|
Written by Admin Team
|
|
Saturday, 18 August 2012 09:54 |
|
မိမိတို့ အနေဖြင့် ရော်ဘင် ဗန်ပါစီအား ဆက်လက် ထိန်းသိမ်း ထားလိုသော်လည်း တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)မျှထိ ပေးချေရန် မတတ်နိုင်ခဲ့ဟု အာစင်ဝင်းဂါးက ဖွင့်ဟခဲ့သည်။
၎င်း၏ အားအထားရဆုံး လက်ရုံးဖြစ်သော အသင်းခေါင်းဆောင်သည် အာဆင်နယ်ကို စွန့်ခွာကာ ခါးသီးလှသည့် ပြိုင်ဘက်ကြီး မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့သွားသည့်နောက် ယင်းကိစ္စနှင့် ပတ်သက်ပြီး လုပ်ခလစာသည် အဓိက ပြဿနာ ဖြစ်ခဲ့ကြောင်း ပြင်သစ်သား မန်နေဂျာကြီးက ဝန်ခံခဲ့သည်။ ဝင်းဂါးသည် အာဆင်နယ် မန်နေဂျာသက် (၁၆)နှစ်အတွင်း ကစားသမားကောင်း များစွာကို ရောင်းထုတ်ခဲ့ရဖူးသော်လည်း ယခုတစ်ကြိမ်သည် အထိအနာဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ကြောင်းလည်း အစောပိုင်းက ဝန်ခံထားသည်။

ဝင်းဂါးက "အာဆင်နယ်ဟာ တခြားအသင်းတွေနဲ့ မတူညီတဲ့ စီးပွားရေးအရ လက်တွေ့ကျကျ ချဉ်းကပ်မှု နယ်ပယ်ထဲကနေ လုပ်ဆောင်နေရတာတွေ ရှိပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေမှာ ကျွန်တော်တို့ လုပ်ဆောင်ဖို့ မတတ်နိုင်တာတွေ ရှိတယ်။ ကိုယ့်ကစားသမားတွေကို ဘယ်လောက် ပေးချင်လဲဆိုတော့ ပေါင်စတာလင် နှစ်သိန်းခွဲလား၊ သုံးသိန်းလား။ ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ လက်တွေ့မကျတဲ့ ကမ္ဘာတစ်ခုမှာ ကျွန်တော်တို့ နေထိုင်နေတာ မဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့ အဲလို လုပ်ခမျိုး ပေးချေဖို့ ခက်ခဲလွန်းပါတယ်"ဟု ရှင်းပြခဲ့သည်။
၎င်းက "ဗန်ပါစီဟာ အသက်(၂၉)နှစ် ရှိပါပြီ။ အာဆင်နယ်အတွက် (၈)နှစ် ကစားပေးခဲ့ပြီး လက်ရှိမှာ စာချုပ်သက်တမ်း (၁)နှစ်ပဲ ကျန်တော့တယ်။ ဒါတွေက လက်တွေ့ကျတဲ့ အချက်တွေပါ။ သူ့ကို ကျွန်တော်တို့ ဆက်ထိန်းထားချင်တာပေါ့။ ဒါပေမဲ့ သူ့စာချုပ်ကို သက်တမ်း မတိုးနိုင်ခဲ့ဘူး။ ဒီတော့ (၁)နှစ်ပဲ အသင်းမှာ စာချုပ်လက်ကျန် ရှိတဲ့ ကစားသမားအတွက် ထိုက်သင့်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ ထပ်ပြောပါမယ်။ သူဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း (၁)နှစ်ပဲ ကျန်တော့တာပါ။ ပြီးတော့ သူကိုယ်တိုင်က အသင်းကနေ ထွက်ချင်နေတယ်လေ" ဟု ပြောကြားသွားသည်။
သူ့ကို ကျွန်တော်တို့ ဆက်ထိန်းထားချင်တာပေါ့။ ဒါပေမဲ့ သူ့စာချုပ်ကို သက်တမ်း မတိုးနိုင်ခဲ့ဘူး။ ဒီတော့ (၁)နှစ်ပဲ အသင်းမှာ စာချုပ်လက်ကျန် ရှိတဲ့ ကစားသမားအတွက် ထိုက်သင့်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်... ၎င်းက မန်ယူထံသို့ ဗန်ပါစီကို ရောင်းချခဲ့သည့် ပြောင်းရွှေ့ကြေးများကို ဈေးကွက်အတွင်း အသုံးပြုသွားဖွယ် မရှိဟုလည်း ဆိုသည်။ "မန်ယူကို ကစားသမား တစ်ယောက် ရောင်းဖို့ဆိုတာ ကျွန်တော်တို့ မလုပ်ချင်ဆုံး ကိစ္စပါ။ ဒါပေမဲ့ ရွေးစရာ မရှိပါဘူး။ အသင်းကို နောက်ထပ် နာမည်ကြီးတွေ ခေါ်မလား ဆိုရင်တော့ အာဆင်နယ်ဟာ လိုအပ်တဲ့ ငွေကြေးမြှုပ်နှံမှုတွေ လုပ်ပြီးသားလို့ ဖြေရပါမယ်။ ဆန်တီကာဇိုလာ၊ လူးကက်စ် ပိုဒေါ့စကီးနဲ့ အိုလီဗီယာ ဂီရော့ဒ်တို့ကို ကျွန်တော်တို့ ခေါ်ထားပြီးသားပါ။ ခုချိန် အသင်းမှာ လိုနေတဲ့ အရာက ရည်မှန်းချက်ပါ။ ကစားသမားတွေ ဝယ်ယူတယ် ဆိုတာက ရည်မှန်းချက်ကို ထောက်ပံ့ပေးဖို့ တစ်ခုတည်းပါပဲ" ဟုလည်း ဝင်းဂါးက မှတ်ချက်ပြုသွားသည်။ Ref: The Sun
|