|
Written by Admin Team
|
|
Saturday, 16 March 2013 18:00 |
|
ရီးယဲလ်မက်ဒရစ် အသင်းနှင့် အတူ ရာဖာရယ်လ် ဗာရာနီ၏ ရင့်ကျက် တည်ငြိမ်လာမှု များကို မိမိ အလွန် နှစ်ထောင်းအားရ ရှိမိကြောင်း ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒီဒီရာ ဒက်စ်ချမ့်က ပြောကြားလိုက်သည်။
အသက်(၄၄)နှစ်ရှိ နည်းပြကြီးက ဗဟိုနောက်ခံ ကစားသမားလေး ဗာရာနီသည် အနာဂတ် ပြင်သစ် လက်ရွေးစင် အသင်းတွင် အဓိက သော့ချက် ကြယ်တစ်ပွင့်လည်း ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ အသက်(၁၉)နှစ်ရှိ ဗာရာနီသည် ယခုရာသီ ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟို၏ နေရာပေးမှုနှင့်အတူ အရွယ်နှင့်မလိုက် တောက်ပ ထက်သန်သော ခြေစွမ်းမျိုးကို ပြသလျှက် ရှိသည်။ ဒက်စ်ချမ့်သည် ဗာရာနီ၏ အနေအထားကို အားရနေပြီး ဂျော်ဂျီယာနှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လူစာရင်းတွင် ရွေးချယ်ထားလိုက်သည်။

ဒက်စ်ချမ့်က "အသက်(၁၉)နှစ်နဲ့ ရီးယဲလ်လို အသင်းမှာ ကြယ်ပွင့်ဖြစ်လာဖို့ ဆိုတာက တော်ရုံ အဆင့်နဲ့တော့ မရဘူးလေ။ ခုချိန်မှာတော့ ဗာရာနီရဲ့ တက်လှမ်းမှုကို လူတွေ သိပ်ပြောနေကြပြီ"ဟု RMCသို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။ ၎င်းက "ရီးယဲလ်အတွက် အင်မတန်မှ အရေးကြီးတဲ့ ပွဲစဉ် (၃)ခုဆက်တိုက် သူပါဝင် ကစားခဲ့တယ်။ ရာသီအစတုန်းက သူက ပွဲအများကြီး ကစားခွင့် မရခဲ့ဘူး။ ဒါပေမဲ့ ဇန်နဝါရီလောက်က စပြီးတော့ အခွင့်အရေး ပိုရလာသလို ခုချိန်မှာတော့ ရီးယဲလ်ရဲ့ ပွဲထွက် ကစားသမား တစ်ယောက်တောင် ဖြစ်လာပြီ။ သူ့ရဲ့ ရင့်ကျက်မှုက ဆန်းကျယ်လွန်းပါတယ်။ သူ့အသက်အရွယ်မှာ ဒီအဆင့်က ဖြစ်ဖို့ ခဲယဉ်းလွန်းတယ်။ ဗာရာနီကို ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အနာဂတ်လို့ ကျွန်တော် မှတ်ယူပါတယ်။ ဒါကို မနက်ဖြန်မှာဖြစ်ဖြစ်၊ နောက်ထပ် (၆)လ အကြာမှာဖြစ်ဖြစ်၊ (၁)နှစ်လောက်မှာ ဖြစ်ဖြစ် လက်တွေ့ ကျွန်တော်တို့ မြင်ရမှာပါ"ဟုလည်း မှတ်ချက်ပြု ချီးကျူးသွားသည်။ အသက်(၁၉)နှစ်နဲ့ ရီးယဲလ်လို အသင်းမှာ ကြယ်ပွင့်ဖြစ်လာဖို့ ဆိုတာက တော်ရုံ အဆင့်နဲ့တော့ မရဘူးလေ။ ခုချိန်မှာတော့ ဗာရာနီရဲ့ တက်လှမ်းမှုကို လူတွေ သိပ်ပြောနေကြပြီ... Ref: Goal
|