|
Written by Admin Team
|
|
Monday, 13 August 2012 16:37 |
|
တော့တင်ဟမ် ဟော့စပါး အသင်းသည် ပြင်သစ် ကလပ်များထံသို့ ပစ်မှတ် ချိန်ရွယ်ကာ အသင်းအင်အား ဖြည့်တင်းမှု ပြုလုပ်ရန် ရည်ရွယ် ထားကြောင်း သိရှိရသည်။
စပါးသည် ယခုအခါ ရိန်းစ်အသင်းမှ ကွင်းလယ်လူ ယန်းမားဗီးလားနှင့် ကိန်းတိုက်စစ်မှူး အမ်ဘီယီ နီအန်တို့အား ခေါ်ယူရန် စိတ်ဝင်စားလျှက် ရှိနေသည်။ ထိုကစားသမား နှစ်ဦးလုံးသည် စပါး၏ မြို့ခံပြိုင်ဘက် အာဆင်နယ်က ပစ်မှတ်ထား ခံနေရသူများ ဖြစ်ရာ လန်ဒန်နှစ်သင်း ပြင်သစ်မြေတွင် ကစားသမား လုပွဲ ဆင်နွှဲရဖွယ် ရှိနေသည်။ အသက်(၂၂)နှစ်ရှိ မားဗီးလားသည် ပြင်သစ် လက်ရွေးစင် တစ်ဦးဖြစ်ပြီး ယခုအခါ ဒဏ်ရာမှ သက်သာလာကာ ကြံ့ခိုင်မှု အပြည့်ဖြင့် ကစားနေပြီဖြစ်သည်။
အိုလံပစ် လိုင်ယွန် အသင်းအား ရိန်းစ်က အနိုင် ရခဲ့သည့် ပွဲစဉ် အပြီးတွင် ရိန်းစ်အသင်း ဥက္ကဋ္ဌ ဖရက်ဖရစ် ဒီစိန့်ဆာနီက "မားဗီးလား အတွက် အင်္ဂလန်ကလပ် တစ်ခုက ခိုင်ခိုင်မာမာ ကမ်းလှမ်း ထားပါတယ်" ဟု ပြောကြားသွားသည်။ မားဗီးလားက "ကျွန်တော် ခုချိန်မှာ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ကျွန်တော် အသင်းပြောင်းဖို့ ကဂျီကဂျောင် ကျနေမှာ မဟုတ်သလို ဘောလုံးကို အာရုံစိုက် ကစားနေမှာပါ။ ရိန်းစ်မှာ ကစားနေသ၍ ကျွန်တော်ဟာ မန်နေဂျာ အလိုရှိတိုင်း အဆင်သင့် ဖြစ်နေ စေရပါမယ်" ဟု ပြောဆိုခဲ့သည်။
စပါးသည် ယခုအခါ ရိန်းစ်အသင်းမှ ကွင်းလယ်လူ ယန်းမားဗီးလားနှင့် ကိန်းတိုက်စစ်မှူး အမ်ဘီယီ နီအန်တို့အား ခေါ်ယူရန် စိတ်ဝင်စားလျှက် ရှိနေ... စပါးသည် မားဗီးလား အပြင် အသက်(၁၇)နှစ်ရှိ လူငယ်ခြေတက် နီအန်ကိုလည်း အာဆင်နယ်၊ အေစီမီလန်တို့ထက် လက်ဦးမှု ယူရန် ကြိုးစားလျှက် ရှိနေသည်။ အခြားသော သတင်းများ အရ အာဆင်နယ်သည် တိုက်စစ်မှူး နစ်ကလက်စ် ဘန်တနာအား အေစီမီလန် နောက်ခံလူ ဖိလစ်ပီ မက်ဆက်စ်နှင့် အလဲအထပ် ပြုလုပ်ရန် ဆွေးနွေးနေကြောင်း သိရှိရသည်။ Ref: Daily Mail
|