|
Written by Admin Team
|
|
Friday, 17 August 2012 15:19 |
|
တော့တင်ဟမ် ဟော့စပါး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က မိမိတို့ အသင်းသည် ယန်းမားဗီးလားကို ခေါ်ယူဖြစ်ဖွယ် မရှိဟု ထုတ်ဖော် ပြောကြားလိုက်သည်။
လူကာမိုဒရစ်ကို ရီးယဲလ်မက်ဒရစ်ထံ လက်လွှဲရောင်းချရရန် အလွန် အလားအလာများနေသည့်နောက် ကွင်းလယ်လူ တစ်ဦးကို ရှာဖွေနေသော စပါးသည် ရိန်းစ်အသင်းမှ ပြင်သစ်လက်ရွေးစင် မားဗီးလားအား ချိတ်ဆက်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ဘိုအာ့စ်က မားဗီးလားသည် ဖန်တီးမှု စွမ်းရည် မြင့်မားသည့် ကစားသမားမျိုး မဟုတ်သဖြင့် စပါးအတွက် အဆင်မပြေနိုင်ဟု ပြောဆိုခဲ့သည်။ ၎င်းက "မားဗီးလားဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ သူက စပါးကို ရောက်မယ် မထင်ဘူး" ဟု ဆိုသည်။
ပေါ်တူဂီသား မန်နေဂျာက "မားဗီးလားရဲ့ ကစားဟန်က ခံစစ်ကို အသားပေးပါတယ်။ သူကိုယ်တိုင်က အဖျက်ကစားဖို့ အားသန်တယ်။ ကျွန်တော်တို့ မားဗီးလားကို အစက စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဖန်တီးနိုင်စွမ်း ပိုမြင့်မားတဲ့ ကစားသမားမျိုးကို ရှာရမှာပါ"ဟု ပြောကြားခဲ့သည်။ ဘိုအာ့စ်က ၎င်းကိုင်တွယ်ဖူးသည့် ပေါ်တိုမှ တပည့်ဟောင်း ဂျိုအိုမော်တင်ဟိုအား စိတ်ဝင်စားကြောင်း ဝန်ခံခဲ့သော်လည်း လက်တွေ့ ဝယ်ယူရန်မူ အခက်အခဲများ ရှိနေကြောင်း ဖွင့်ဟသွားခဲ့သည်။
မားဗီးလားရဲ့ ကစားဟန်က ခံစစ်ကို အသားပေးပါတယ်။ သူကိုယ်တိုင်က အဖျက်ကစားဖို့ အားသန်တယ်။ ကျွန်တော်တို့ မားဗီးလားကို အစက စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဖန်တီးနိုင်စွမ်း ပိုမြင့်မားတဲ့ ကစားသမားမျိုးကို ရှာရမှာပါ... "မော်တင်ဟိုကို ခေါ်ဖို့ ခက်ပါတယ်။ ကျွန်တော် ပေါ်တိုအကြောင်း သေချာသိထားတယ်လေ။ သူတို့ဟာ အကောင်းဆုံး ထုတ်ကုန်တွေကို ရောင်းချပေးနေပေမယ့် ဈေးသိပ်ကြီးပါတယ်။ ဒါကြောင့် မော်တင်ဟို အတွက် သူတို့တောင်းမယ့် ဈေးကို အသင်းနည်းနည်းလောက်ပဲ ပေးနိုင်လိမ့်မယ်။ ကျွန်တော်တို့အတွက်တော့ တကယ့်ကို ခက်မယ့်ကိစ္စပါပဲ"ဟု ဘိုအာ့စ်က ပြောကြား သွားခဲ့သည်။ Ref: Goal
|