Thursday, 20 June 2013
Home World English Premier League နောက်ဆုံးသတင်းများ ကာရိုးလ်၏ ခြေစွမ်းအပေါ် အားရနေသည့် ရော့ဂျာ
ကာရိုးလ်၏ ခြေစွမ်းအပေါ် အားရနေသည့် ရော့ဂျာ PDF Print E-mail
Written by Admin Team   
Tuesday, 14 August 2012 12:58
Share |

အန်ဒီကာရိုးလ်၏ လက်ရှိ ခြေစွမ်းအပေါ် ကျေနပ် အားရမိကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ထုတ်ဖော် ပြောကြားလိုက်သည်။


အစောပိုင်းက ကာရိုးလ်သည် မန်နေဂျာသစ် ရော့ဂျာ၏ နည်းစနစ်တွင် အံဝင်ဖွယ် မရှိကြောင်းနှင့် ယခုနွေရာသီတွင် အန်းဖီးလ်မှ ထွက်ခွာရဖွယ် ရှိနေကြောင်း သတင်းများ အရှိန်ကောင်းကောင်းနှင့် ထွက်ပေါ်နေခဲ့သည်။ သို့သော်လည်း အသက်(၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ဘေယာလေဗာကူဆင်နှင့် ပွဲစဉ်တွင် ခြေစွမ်းပြ ကစားကာ အသင်းအတွက် ဂိုးပါ သွင်းယူပေးခဲ့သည်။ ထိုပွဲသည် (၃-၁)ဖြင့် လီဗာပူးလ် အသင်း အနိုင် ရခဲ့သလို ကာရိုးလ်သည် ပြိုင်ဘက် ဂိုးပေါက်ရှေ့ ကိုက်(၂၀)အတွင်း အန္တရာယ် အပေးနိုင်ဆုံး ကစားသမား တစ်ဦးအဖြစ် မိမိကိုယ်ကိုယ် သက်သေပြနိုင်ခဲ့သည်။


လီဗာပူးလ်၏ နွေရာသီ နောက်ဆုံး ခြေစမ်းပွဲ အပြီးတွင် ရော့ဂျာက ကာရိုးလ်အတွက် ဝမ်းသာ ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။ ကာရိုးလ်သည် ချာလီအဒမ် ဖန်တီးပေးသည့် ဘောလုံးကို သပ်သပ်ရပ်ရပ် အသုံးချကာ ဂိုးသွင်း နိုင်ခဲ့ခြင်း ဖြစ်သည်။ ရော့ဂျာက "ကာရိုးလ် ဂိုးသွင်းတာကို မြင်ရတော့ ဝမ်းသာပါတယ်။ သူသွင်းခဲ့တဲ့ ဂိုးကလည်း သိပ်ကောင်းတယ်လေ။ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ အရ ခုလို ပုံစံမျိုး မကစားနိုင်ဘူးလို့ ထင်ရပေမယ့် သူ့ခြေထောက်နဲ့ ဘောလုံးကို လိုသလို စေခိုင်းသွားတာ သိပ်ကို ကောင်းမွန်ပါတယ်" ဟု ချီးကျူးသွားခဲ့သည်။

ကာရိုးလ် ဂိုးသွင်းတာကို မြင်ရတော့ ဝမ်းသာပါတယ်။ သူသွင်းခဲ့တဲ့ ဂိုးကလည်း သိပ်ကောင်းတယ်လေ။ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ အရ ခုလို ပုံစံမျိုး မကစားနိုင်ဘူးလို့ ထင်ရပေမယ့် သူ့ခြေထောက်နဲ့ ဘောလုံးကို လိုသလို စေခိုင်းသွားတာ သိပ်ကို ကောင်းမွန်ပါတယ်...
ယခုပွဲတွင် လီဗာပူးလ် အတွက် နောက်ထပ် ဂိုးများကို အသက်(၁၇)နှစ်သား ရာဟင်စတာလင်နှင့် ကွင်းလယ်လူ လူးကက်စ် လီဗာတို့က သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရော့ဂျာက "အသင်းက ခုချိန်မှာ အများကြီး ကြိုးစား လုပ်ဆောင်ဆဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ နေ့တိုင်းနေ့တိုင်း ဘောလုံး အတိုလေးတွေ ပေးကစားတဲ့ စနစ်ကို တိုးတက်လာအောင် လေ့ကျင့် ခိုင်းထားတာပါ။ ဒီလို ကစားနိုင်မယ့် အသင်း တစ်သင်းဟာ ဘောလုံး အထိန်းအသိမ်း အပိုင်းမှာ အရမ်း ကျေညက်ဖို့ လိုပါတယ်" ဟုလည်း ပြောဆိုသွားသည်။
Ref: The Sun

 

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.