|
Written by Admin Team
|
|
Friday, 17 August 2012 15:24 |
|
ဘာစီလိုနာ အသင်းသည် ရီးယဲလ်မက်ဒရစ် အသင်းအား ရာသီသစ်တွင် အကောင်းဆုံး ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေပြီဟု နောက်ခံလူ အက်ဒရီယာနိုက ပြောကြားလိုက်သည်။
ဘာစီလိုနာ၏ ဘယ်တောင်ပံ ခံစစ်သမားသည် စပိန်စူပါဖလား ပြိုင်ပွဲတွင် ရီးယဲလ်နှင့် ရင်ဆိုင်ရမည့်အပေါ် စိတ်ဝင်တစား မျှော်လင့်နေပြီး ရာသီသစ်တွင် စပိန်၏ အစဉ်အလာ အကြီးဆုံးနှစ်သင်း ယမန်နှစ်များအတိုင်း ဘတစ်ပြန် ကျားတစ်ပြန် ပြိုင်ဆိုင်မည့် အနေအထားကို စိတ်ကူးယဉ်နေသည်။ "ရီးယဲလ်နဲ့ ကစားရတိုင်း တကယ့်ကို စိတ်လှုပ်ရှားစရာ ဖြစ်ရပါတယ်။ ခုချိန်မှာ ရာသီသစ် အတွက် ကျွန်တော်တို့ ပြင်ဆင်နေပါပြီ။ စူပါဖလားမှာ နိုင်ပွဲရပြီး ရာသီသစ်ကို ပုံစံကောင်းနဲ့ စတင်ဖို့ မျှော်လင့် ထားပါတယ်"ဟု ဘရာဇီးလ် လက်ရွေးစင်က ဆိုသည်။

အက်ဒရီယာနိုက "ကျွန်တော်တို့ အသင်းဟာ ပွဲကြီးပွဲကောင်းတွေ ကစားဖို့ အသင့်အနေအထား ဖြစ်နေပါပြီ။ တချို့ ကစားသမားတွေက နားချိန် လုံလုံလောက်လောက် မရသေးတာတော့ ရှိပါတယ်။ နောက်ပြီး အသင်းကို နောက်ကျမှ ရောက်လာတဲ့ ကစားသမားတွေရောပေါ့။ ဘာပဲဖြစ်ဖြစ် ဘာစီလိုနာက ပုံစံကောင်း ပြန်ရနေပါပြီ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အသင်းရဲ့ ကစားပုံကို ဆက်ထိန်းထားဖို့နဲ့ ထိပ်ဆုံး အဆင့်မှာ ဆက်ပြီး တည်မြဲဖို့ပါပဲ။ ဘာစီလိုနာဟာ မနှစ်ကထက် ပိုတိုးတက် လာဖို့ မျှော်လင့်ပါတယ်" ဟုလည်း ပြောကြား သွားခဲ့သည်။ ရီးယဲလ်နဲ့ ကစားရတိုင်း တကယ့်ကို စိတ်လှုပ်ရှားစရာ ဖြစ်ရပါတယ်။ ခုချိန်မှာ ရာသီသစ်အတွက် ကျွန်တော်တို့ ပြင်ဆင်နေပါပြီ။ စူပါဖလားမှာ နိုင်ပွဲရပြီး ရာသီသစ်ကို ပုံစံကောင်းနဲ့ စတင်ဖို့ မျှော်လင့်ထားပါတယ်... Ref: Goal
|