Monday, 20 May 2013
Home MNL Latest News ၁၀ ယောက်ကျန် ဒယ်တာ အသင်း၏ ဒုတိယမြောက် မမျှော်လင့်သော အရှုံး ~ ဆောက်သမ်းမြန်မာ ၂-၀ ဒယ်တာယူနိုက်တက် ပွဲစဉ် ပွဲပြီးသုံးသပ်ချက်

၁၀ ယောက်ကျန် ဒယ်တာ အသင်း၏ ဒုတိယမြောက် မမျှော်လင့်သော အရှုံး ~ ဆောက်သမ်းမြန်မာ ၂-၀ ဒယ်တာယူနိုက်တက် ပွဲစဉ် ပွဲပြီးသုံးသပ်ချက် PDF Print E-mail
Written by ဇင်သော်နိုင်   
Sunday, 31 May 2009 22:24
Share |
မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၃)၏ ဒုတိယပွဲစဉ် အဖြစ် ဆောက်သမ်းမြန်မာ အသင်းနှင့် ဒယ်တာ ယူနိုက်တက် အသင်းတို့ မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ ဆောက်သမ်းမြန်မာ အသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်သည် ပရိသတ် များပြားသော ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပြီး ဆောက်သမ်းမြန်မာ ပရိသတ်များသည် အထူးတန်း ပွဲကြည့်စင် တစ်ခြမ်းလုံး မိုးပြာရောင်များ ဖုံးလွှမ်းနေအောင် အားပေးခဲ့ကြသည်။ ဒယ်တာ ပရိသတ်များ သည်လည်း ဧရာဝတီဟူသည့် ကြွေးကြော်သံများ တစ်ကွင်းလုံး ညံနေအောင် အားပေး ခဲ့ကြသည်ကို တွေ့ရသည်။ နှစ်ဘက်စလုံးမှ အိုးစည်ဗုံမောင်းနှင့် ဘင်ခရာများဖြင့် အားပေးခဲ့ကြ သဖြင့် အပြိုင်အဆိုင် ဖြစ်ခဲ့သည်။

ဆောက်သမ်း အသင်းသည် အဆိုပါပွဲစဉ်၌ နောက်ခံလူ ဇော်ခါးကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ကာ ဝေလင်းနှင့် ဘီဂျိမ်းထွေးကို တိုက်စစ်တွင် တင်ကစားခဲ့သည်။ ဒယ်တာ ဘက်ကလည်း ရိုဒရီဂိုနှင့် အောင်ကျော်မျိုးကို ကို တိုက်စစ်တွင် တင်ကာ ကျော်ခိုင်ဝင်းအား အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့သည်။

ပွဲစကတည်းက တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် ထိုးဖောက်ခဲ့ပြီး ၈ မိနစ်တွင် ဆောက်သမ်း နောက်ခံလူ ဟန်ထွန်း ထိခိုက်ဒဏ်ရာ ရရှိသွား သဖြင့် လစားလဲခဲ့ရသည်။ ၁၁ မိနစ်တွင် ဆောက်သမ်း အသင်း၏ ဝေလင်း အဝေးက ကန်သည့်ဘောလုံး ထောင်သွားခဲ့ သလို ဖရီးကစ်မှ တဆင့် ဒယ်တာ၏ လီယွန် ကန်ချက်မှာ လည်း အပေါ် မြောက်တက် သွားခဲ့သည်။ ၁၃ မိနစ်နှင့် ၁၆ မိနစ်တို့တွင် ဆောက်သမ်း၏ နိုင်လင်းဦးနှင့် ဘီဂျိမ်းထွေးတို့ ကန်ချက် များမှာလည်း အချည်းနှီး ဖြစ်ခဲ့ရသည်။ ၂၁ မိနစ်တွင် စိုးသီဟအောင်၏ ဖရီကစ် ကန်ချက် အပေါ်ထောင် သွားခဲ့သလို ၂၂မိနစ်တွင် ကျော်ခိုင်ဝင်း၏ ကန်ချက်ကိုလည်း ဂိုးသမား မိခဲ့သည်။

၂၄ မိနစ်တွင် ဒယ်တာ၏ တင်ဇော်မိုးနှင့် ဆောက်သမ်း၏ ဇေယျာလင်းတို့ ဘောလုံးယှဉ် အလုတွင် ဇေယျာလင်း က နောက်မှ အင်္ကျီဆွဲထား သဖြင့် တင်ဇ်ာမိုးက လက်ဖြင့် တွန်းထိုးကာ ရှေ့သို့ ရုန်းထွက်ခဲ့သည်။ ယင်းအဖြစ် အပျက်ကို ဒိုင်က လက်သီးဖြင့် ထိုးသည်ဟု ယူဆကာ တင်ဇော်မိုးကို တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ်ခဲ့ပြီး ဇေယျာလင်းကို အ၀ါကဒ် ပြခဲ့သည်။ လူတစ်ယောက် သာသွားသော ဆောက်သမ်းသည် အခွင့်အရေးများ ပိုမို ရခဲ့သော်လည်း တဘက်ဂိုးပေါက်ကို လွယ်လွယ်ကူကူ မခြိမ်းခြောက်နိုင်ဘဲ ရှိခဲ့သည်။

၂၈ မိနစ်တွင် ရိုဒရီဂို ရုတ်တရက် ကန်သွင်းသည့် ဘောလုံးမှာ ဆောက်သမ်း ဂိုးသမား ပြည့်ဖြိုးအောင် ကြောင် နေသော်လည်း တိုင်ထိသွား သဖြင့် သက်သာခဲ့ရသည်။ ထို့နောက် နှစ်ဘက်စလုံးမှ ဂိုးသွင်းခွင့်များ ထပ်မံ ရသေး ခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ကြသဖြင့် ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေရလဒ်သာ ရရှိခဲ့သည်။

ဒုတိယပိုင်း မစမီတွင် မိုးများ သည်းထန်စွာ ရွာသွန်းပြီး ကွင်းအတွင်း အလင်းရောင် အားနည်းခဲသဖြင့် မီးဆိုင်းကြီး များ အရေးပေါ်ဖွင့်ကာ ဒုတိယပိုင်းကို စတင် ခဲ့ရသည်။ ဒုတိယပိုင်းတွင် မိုးကြောင့် ကွင်းမှာ ချောနေသကဲ့သို့ ဘောလုံး မှာလည်း ရေ၀ပ်နေသော မြက်ခင်းပြင်တွင် ဝေးဝေးမလိမ့် နိုင်သောကြောင့် နှစ်ဘက် ကစားသမားများ အခက်တွေ့ခဲ့ကြသည်။ အထူးသဖြင့် အာဂျင်တီးနား ကစားသမားများမှာ မိုးဒဏ်ကို အလူးအလဲ ခံစားခဲ့ကြ ရသည်။

၅၅ မိနစ်တွင် ဆောက်သမ်းမှ ဝေလင်းက ဘီးကုပ်စပ် မရောက်မီ ခပ်လှမ်းလှမ်းမှပင် အပြင်း ကန်သွင်းခဲ့ရာ ဂိုးသမား သီဟစည်သူ၏ ညာဘက်ထောင့် ထဲသို့ ၀ါးလံးထိုး ၀င်သွားပြီး ဆောက်သမ်းတို့ ပထမဂိုး စတင်ရရှိ ခဲ့သည်။ ဂိုးပေးလိုက်ရ ပြီးနောက် ဒယ်တာက ဆန်းဒေသိန်းကို ထည့်သွင်းကာ တိုက်စစ် မြှင့်ခဲ့သော်လည်း ဆောက်သမ်း နောက်တန်းက ကြံ့ကြံ့ခံ ကာကွယ် ခဲ့သောကြောင့် လည်းကောင်း၊ အခွင့်အရေး များကို ဖြုန်းတီး ပစ်ခဲ့ကြခြင်းကြောင့် လည်းကောင်း ချေပဂိုး မရရှိခဲ့ပေ။ ထို့ကြောင့် ဆန်းဒေးသိန်းကို မင်းမင်းထွန်းနှင့် ထပ်မံ လူစား လဲခဲ့ရသည်။

ဆောက်သမ်းသည် ဂိုးရပြီးနောက် ဒုတိယ တစ်ပိုင်းလုံးနီးပါး ခံစစ်ကိုသာ အားပြု၍ ကစားသွားခဲ့ပြီး တစ်ချက် တစ်ချက်မှသာ တန်ပြန် တိုက်စစ်ဖြင့် တိုက်စစ် ဆင်ခဲ့သည်။ ဆောက်သမ်း၏ နည်းဗျူဟာ မှန်ကန်ခဲ့ပြီး ၈၉ မိနစ်တွင် တန်ပြန်တိုက်စစ်မှ ထွက်လာသည့် ဘောလုံးကို ဝေလင်းကပင် ဂိုးသမားနှင့် တစ်ယောက်ချင်း ရင်ဆိုင်တွေ့ပြီး သွင်းယူ သွားခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ဆောက်သမ်းက (၂-၀)ဂိုးဖြင့် အနိုင်ယူသွားနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမား ဆုကို နှစ်ဂိုးသွင်းသည့် ဆောက်သမ်းမှ ဝေလင်းက ရရှိသွားခဲ့သည်။

ပါဝင်ကစားခဲ့ကြသူများ

ဆောက်သမ်းမြန်မာ - ပြည့်ဖြိုးအောင်(ဂိုး)၊ ဟန်ထွန်း (ကျော်သူအောင် ၈ မိနစ်)၊ ဗညားဦး (အောင်ရဲထွဋ် ၆၅ မိနစ်) ၊ စံမျိုးဦး၊ ဘီဂျိမ်းထွေး (ကိုကိုမောင် ၃၉ မိနစ်)၊ နိုင်လင်းဦး၊ ရန်မျိုးအောင်၊ ဇေယျာလင်း၊ ဝေလင်း၊ သန့်ဇင်ဦး၊ ဇော်ခါး

ဒယ်တာ - သီဟစည်သူ(ဂိုး)၊ မျိုးဝင်းထွဋ်၊ စိုးသီဟအောင်၊ ထွန်းလင်းအောင် (ဆန်းဒေးသိန်း ၅၉ မိနစ်၊ မင်းမင်းထွန်း -- မိနစ်)၊ အောင်ကျော်မျိုး၊ တင်ဇော်မိုး၊ ဇော်မျိုးမင်း (မြင့်နိုင် ၇၆ မိနစ်)၊ လှအေးထွေး၊ ကျော်ခိုင်ဝင်း၊ ရိုဒရီဂို၊ လီယွန်

ဂိုးသွင်းကြသူများ

ဆောက်သမ်း - ဝေလင်း (၅၅ မိနစ်၊ ၈၉ မိနစ်)
ဒယ်တာ - မရှိ

အနီကဒ် အ၀ါကဒ် ထိကြသူများ

ဆောက်သမ်း - စံမျိုးဦး (၅၃ မိနစ်)၀ါ၊ ဇေယျာလင်း (၂၄ မိနစ်)(၀ါ)၊ ကိုကိုမောင် (၄၇ မိနစ်)(၀ါ)
ဒယ်တာ - တင်ဇော်မိုး (၂၄ မိနစ်)နီ၊ ကျော်ခိုင်ဝင်း (၁၉ မိနစ်) (၀ါ)

ပွဲကြီးကြပ်သူများ

ကွင်လယ်ဒိုင် - ဦးကိုကိုနိုင်
စည်းကြပ်ဒိုင်(၁) - ဦးမျိုးဝင်း
စည်းကြပ်ဒိုင်(၂) - ဦးမင်းမင်းထွန်း
စတုတ္တဒိုင် - ဦးလှမင်း
ပွဲကြီးကြပ်သူ - ဦးမျိုးဝင်းညွန့်
ဒိုင်ကြီးကြပ်သူ - ဦးတင်စိန်
အထွေထွေ တာဝန်ခံ - ဦးညီညီလတ်
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.