ကန်ခွင့် တစ်ကြိမ် ရခဲ့သည်ကိုလည်း မကွေး ဂိုးသမားက ပုတ်ထုတ် ကာကွယ်ခဲ့သည်။

၄၀ မိနစ်တွင် အောင်မြင့်အေး တန်ပြန် တိုက်စစ်မှ ဆွဲပြေးလာသည့် ဘောလုံးကို ဥဿာဂိုးသမား လျှောထိုးဖျက်ထုတ် ခဲ့ရသည်။ ၄၁ မိနစ်တွင် ဥဿာမှ ကျော်သက်ဦး အဝေးမှ လှမ်းကန်သည့် ဘောလုံး ဘေးထွက် သွားခဲ့ပြီး ဂိုးဧရိယာ ထဲ၌ ရှုတ်ယှက်ခပ်နေသည့် ကြားမှ မိုင်းအိုက်နိုင် acrobat ကန်ချက်ဖြင့် ကန်သွင်းသည့် ဘောလုံးမှာလည်း ဂိုးတိုင်ဘေးမှ ကပ်ထွက် သွားခဲ့သည်။ ပထမပိုင်းတွင် နှစ်ဘက် စလုံးက အမြန်နှုန်း တင်ကစားခဲ့ သဖြင့် ပွဲမှာ မြန်ဆန်နေခဲ့ပြီး ဥဿာက အုပ်စုလိုက် တိုက်စစ်ဆင် သလို မကွေးက တစ်ဦးချင်း စွမ်းရည် အသာစီးဖြင့် ကစားခဲ့သည်ကို တွေရသည်။

ဒုတိယပိုင်းတွင် ၅၂ မိနစ်တွင် ဥဿာ တိုက်စစ်မှူး မိုင်းအိုက်နိုင် ဘီးကုပ်စပ်မှ အပြင်း ကန်သွင်းသည့် ဘောလုံးသည် မကွေး နောက်တန်းနှင့် ထိကာ လမ်းကြောင်းလွဲပြီး ဂိုးသမား မထင်မှတ်ထားသည့် ထောင့်ထဲသို့ ဦးတည်ဝင်ရောက် လာသော်လည်း မကွေး ဂိုးသမား မျိုးကျော်အောင် အသည်းအသန် ဒိုက်ထိုးကာကွယ် လိုက်ရသည်။ ထို့နောက်တွင် မကွေး ဂိုးဧရိယာ အတွင်း၌ ဥဿာ ကစားသမားများ ဂိုးသွင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်ကို မကွေး နောက်တန်းများ အသည်းအသန် ကာကွယ် ခဲ့ရသည်။ ၅၄ မိနစ်တွင် မကွေး အသင်းက ခြေမပေါ်သည့် ခိုင်ဇော်ထွန်း အစား သိန်းသန်းဝင်းကို လူစားလဲခဲ့သည်။ ၅၈ မိနစ် တွင်လည်း ဥဿာ၏ နိုင်နိုင်လင်း ကန်ချက် ဘေးထွက် သွားခဲ့ပြန်သည်။

၆၄ မိနစ်တွင် ဥဿာ ဂိုးဧရိယာ ရှေ့၌ မကွေးဘက်မှ ပြစ်ဒဏ်ဘော ရရှိခဲ့ရာ ကွင်းလယ်လူ ဇော်ထက်အောင်က ဂိုးသမား၏ ဘယ်ဘက် ထောင့်ထဲသို့ အပြင်း ကန်သွင်းပြီး မကွေးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည်။ မကွေး အသင်းသည် ထွန်းထွန်းနိုင် အစား ညီညီဝင်း၊ ပြည့်ဖြိုးဦးအစား ၀င်းသူတို့ကို ထည့်ပြီး ခံစစ်ကို ထိန်းသွားခဲ့သလို ဥဿာ ဘက်ကလည်း လှထွန်းအောင်၊ ဇင်မင်းထက်၊ အောင်စိုးပိုင် တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့် ခဲ့သည်ကို တွေ့ရသည်။ ထို့နောက်တွင် နှစ်ဘက် စလုံးက ဂိုးသွင်းခွင့်များ ထပ်မံရခဲ့ သော်လည်း ဂိုးအဖြစ် အသွင်မပြောင်း နိုင်ခဲ့ဘဲ (၁-၀) ရလဒ်ဖြင့်သာ ပွဲပြီးခဲ့သည်။

ယင်းပွဲစဉ်တွင် အကောင်းဆုံး ကစားသမား ဆုကို အနိုင်ဂိုး သွင်းယူခဲ့သည့် မကွေး ကစားသမား ဇော်ထက်အောင်က ရရှိ သွားခဲ့ပြီး မကွေး အသင်းမှာလည်း သုံးပွဲနိုင်၊ တစ်ပွဲသရေ (၁၀)မှတ်ဖြင့် ဇယား ထိပ်ဆုံးတွင် ဆက်လက် ဦးဆောင် နိုင်ခဲ့သည်ကို တွေ့ရသည်။

ပါဝင် ကစားခဲ့သူများ

မကွေး - ညီညီဝင်း (ထွန်းထွန်းနိုင်)၊ ဇော်ထက်အောင်၊ လွင်ဦး၊ အောင်မြင့်အေး၊ စည်သူဝင်း၊ ပြည့်ဖြိုးဦး (၀င်းသူ)၊ လင်းလင်းထွေး၊ မျိုးကျော်အောင်(ဂိုး)၊ ခိုင်ဇော်ထွန်း (သိန်းသန်းဝင်း)၊ နိုင်လင်းထွန်း၊ ကျော်ကျော်မျိုး

ဥဿာ - ညီညီအောင်၊ မျိုးဝင်းအောင်၊ ကျော်သက်ဦး၊ နိုင်နိုင်လင်း၊ မိုင်းအိုက်နိုင်၊ ခိုင်ထူး (လှထွန်းအောင်)၊ ကျော်စိုးလွင်၊ ကျော်ဖြိုးဦး၊ ဇော်ဇင်ထက် (အောင်စိုးပိုင်)၊ ထွန်းလင်းစိုး(ဂိုး)၊ သန်းဇော်လင်း (ဇင်မင်းထက်)

ဂိုးသွင်းခဲ့သူများ

မကွေး - ဇော်ထက်အောင် (၆၄ မိနစ်)
ဥဿာ - မရှိ

ပွဲကြီးကြပ်သူများ

ကွင်းလယ်ဒိုင် - ဦးတင်ထွဋ်
စည်းကြပ်ဒိုင် (၁) - ဦးမျိုးဝင်း
စည်းကြပ်ဒိုင် (၂) - ဦးကျော်ဝင်း
စတုတ္တဒိုင် - ဦးလှတင့်
ပွဲကြီးကြပ်သူ - ဦးမျိုးဝင်းညွန့်
ဒိုင်ကြီးကြပ်သူ - ဦးမြင့်ကျော်
အထွေထွေ တာဝန်ခံ - ဦးဝင်းသူမိုး
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.