Friday, 24 May 2013
Home MNL Latest News မြန်မာ နေရှင်နယ် လိဂ်၏ ပထမဆုံး အနီကဒ်နှင့်အတူ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ဥဿာ ယူနိုက်တက် ~ ခင်မောင်လွင် ခြေစွမ်းပြကာ ကမ္ဘောဇတို့ အနိုင်ရ

မြန်မာ နေရှင်နယ် လိဂ်၏ ပထမဆုံး အနီကဒ်နှင့်အတူ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ဥဿာ ယူနိုက်တက် ~ ခင်မောင်လွင် ခြေစွမ်းပြကာ ကမ္ဘောဇတို့ အနိုင်ရ PDF Print E-mail
Written by Admin Team   
Thursday, 21 May 2009 21:01
Share |
မြန်မာ နေရှင်နယ်လိဂ် သီတင်းပတ်(၁) နောက်ဆုံး ပွဲစဉ် အဖြစ် ဥဿာ ယူနိုက်တက် အသင်းနှင့် ကမ္ဘောဇ အသင်းတို့ မေလ ၂၁ ရက်နေ့(ယနေ့) ညနေ၌ ယှဉ်ပြိုင် ကစားခဲ့ကြရာ ကမ္ဘောဇ အသင်းက (၃-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။

ကမ္ဘောဇ အသင်းသည် မူလ ကတည်းက ပရိသတ် ရှိပြီးသား အဆင့်မြင့်တန်း အသင်းဟောင်း တစ်သင်း ဖြစ်သဖြင့် အဆိုပါ ပွဲစဉ်တွင် ပရိသတ် အများအပြား လာရောက် ကြည့်ရှုခဲ့သည်။ အထူးတန်း ပွဲကြည့်စင်၏ ဥဿာအသင်း ဘက်ခြမ်းတွင်မူ ပရိသတ် အပြည့် လာရောက်ခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။ သို့ရာတွင် လာရောက် ကြည့်ရှုသည့် ပရိသတ်များမှာ ဘင်ခရာ များဖြင့် အားပါးတရ တီးမှုတ် အားပေး ခဲ့ကြသည်။



ကမ္ဘောဇ အသင်းသည် ယနေ့ ပွဲစဉ်တွင် ဂိုးသမား ကျော်ဇင်ထက်၊ နောက်တန်း ဟန်ဝင်းအောင်၊ မိုးဝင်း၊ အေးဆန်း၊ ၀င်းမင်းထွဋ်၊ ကွင်းလယ် ခင်မောင်လွင်၊ ရှေ့တန်း စိုးမြတ်မင်း၊ စထက်နိုင်ဝင်း၊ စိုးမင်းဦး စသည့် နာမည်ကျော် ကစားသမားများ အစုံအလင် ပါဝင်ခဲ့ကြပြီး တင့်နိုင်ထွန်းသိန်း မှာမူ အရန် စာရင်း၌ပင် မပါဝင် ခဲ့သည်ကို တွေ့ရသည်။ ဥဿာ အသင်းဘက်တွင် ဂိုးသမား ကိုကိုအောင် တစ်ယောက်သာ ၀ါရင့် ကစားသမား အနေဖြင့် ပါဝင်ခဲ့ပြီး မထင်မရှား လူငယ် ကစားသမား အမြောက်အမြားဖြင့် ပွဲထွက် လာခဲ့သည်။

ပွဲအစပိုင်းတွင် နှစ်သင်း စလုံးမှ အပြန်အလှန် ထိုးဖောက် ခဲ့ကြပြီး ၁၁ မိနစ်တွင် ဥဿာ၏ အောင်ဖြိုးမြင့် အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း လွဲချော်ခဲ့သည်။ ၁၃ မိနစ်တွင်မူ ကမ္ဘောဇ တိုက်စစ်မှူး စထက်နိုင်ဝင်းက နောက်တန်းမှ ဖြတ်တင် ပေးလိုက်သော ဘောလုံးကို ခေါင်းဖြင့် ဂိုးရှေ့တိုက်ချခဲ့ရာ ဘောလုံးမှာ ဥဿာ ဂိုးသမား၏ ဆန့်ကျင်ဘက် အဝေးတိုင်ကို ထိပြီး ဂိုးဝင်သွား သဖြင့် ကမ္ဘောဇတို့ ပထမဂိုး ရရှိခဲ့သည်။ ဂိုးရပြီးနောက် ကမ္ဘောဇ ဘက်မှသာ တရစပ် ဖိကစားခဲ့ပြီး ၁၇ မိနစ်တွင် ဘယ်ခြမ်းမှ ဖြတ်တင် ပေးသည့် ဘောလုံးကို စိုးမြတ်မင်း ခေါင်းတိုက်ရာ လွဲချော်ခဲ့သည်။ နောက် တစ်မိနစ် အကြာတွင်လည်း ဂိုးရှေ့ ၀ဲလာသည့် ဘောလုံးကို စိုးမြတ်မင်း အနီးကပ် ၀င်ပိတ်ရာ ခြေထောက်နှင့် မထိခဲ့သဖြင့် နစ်နာ ခဲ့ရသည်။



၁၉ မိနစ်တွင် ဥဿာဘက်မှ တန်ပြန် ရောက်ရှိလာသည့် ထိုးစစ်ကို ကမ္ဘောဇ နောက်တန်းမှ ဟန်ဝင်းအောင်နှင့် ဂိုးသမား ကျော်ဇင်ထက်တို့ နားလည်မှု လွဲကာ အပြိုင်ဖျက်မိ သဖြင့် ကိုယ့်ဂိုး ကိုယ်သွင်းမိရန် အနည်းငယ်သာ လိုသည့် အခြေအနေ ဖြစ်ခဲ့သည်။ ကံကောင်း ထောက်မစွာ ဘောလုံးက တိုင်ဘေးမှ ကပ်ထွက်ခဲ့ သဖြင့် ကမ္ဘောဇတို့ အသက်ရှူ ချောင်ခဲ့ရသည်။

၂၃ မိနစ်တွင် ကစားပုံကြမ်းသော ဥဿာ ကစားသမား ဇော်ဇင်ထက် အ၀ါကဒ်ပြသ ခံခဲ့ရသည်။ ၂၉ မိနစ်တွင် စိုးမြတ်မင်း ကန်ချက်ကို ဂိုးသမား ကိုကိုအောင် ကာကွယ် နိုင်ခဲ့သည်။၃၅ မိနစ်တွင် ဥဿာ တိုက်စစ်မှူး ဟိန်းရာဇာဝင်း၏ ကန်ချက် လွဲချော်ခဲ့သလို ၃၈ မိနစ်တွင် ဥဿာ ကစားသမား နိုင်နိုင်လင်း အပိုင်ကန်ခွင့် တစ်လုံးအား ဖြုန်းတီးပစ်ခဲ့ သဖြင့် ပထမပိုင်း အပြီး၌ (၁-၀)ဂိုး ဖြင့်သာ အဆုံးသတ် ခဲ့သည်။

ဒုတိယ ပိုင်းတွင် ပွဲစ၍ လေးမိနစ် အကြာ၌ ဥဿာ ကစားသမား ကျော်စိုးလွင် အ၀ါကဒ် ပြခံခဲ့ရသည်။ ထို့နောက် ကမ္ဘောဇ ဘက်မှ ခြေမပေါ်သော စိုးမင်းဦးအစား ထက်အောင် ၀င်လာခဲ့သည်။ ၅၄ မိနစ်တွင် ဂိုးဧရိယာ အတွင်း၌ ရှုတ်ရှက်ခပ်၍ ပြန်ထွက်လာသည့် ဘောလုံးကို ခင်မောင်လွင်က ဘီးကုပ်စပ်မှ အပြင်း ကန်သွင်းခဲ့ သဖြင့် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ ထိုအခါ ဥဿာ ဘက်မှလည်း ခြေမပေါ်သည့် နိုင်နိုင်လင်း အစား ဇော်မင်းထက်ကို လူစားလဲခဲ့သည်။ ၆၂ မိနစ်တွင် ဥဿာ တိုက်စစ်မှူး ဟိန်းရာဇာဝင်း ကန်ချက်ကို ကမ္ဘောဇ နောက်တန်းက ကာကွယ်ခဲ့သည်။



၆၂ မိနစ်တွင်မူ ကွင်းလယ်မှ ထိုးပေးလိုက်သည့် ဘောလုံးကို ကမ္ဘောဇ၏ ခင်မောင်လွင်က ဥဿာ ဂိုးသမားနှင့် တယောက်ချင်း ရင်ဆိုင် အတွေ့တွင် တို့၍ ထုတ်လာနိုင်ခဲ့ သဖြင့် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးနိုင်ခဲ့ကာ ဂိုးသမား မရှိသည့် ဂိုးပေါက်ထဲ အသာအယာ ကန်သွင်းပြီး တတိယဂိုးကို ရယူခဲ့သည်။ ထို့နောက် ကမ္ဘောဇ ဘက်မှ ဥာဏလွင်ကို အောင်ဝင်းနိုင်နှင့် လူစားလဲခဲ့သည်။ ၆၅ မိနစ်တွင် ဥဿာမှ ဇော်ဇင်ထက်သည် ကြမ်းတမ်းစွာ ကစားခဲ့သဖြင့် နောက်ထပ် တစ်ဝါ ထိကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံ ခဲ့ရသည်။ ယင်းအနီကဒ်သည် နေရှင်နယ်လိဂ် သမိုင်းတွင် ပထမဆုံး အနီကဒ်လည်း ဖြစ်သည်။ ထို့နောက် ကမ္ဘောဇက နေဇော်ထက် အစား အောင်ကျော်ဦး ကိုထည့်ကာ ခံစစ် အားဖြည့်ခဲ့သည်။

၈၀ မိနစ်တွင် စိုးမြတ်မင်းက ဥဿာ နောက်ခံလူ သုံးယောက်ကို ကျော်ဖြတ်ကာ ဂိုးသွင်းရန် ကြိုးပမ်း ခဲ့သော်လည်း လွဲချော် ခဲ့သည်။ ယနေ့ပွဲတွင် စိုးမြတ်မင်းအား ဥဿာဘက်မှ လူကပ်ကစား သွားသည်ကို တွေ့ရသည်။ ၈၆ မိနစ်တွင် ခြေစွမ်းပြနေသူ ခင်မောင်လွင် အ၀ါကဒ် ထိခဲ့ပြီး ၈၇ မိနစ်တွင် ဥဿာ၏ ဟိန်းရာဇာဝင်း ကန်ချက်ကို ကမ္ဘောဇ အသင်း ကာကွယ် နိုင်ခဲ့သဖြင့် (၃-၀)ဂိုးဖြင့် ပွဲပြီးဆုံး ခဲ့သည်။

ယင်းပွဲစဉ်တွင် အကောင်းဆုံး ကစားသမားဆုကို ကမ္ဘောဇ အသင်းအတွက် နှစ်ဂိုး သွင်းပေးခဲ့သည့် မြန်မာ့ လက်ရွေးစင် ကွင်းလယ် ကစားသမား ခင်မောင်လွင်က ရရှိခဲ့သည်။ ယခုပွဲ အနိုင်ကြောင့် ကမ္ဘောဇ အသင်းသည် နေရှင်နယ်လိဂ် အမှတ်ပေး ဇယား၌ ရမှတ် ၃မှတ် ဂိုးကွာခြားချက် အရ ဒုတိယ နေရာတွင်  ရပ်တည် နေနိုင်ခဲ့သည်။



ပါဝင် ကစားခဲ့ကြသူများ

ဥဿာ ယူနိုက်တက် - ကိုကိုအောင်၊ ညီညီအောင်၊ မျိုးဝင်းအောင်၊ နီမောင်မောင်အောင်၊ ကျော်သက်ဦး၊ အောင်လတ်သူ၊ နိုင်နိုင်လင်း (ဇင်မင်းထက် ၅၇ မိနစ်)၊ ဟိန်းရာဇာဝင်း၊ ကျော်စိုးလွင်၊ ဇော်ဇင်ထက်၊ အောင်ဖြိုးမြင့်

ကမ္ဘောဇ
- ကျော်ဇင်ထက်၊ ဟန်ဝင်းအောင်၊ အေးဆန်း၊ ဥာဏလွင် (အောင်ဝင်းနိုင် ၆၃ မိနစ်)၊ ၀င်းမင်းထွဋ်၊ ခင်မောင်လွင်၊ စထက်နိုင်ဝင်း၊ စိုးမြတ်မင်း၊ နေဇော်ထက် (အောင်ကျော်ဦး ၇၂ မိနစ်)၊ စိုးမင်းဦး (ထက်အောင် ၅၀ မိနစ်)၊ မိုးဝင်း

အ၀ါကဒ် အနီကဒ် ထိကြများ

ဥဿာယူနိုက်တက် - ကျော်စိုးလွင် (၄၉ မိနစ်)(၀ါ)၊ ဇော်ဇင်ထက် (၆၅ မိနစ်)(နှစ်ဝါ တစ်နီ)
ကမ္ဘောဇ - ခင်မောင်လွင် (၈၆ မိနစ်) (၀ါ)

ဂိုးသွင်းသူများ

ဥဿာယူနိုက်တက် - မရှိ
ကမ္ဘောဇ - စထက်နိုင်ဝင်း (၁၃ မိနစ်)၊ ခင်မောင်လွင် (၅၄ မိနစ်၊ ၆၂ မိနစ်)

ပွဲကြီးကြပ်သူ

ကွင်းလယ်ဒိုင် - ဦးစိုးမိုးကျော်
အရန်ဒိုင် (၁) - ဦးဟန်သိန်း
အရန်ဒိုင် (၂) - ဦးမင်းမင်းထွန်း
စတုတ္ထဒိုင် - ဦးသန်းဦး
ပွဲကြီးကြပ်သူ - ဦးကျော်ကျော်
ဒိုင်ကြီးကြပ်သူ - ဦးမောင်နိုင်
အထွေထွေ မန်နေဂျာ - ဦးခင်မောင်သန်း
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.