Saturday, 25 May 2013
Home World English Premier League နောက်ဆုံးသတင်းများ မော့ဆက်စ်အား ဈေးပေါပေါဖြင့် ရမည် မဟုတ်ဟု ချယ်လ်ဆီးအား ဝီဂန် မန်နေဂျာ သတိပေး
မော့ဆက်စ်အား ဈေးပေါပေါဖြင့် ရမည် မဟုတ်ဟု ချယ်လ်ဆီးအား ဝီဂန် မန်နေဂျာ သတိပေး PDF Print E-mail
Written by Admin Team   
Saturday, 18 August 2012 10:14
Share |

ချယ်လ်ဆီး အနေဖြင့် ဗစ်တာမော့ဆက်စ်အား ဈေးပေါပေါဖြင့် ရနိုင်မည် မဟုတ်ကြောင်း ဝီဂန်အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က သတိပေးလိုက်သည်။



ဝီဂန်သည် အာဆင်နယ်မှ ယိုင်မီယိုင်ချီအား အငှားခေါ်ယူခဲ့ပြီး ဖြစ်သည့်နောက် နိုက်ဂျီးရီးယား လက်ရွေးစင် မော့ဆက်စ်အတွက် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရေး လမ်းကြောင်းမှာ ပိုမို ဖြောင့်ဖြူးလာခဲ့သည်။ ဝီဂန်နှင့် ချယ်လ်ဆီးတို့သည် မော့ဆက်စ်အတွက် တွေ့ဆုံဆွေးနွေးမှု တစ်ခုကို တနင်္လာနေ့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းမတိုင်မီ မာတီနက်ဇ်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝီဂန်သည် မော့ဆက်စ်အတွက် ပေါင်စတာလင် (၁၀)သန်းမျှ အလိုရှိနေပြီး ချယ်လ်ဆီးက ပေါင်စတာလင် (၇)သန်းသာ အဆိုပြုထားသည်။



ချယ်လ်ဆီးသည် အသက်(၂၁)နှစ်ရှိ မော့ဆက်စ်အား တစ်ပတ်လုပ်ခ ပေါင်စတာလင် (၄၀၀၀၀)ဝန်းကျင် ပေးချေသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။ မာတီနက်ဇ်က "မော့ဆက်စ်ကို လက်လွှတ်ရတယ် ဆိုတာကတင် တော်တော်ဆိုးနေပါပြီ။ တခြားကလပ် တစ်ခုက သူ့ကို တကယ့်တန်ကြေးထက် လျှော့ပေါ့ပေးပြီး ခေါ်သွားတယ်ဆိုရင် ပိုပြီးတော့တောင် ဆိုးရွားပါဦးမယ်။ ချယ်လ်ဆီး အနေနဲ့ မော့ဆက်စ်ကို တကယ်လိုချင်တယ်ဆိုရင် ထိုက်တန်တဲ့ ဈေးကိုတော့ ပေးရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

အခြားသော သတင်းများအရ ချယ်လ်ဆီးသည် ဟွမ်မာတာအား စက်တင်ဘာလအတွင်း နိုင်ငံလက်ရွေးစင် ပွဲများမှ အနားပေးထားပါရန် စပိန် FAကို ပန်ကြား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ တောက်လျှောက် ပွဲဆက်များပြီး အနားမရသော အသက်(၂၄)နှစ်အရွယ် ကစားသမားအား ချယ်လ်ဆီးက အနားပေးရန် ရည်ရွယ်ထားပြီး စပိန်အသင်းက ဆော်ဒီအာရေဗျ၊ ဂျော်ဂျီယာတို့နှင့် ကစားမည့် ပွဲများတွင် ၎င်းကို မထည့်သွင်းရန် တောင်းဆိုထားခြင်းဟု သိရှိရသည်။
မော့ဆက်စ်ကို လက်လွှတ်ရတယ် ဆိုတာကတင် တော်တော်ဆိုးနေပါပြီ။ တခြားကလပ် တစ်ခုက သူ့ကို တကယ့်တန်ကြေးထက် လျှော့ပေါ့ပေးပြီး ခေါ်သွားတယ်ဆိုရင် ပိုပြီးတော့တောင် ဆိုးရွားပါဦးမယ်။ ချယ်လ်ဆီး အနေနဲ့ မော့ဆက်စ်ကို တကယ်လိုချင်တယ်ဆိုရင် ထိုက်တန်တဲ့ ဈေးကိုတော့ ပေးရပါလိမ့်မယ်...
Ref: Daily Mail

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.