|
Written by Admin Team
|
|
Saturday, 18 August 2012 08:30 |
|
မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်ရန် မိမိ၏ ကိုယ်စောင့်နတ်က နှိုးဆော် တိုက်တွန်းခဲ့ကြောင်း ရော်ဘင် ဗန်ပါစီက ထုတ်ဖော် ပြောကြားလိုက်သည်။
နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် အာဆင်နယ်မှ မန်ယူသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၅၀၀၀၀)ဖြင့် (၄)နှစ် သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထိုငွေသား ပမာဏသည် မန်ယူတွင် ဝိန်းရွန်နီ လက်ရှိ ခံစားနေရသည့် လုပ်ခနှင့် တူညီသည်။ ပေါင်စတာလင် (၂၄)သန်းဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာပြီးနောက် ကျောနံပါတ် (၂၀)ကို ဝတ်ဆင်မည့် ဗန်ပါစီက မိမိသည် မန်ယူကို ရွေးချယ်ခဲ့ခြင်းမှာ ကိုယ်စောင့်နတ်၏ စေ့ဆော်မှုကြောင့်ဟု ဖွင့်ဟခဲ့သည်။

"ကြုံလာခဲ့သမျှ အခြေအနေ အားလုံးက ကျွန်တော့် ဘဝမှာ အခက်တကာ့ အခက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ဖြစ်လာစေတယ်။ ကျွန်တော် အမြဲတမ်း ကျွန်တော့် ခန္ဓာကိုယ်ထဲက ကိုယ်စောင့်နတ်ရဲ့ အကြံကို နားထောင်ခဲ့ပါတယ်။ သူဘာလိုချင်လဲ။ သူက မန်ချက်စတာ ယူနိုက်တက်လို့ပဲ ဟစ်ကြွေးနေခဲ့ပါတယ်"ဟု ဗန်ပါစီက ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်ဟာ ဘောလုံးကို ချစ်ပါတယ်။ မန်ယူဟာ ဘောလုံးရဲ့ ဝိညာဉ်နဲ့ ရှင်သန်နေတဲ့ အသင်းပါ။ မန်ယူ ကစားသမားတွေ၊ မန်ယူအသင်းရဲ့ကွင်းနဲ့ မန်နေဂျာတို့ကို သေသေချာချာ ထိတွေ့မိတဲ့အခါ ကျွန်တော့် ရွေးချယ်မှုဟာ နောက်ကျနေပြီလို့တောင် တွေးမိခဲ့ပါတယ်" ဟုလည်း ဗန်ပါစီက ဆိုသည်။
ကြုံလာခဲ့သမျှ အခြေအနေ အားလုံးက ကျွန်တော့် ဘဝမှာ အခက်တကာ့ အခက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ဖြစ်လာစေတယ်။ ကျွန်တော် အမြဲတမ်း ကျွန်တော့် ခန္ဓာကိုယ်ထဲက ကိုယ်စောင့်နတ်ရဲ့ အကြံကို နားထောင်ခဲ့ပါတယ်။ သူဘာလိုချင်လဲ။ သူက မန်ချက်စတာ ယူနိုက်တက်လို့ပဲ ဟစ်ကြွေးနေခဲ့ပါတယ်... အသက်(၂၉)နှစ်ရှိ ကစားသမားသည် မန်ယူအသင်းနှင့် စာချုပ်ပြီးသည်နှင့် လေ့ကျင့်ရေးကွင်းတွင် သွားရောက် လေ့ကျင့်ကာ ဝိန်းရွန်နီ အပါအဝင် အသင်းဖော်သစ်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းလည်း သိရှိရသည်။ Ref: Daily Mail
|